Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံအင်းအရှေ့ခြမ်း ကျေးရွာများကို စစ်ကောင်စီပူးပေါင်းတပ် မီးရှို့နေ

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် ဖယ်ခုံအင်းအရှေ့ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့က မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံနှင့် ကာကွယ်ရေးရဲဘော်အချို့က ပြော သည်။

စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့ မီးရှို့ဖျက်ဆီးနေသည့် ကာလရွာကို အဝေးကမြင်တွေ့ရစဥ်။ဓာတ်ပုံ - Ki Ki

ဇူလိုင်-၂၇၊၂၀၂၅။ရဲခေါင်/People’s Spring

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် ဖယ်ခုံအင်းအရှေ့ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့က မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံနှင့် ကာကွယ်ရေးရဲဘော်အချို့က ပြော သည်။

နေအိမ်၁၀၀ခန့်ရှိသည့်ကာလရွာနှင့်နားကုန်းကျေးရွာတို့ကိုယနေ့(ဇူလိုင် ၂၇ ရက်) နံနက်ပိုင်း ကတည်းက မီးတင်ရှို့ခံနေရခြင်းဖြစ်ပြီး ဒေသခံများမှာ ယခင်လကတည်းက စစ်ရှောင်နေရသည်ဟု ၎င်းတို့က ဆိုသည်။

“ဖယ်ခုံအင်း အရှေ့ဖက်ကမ်းဘက်ခြမ်း ညောင်ရွှေနဲ့ ဖယ်ခုံမြို့နယ်အစပ်က ရွာတွေပါ။ရှို့တာ စကစ ၊ရော PNOရော ပါတယ်”ဟု ဖယ်ခုံမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့ မီးရှို့ဖျက်ဆီးနေသည့် ကာလရွာကို အဝေးကမြင်တွေ့ရစဥ်။ဓာတ်ပုံ – Ki Ki

တော်လှန်ရေးအင်အားစုများနှင့် ဆက်စပ်သူများနှင့် အားပေးခဲ့သူများဟုဆိုကာ အရပ်သားနေအိမ်များကို စစ်ကောင်စီနှင့် PNOတို့က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းဟု ၎င်းက ပြောသည်။

“လက်နက်ကိုင်ပြီး ကျွန်တော်တို့ပြည်သူတွေကိုမကာ ကွယ်ပေးနိုင်ခဲ့တာ များစွာစိတ်မကောင်းဝမ်းနည်းရပါတယ်”ဟုရှမ်းပြည်တောင်ပိုင်းအခြေ စိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အင်အား ၁,၀၀၀ခန့်ပါသောစစ်ကောင်စီတပ်နှင့် PNOပူးပေါင်းစစ်ကြောင်းသည် ဇွန်လနောက်ဆုံးပတ်က ဖယ်ခုံအင်းအရှေ့ဘက်ခြမ်းရှိ ဆောင်နန်းခဲရွာကို ဝင်ရောက်ပြီး ရွာလုံးကျွတ် နီးပါးမီးရှိုခဲ့ကြောင်း ဒေသတွင်းလူမှုအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် (KCSN)၏ ဇူလိုင်ပထမပတ်က အစီရင်ခံစာတွင် ဇွန်လတစ်လအတွင်းး ဖယ်ခုံမြို့နယ်၌ စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု ခြောက်ကြိမ်ရှိခဲ့ပြီး ကလေးငယ်များအပါအဝင် ပြည်သူခုနစ်ဦး သေဆုံးခဲ့သည်။

ထို့အပြင်ယခုဇူလိုင်၁၈ရက်က ဖယ်ခုံမြို့ အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူငါးဦး သေဆုံးခဲ့ရသည်။

အာဏာမသိမ်းမီကလူဦးရေတစ်သိန်းကျော်ရှိခဲ့သောဖယ်ခုံမြို့နယ်၌ ပြည်သူခြောက်သောင်းဝန်းကျင်မှာ ကာလရှည်ကြာစွာ စစ်ရှောင်နေရကြောင်း KCSN၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။