Connect with us

Hi, what are you looking for?

သတင်း

နွေဦးတော်လှန်ရေး အမြန်အောင်မြင်ရေး အတူ ပူးပေါင်းလုပ်ကြစို့ဟု TNLA ခေါင်းဆောင်ပြော

အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကတိုင်းပြည်အနာဂတ်သည်တအာင်းတပ်မတော်(TNLA) အထွေထွေ အတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်အပါအဝင် ခေါင်းဆောင်များ၏ ပုခုံးပေါ်ရောက်ရှိနေကြောင်း ပြောကြားခဲ့ရာ ဗိုလ်ချုပ်တားဘုန်းကျော်ကလည်း အတူတူ ပူးပေါင်းလုပ်ဆောင်ကြစို့ဟု တုန့်ပြန်ပြောကြားခဲ့သည်။

ဒေါက်တာ​ဇော်​ဝေစိုး နှင့် ဗိုလ်ချုပ်တားဘုန်းကျော်တို့အတူ​တွေ့ရစဥ်။ ဓါတ်ပုံ-​ဒေါက်တာ​ဇော်​ဝေစိုး​ဖေစ်ဘွခ်

ဇူလိုင်-၂၉၊၂၀၂၅။ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကတိုင်းပြည်အနာဂတ်သည်တအာင်းတပ်မတော်(TNLA) အထွေထွေ အတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်အပါအဝင် ခေါင်းဆောင်များ၏ ပုခုံးပေါ်ရောက်ရှိနေကြောင်း ပြောကြားခဲ့ရာ ဗိုလ်ချုပ်တားဘုန်းကျော်ကလည်း အတူတူ ပူးပေါင်းလုပ်ဆောင်ကြစို့ဟု တုန့်ပြန်ပြောကြားခဲ့သည်။

ကျန်းမာရေးနှင့် ပညာရေး ဝန်ကြီးဒေါက်တာဇော်ဝေစိုးကဇူလိုင် ၂၈ရက်ညပိုင်းတွင် ဗိုလ်ချုပ်တားဘုန်းကျော်နှင့်အတူ တွဲရိုက်ကူးထားသည့် ဓာတ်ပုံကို လူမှုကွန်ရက်၌ဖော်ပြကာတော်လှန်ရေးအင်အားစုများအားလုံး ချစ်ခင်၊လေးစား အားကိုးရသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်၏ ခေါင်းဆောင် ဖြစ်ကြောင်း ရေးသားခဲ့သည့်အပေါ် ဗိုလ်ချုပ်တားဘုန်းကျော်က ယနေ့(ဇူလိုင် ၂၉ရက်)မနက်တွင် ပြန်လည်မျှဝေကာ ယခုကဲ့သို့ တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။

လူမှုကွန်ယက်တွင်၎င်းတို့ နှစ်ဦး​ရေးသားထား​မှု

“လေးစားဂုဏ်ယူလျက်ပါ…နွေဦးတော်လှန်ရေး အမြန်အောင်မြင်ဖို ဗျူဟာမြောက်အလုပ်တွေ အတူပူးပေါင်းလုပ်ကြရအောင်ပါ ခင်ဗျာ” ဟု ဗိုလ်ချုပ်တားဘုန်းကျော်က ဝန်ကြီးဒေါက်တာဇော်ဝေစိုး၏ ရေးသားချက်အပေါ် ပြန်လည်မှတ်ချက်ပြုသည်။

Public Service Announcement

Public Service Announcement

ဒေါက်တာဇော်ဝေစိုးသည် ဇူလိုင် ၂၈ ရက်​​နေ့ကပင် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်တဦးဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွန်မော်နှင့်အတူ တွဲရိုက်ကူးထားသည့် ဓာတ်ပုံကိုဖော်ပြကာ တော်လှန်ရေး အင်အားစုအားလုံး အားကိုးရသည့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်၏ခေါင်းဆောင်ဟု ရေးသားခဲ့သည်။

တရုတ်အစိုးရက ​TNLA၊ AA ၊MNDAA တို့၏မြောက်ပိုင်းမဟာမိတ်ညီ​နောင်သုံးဖွဲ့ကို NUG၊PDF များနှင့် ပူး​ပေါင်းကူညီလုပ်ကိုင်မှုမပြုရန် မကြာခဏဖိအား​ပေး​လေ့ရှိရာ TNLA ​ခေါင်း​ဆောင်က NUG ဝန်ကြီးနှင့်ယခုကဲ့သို့​ပြောကြားမှုမှာ​နွေဦး​တော်လှန်​ရေးကာလတွင် ရှားပါး​သောဖြစ်ရပ်တစ်ခုဖြစ်သည်။

ဒေါက်တာဇော်ဝေစိုးသည် ပြည်ပမှ ပြည်တွင်းသို့ ပြန်လည်ရောက်ရှိပြီးနောက်တအာင်၊ကချင် တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်များအပါအဝင် တော်လှန်ရေးအင်အားစုများနှင့်တွေ့ဆုံပြီးစစ်ရေး၊ နိုင်ငံရေး တဆင့်တက်နိုင်ရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း အသိပေးထားသည်။

လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့် အစိုးရ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရန် သုံးသပ်၊ ပြင်ဆင်နေပြီး တိုင်းရင်းသားတပ်ဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေးလည်း ဖိတ်ခေါ်ထားသည်။

“တိုင်းရင်းသားမဟာမိတ် အဖွဲ့တွေနဲ့မဟာမိတ် ဆက်ဆံရေးကိုခိုင်မာအောင် တည်ဆောက်တဲ့နေရာမှာ လက်တွေ့ကြတဲ့ တပ်ပေါင်းစုဖြစ်ဖို့ လိုတယ်လို့ ထင်ပါတယ်။ မဟာမိတ် အင်အားစုတွေထဲက ဦးဆောင်နိုင်မှု ထက်မြတ်တဲ့ လူပုဂ္ဂိုလ် တွေကို ကျနော်တို့ အစိုးရအဖွဲ့တွင်းမှာ အားသစ်လောင်းဖြည့်ဆည်းခြင်းအားဖြင့် တည်ဆဲ အခြေအနေထက် ပိုမိုကျယ်ပြန့်တဲ့ တော်လှန်ရေးလုပ်ငန်းစဉ်တွေကို ဆက်လက် အကောင်အထည်ဖော် နိုင်လိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်” ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ၂၀၂၅ခုနှစ် ဇန်နဝါရီလလယ်က ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားကာ တိုင်းရင်းသား တပ်ဖွဲ့ များအားဖိတ်ခေါ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။