Connect with us

Hi, what are you looking for?

သတင်း

ချင်းတပ်အချင်းချင်း ပဋိပက္ခဖြစ်ပွားမှု ဘုံရန်သူ ဖြစ်စေချင်သည့်အတိုင်း လုပ်ဆောင်ပေးရာရောက်ဟု CDF ၅ဖွဲ့ သတိပေး

ချင်းလက်နက်ကိုင်အချင်းချင်းအကြားလက်နက်ကိုင်လမ်းစဉ်ဖြင့်အပြန် အလှန် တိုက်ခိုက်ခြင်းသည်ဘုံရန်သူဖြစ်သည့် စစ်ကောင်စီဖြစ်စေချင်သည့်အတိုင်း လုပ်ဆောင်ပေးခြင်း၊ တော်လှန်ရေးကိုနှောင့်နှေးစေခြင်း၊ ပြည်သူများကိုစိတ်ဝမ်းကွဲမှုကိုဖြစ်ပေါ်စေခြင်းစသည်တို့ကို ဦးတည်စေသည့်လုပ်ရပ်ဖြစ်ကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ ၅ဖွဲ့က ဇူလိုင် ၂၀ရက်တွင် ပူးတွဲထုတ်ပြန်သည်။

ဇူလိုင်-၂၁၊ ၂၀၂၅။ ထားမြတ်/People’s Spring

ချင်းလက်နက်ကိုင်အချင်းချင်းအကြားလက်နက်ကိုင်လမ်းစဉ်ဖြင့်အပြန် အလှန် တိုက်ခိုက်ခြင်းသည်ဘုံရန်သူဖြစ်သည့် စစ်ကောင်စီဖြစ်စေချင်သည့်အတိုင်း လုပ်ဆောင်ပေးခြင်း၊ တော်လှန်ရေးကိုနှောင့်နှေးစေခြင်း၊ ပြည်သူများကိုစိတ်ဝမ်းကွဲမှုကိုဖြစ်ပေါ်စေခြင်းစသည်တို့ကို ဦးတည်စေသည့်လုပ်ရပ်ဖြစ်ကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ ၅ဖွဲ့က ဇူလိုင် ၂၀ရက်တွင် ပူးတွဲထုတ်ပြန်သည်။

ZZLMSဟုခေါ်သည့် CDF-Zotung၊CDF-Zophei၊CDF-Lautu၊ CDF-Mara နှင့် Senthang Revolution Forceစသည့် ချင်းဒေသကာကွယ်ရေးတပ်များက လတ်တလော ချင်းပြည်(Chinland) အတွင်းဖြစ်ပွားလျက်ရှိသည့်တချိုသောအမြင်မတူမှု၊ သဘောထား ကွဲလွဲမှု၊ ပဋိပက္ခတို့နှင့်ပတ် သက်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ချင်းတော်လှန်ရေးအင်အားစုများအကြား လက်နက်ကိုင်လမ်းစဉ်ဖြင့် ဖြေရှင်းနေ၍ အဖိုးတန်လှသည့် ချင်းတော်လှန်ရေးရဲဘော်များဆုံးရှုံးမှုရှိသည့်အပြင် စစ်ဘေးဒဏ်ကြောင့် ပြည်သူများသည်လည်း ဘေးလွတ်ရာသိုထွက်ပြေးတိမ်းရှောင်ကြသည်ကို စိတ်မကောင်းစွာတွေ့ရှိရဟု ZZLMSက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

” ကျနော်တို့ ချင်းလက်နက်ကိုင် အချင်းချင်းအကြား စစ်ကြောင်းထိုးပြီးမှ အချင်းချင်းအကြား တိုက်ခိုက်ဖို့ အချိန်မဟုတ်ဘူး။ ဘုံရန်သူသည် စကစ စစ်ကောင်စီပဲ။ကျနော်တို့ အတူတကွ တိုက်ထုတ်ဖို့အချိန်ဖြစ်ပါတယ်” ဟု ချင်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အချင်းချင်းကြားတိုက်ခိုက်မှုကြောင့်ပြည်သူများဒုက္ခရောက်ပြီး စစ်ရှောင်များပိုများလာသည့်အတွက် အချင်းချင်းအကြား တိုက်ခိုက် စစ်ကြောင်း ထိုးခြင်းများ ရပ်တန့်သင့်ဟု ၎င်းကဆိုသည်။

ချင်းပြည်ကောင်စီဖြစ်စေ၊ ချင်းညီနောင်ဖြစ်စေတဖက်နှင့်တဖက်ထိန်း ချုပ်နယ်မြေများနှင့်ပတ်သက်ပြီး အချင်းချင်းကြား လုယူတိုက်ခိုက်ရန် မလိုကြောင်း၊ အချင်းချင်း အသိအမှတ်ပြုပြီး တော်လှန်ရေးကာလ တွင် သိမ်းပိုက်ထိန်းချုပ်နယ်မြေ၌ နေထိုင်ကာ စစ်ကောင်စီ ဘုံရန်သူကို အတူတိုက်ထုတ်ရန်၊ တပြိုင်တည်းတွင် ညှိနှိုင်းဆွေးနွေးရန်လိုအပ်ကြောင်း ချင်းသတင်းရင်းမြစ်က ပြောပြသည်။

လက်နက်ကိုင်ရခြင်း၏ အဓိကရည်ရွယ်ချက်သည်ဘုံရန်သူဖြစ်သည့်စစ်ကောင်စီနှင့်အာဏာရှင် စနစ် အမြစ်ပြတ်ချေမှုန်းရေးတို့ ဖြစ်သည်ဟု ခံယူထားဟု ZZLMSက ဆိုသည်။

ထို့ကြောင့် ချင်းတော်လှန်ရေးအင်အားစုများအကြားဖြစ်ပွားလျက်ရှိသည့်အမြင်မတူမှု၊သဘောထား ကွဲလွဲမှု၊ ပဋိပက္ခတိုနှင့်ပတ်သက်ပြီးအချင်း ချင်းအကြား လက်နက်ကိုင်လမ်းစဉ်ဖြင့် အပြန်အလှန်တိုက်ခိုက်ခြင်းအားဖြင့် မဟုတ်ဘဲချင်းဟူသည့် အမည်နာမအောက်တွင် ညီအစ်ကိုဖြစ်ခြင်းကိုအခြေခံကာ နိုင်ငံရေးနည်းလမ်းဖြင့် စားပွဲပေါ်တွင်အဖြေရှာကြရန်လည်းတိုက်တွန်းထားသည်။

ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းအမျိုးသားတပ်မတော်(CNA)၊ CDF ဟွာလ်ငိုးရမ်းနှင့် ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF)တို့သည်ဇူလိုင်လဆန်းမှစ၍နယ်မြေဆိုင်ရာအငြင်းပွားမှုနှင့်ပတ်သက်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အပေါ် အချင်းချင်း ဆွေးနွေးဖြေရှင်းရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မင်းတပ်မြို့အနီးဝန်းကို ဖျက်အားပြင်းဗုံးတွေအပါအဝင် ဗုံးအလုံးရေ ၁၀၀ ကျော်နဲ့ ထပ်မံတိုက်ခိုက်

ဆောင်းပါး

စစ်အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခတွေနဲ့ အကျပ်အတည်းတွေကြားမှာ မြန်မာနိုင်ငံက ကလေးငယ်တွေဟာ မရေရာမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဘဝကို ဖြတ်သန်းရင်း နေ့စဉ် အသက်အန္တရာယ်တွေနဲ့ နီးကပ်စွာ ရှင်သန်နေကြရပါတယ်။ ဒီလို စိုးရိမ်ဖွယ်အခြေအနေတွေကြားမှာ ရှင်သန်နေကြရတဲ့ ကလေးတွေရဲ့ အသက်ကို ကာကွယ်ပေးဖို့ နိုင်ငံတကာက အကူအညီဆိုတာ တကယ်အားကိုးစရာ မျှော်လင့်ချက်တစ်ခုပါ။

သတင်း

ချင်းပြည်နယ် မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဆက်ရှိနေကြောင်း ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က ပြောပါတယ်။