Connect with us

Hi, what are you looking for?

သတင်း

ဦးဂျင်မီ၊ကိုဖြိုးဇေယျာသော် အပါအဝင်လေးဦး မတရားကွက်မျက်ခံရတာ သုံးနှစ်ပြည့်ပြီ

(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်တို့ အပါအဝင်လေးဦးကို စစ်ကောင်စီက မတရားကြိုးမိန့်ချ ကွက်မျက်ခဲ့သည်မှာ ဇူလိုင် ၂၃ရက်တွင် သုံးနှစ်ပြည့်မြောက်ပြီဖြစ်သည်။

ဦးဂျင်မီနှင့် ကိုဖြိုးဇေယျာသော်အား တွေ့ရစဉ်

ဇူလိုင်-၂၃၊၂၀၂၅။သတိုး/People’s Spring

(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်တို့ အပါအဝင်လေးဦးကို စစ်ကောင်စီက မတရားကြိုးမိန့်ချ ကွက်မျက်ခဲ့သည်မှာ ဇူလိုင် ၂၃ရက်တွင် သုံးနှစ်ပြည့်မြောက်ပြီဖြစ်သည်။

သုံးနှစ်ကြာပြီဖြစ်သော်လည်း ၎င်းတို့၏ မိသားစု ၊ မိတ်ဆွေများနှင့် တော်လှန်ရေးဘက်‌တော်သားများက သတိရနေဆဲဖြစ်ကြောင်း လူမှုကွန်ရက် စာမျက်နှာများ၌ စာများရေးသား ရင်ဖွင့်ထားကြသည်။

ဦးဂျင်မီ၏ ဇနီး မနီလာသိန်းက “ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ကိုအောင်သူရဇော်အားလုံးအတွက်သွေးကြွေးမှာဆွေးနွေးစရာမရှိ၊မဆုံးသေးတဲ့ခရီးလျှောက်လှမ်းလျက်ပါ”ဟု ရေးသားထားသည်။

Public Service Announcement

Public Service Announcement

မတရားကြိုးပေးကွပ်မျက်ခံရသူ လေးဦးအား သရုပ်ဖော်ထားစဉ်

ထို့အပြင် ကွက်မျက်ခံရသူလေးဦး၏ သုံးနှစ်ပြည့်သွေးကြွေးအတွက် ရည်ရွယ်ကာ တော်လှန်ရေးအင်အားစုများထံ တော်လှန်ပြည်သူများက ထောက်ပို့ပေးထားသည့် မှတ်တမ်းများကိုလည်း ဖော်ပြထားသည်။

ထို့အတူ ကိုဖြိုးဇေယျာသော်၏ ဇနီး မသဇင်ညွှန့်အောင်ကလည်း “မတရားဖမ်းဆီး ဖျောက်ဖျက်ခံရခြင်း(၃)နှစ် သွေးကြွေးမှာ ဆွေးနွေးစရာမရှိပြစ်မှုကျူးလွန်သူ စစ်ကောင်စီစစ်ခွေးများ ပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိ ၊တရားတဲ့သူသာနိုင်ကြေးဟေ့ …” ဟု ၎င်း၏ဖေ့စ်ဘွတ်ခ်၌ရေးသားထားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသား များကွန်ရက် (PPNM)အဖွဲ့ဝင်များက “ငါတို့အားလုံး ကိုဂျင်မီ၊ငါတို့အားလုံး ကိုဖြိုးဇေယျာသော်၊ ငါတို့အားလုံး ကိုလှမျိုးအောင်၊ငါတို့အားလုံး ကိုအောင်သူရဇော်၊တရားတဲ့သူသာ နိုင်ကြေးဟေ့ ” စသည့်စာတန်းများကို ကိုင်ဆောင်သည့် ပုံများတင်၍ သုံးနှစ်ပြည့် အမှတ်တရ လှုပ်ရှားမှုပြုလုပ်ခဲ့သည်။

(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုမြအေးကလည်း ဦးဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ နှစ်ဦး၏ ဓာတ်ပုံကိုတင်၍ “အော်…သုံးနှစ်ပြည့်ခဲ့ပြန်ပြီပေါ့။ကောင်းရာဘုံဘဝမှာအေးအေးချမ်းချမ်းနားခိုပါတော့သူငယ်ချင်းတို့ရေ။”ဟုရေးသားထားသည်။

ကိုဖြိုးဇေယျာသော်၏ အရင်းနှီးဆုံးသူငယ်ချင်းများဖြစ်သည့် ရန်ရန်ချန်း၊ Rဇာနည်တို့ကလည်း ‌၎င်းတို့သူငယ်ချင်း၏ အမှတ်တရ ဓာတ်ပုံများနှင့်အတူ သုံးနှစ်ပြည့်ကို သတိတရရှိကြောင်း ရေးသားထားကြသည်။

မြန်မာနိုင်ငံတွင် သေဒဏ်ကျခံရသူများအား ကြိုးပေးသတ်ဖြတ်ခြင်းကို မပြုလုပ်သည်မှာ ဆယ်စုနှစ် အနည်းငယ်ကြာပြီဖြစ်သော်လည်း နွေဦးတော်လှန်ရေးကာလ၌ မတရားပြစ်ဒဏ်အဖြစ်အထက်ပါလေးဦးကို ပထမဆုံးအကြိမ် ပြန်လည်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်တို့အပါအဝင် ဒီမိုကရေစီအရေးလှုပ်ရှားသူလေးဦးကို မြန်မာစစ်ကောင်စီက မတရားကွပ်မျက်မှုအပေါ် အောက်မေ့သတိရကြောင်း ရန်ကုန်မြို့ ဗြိတိန်သံရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၂၂)မှာ ဦးဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် လေးဦး မတရားကြိုးပေးခံရမှု (၃)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင် တို့လေးဦးကို စစ်ကောင်စီက မတရားကြိုးပေးသတ်ဖြတ်ခြင်းခံရခြင်း (၃) နှစ်ပြည့်နှင့် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဗဟိုအလုပ်အမှုဆောင် မဝတ်ရည်အောင်အား ထောင်တွင်းအကြမ်းဖက်နှိပ်ဆက်ခံရ၍ ကျဆုံးခြင်းတို့အတွက် ရွှေဘိုမြို့နယ် လမ်းမထက်တစ်နေရာတွင် ယနေ့ (ဇူလိုင် ၂၃) ဆန္ဒပြခဲ့ကြသည်။

သတင်း

အာဏာသိမ်းစစ်အုပ်စုက မတရားဖမ်းဆီး၊ အဆုံးစီရင်ခံရသည့် ဦးဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ လေးဦး၏ အောက်မေ့ဖွယ်နှစ်ပတ်လည်အခမ်းအနားတွင် NUG ယာယီသမ္မတက နွေဦးအာဇာနည်ရဲဘော်များ၏ ကျန်ရစ်ခဲ့သူ ဇနီး၊ သား၊ သမီးများ မိသားစုဝင်များကို အလေးအနက် ယနေ့ ကတိပြုလိုက်ခြင်းဖြစ်သည်။