Connect with us

Hi, what are you looking for?

သတင်း

Sky Villa ကွန်ဒိုကနေတစ်လအတွင်း ရုပ်အလောင်း ၁၅ လောင်းထပ်တွေ့

စစ်ကိုင်းငလျင်ကြီးဒဏ်ကြောင့် သေဆုံးသူ ရာ ဂဏန်းရှိခဲ့တဲ့ မန္တလေးမြို့ Sky Villaကွန်ဒိုပြိုကျမှုမှာငလျင်အပြီးငါးလပြည့်ခါနီးအထိရုပ်အလောင်းတွေတွေ့နေရဆဲဖြစ်ပြီး သြဂုတ်လအတွင်းမှာတင် ၁၅ လောင်းထပ်မံ ရှာတွေ့ခဲ့တယ်လို့ မီးသတ်ထံကသိရပါတယ်။

ဓာတ်ပုံ - မီးသတ်

သြဂုတ် – ၂၅ ၊၂၀၂၄ ၊ ဆိုင်းမင်း/People’s Spring

စစ်ကိုင်းငလျင်ကြီးဒဏ်ကြောင့် သေဆုံးသူ ရာ ဂဏန်းရှိခဲ့တဲ့ မန္တလေးမြို့ Sky Villaကွန်ဒိုပြိုကျမှုမှာငလျင်အပြီးငါးလပြည့်ခါနီးအထိရုပ်အလောင်းတွေတွေ့နေရဆဲဖြစ်ပြီး သြဂုတ်လအတွင်းမှာတင် ၁၅ လောင်းထပ်မံ ရှာတွေ့ခဲ့တယ်လို့ မီးသတ်ထံကသိရပါတယ်။

သြဂုတ်လ ၁၂ ရက်ကနေ ဒီနေ့ သြဂုတ်လ ၂၅ ရက်အထိ ရုပ်အလောင်း ၁၅ လောင်းရှာတွေ့ခဲ့တာပါ။

အဲဒီရုပ်အလောင်းတွေထဲမှာ ကလေး တစ်ဦး အပါအဝင် အမျိုးသား ငါး လောင်း ၊ အမျိုးသမီး ကိုး လောင်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပြိုကျသွားတဲ့ အပျက်အစီးတွေကြားမှာ ရုပ်အလောင်းတွေကို ဆက်လက်ရှာဖွေဆဲလို့သိရပါတယ်။

“ရှင်းလင်းရေးကတော့ မီးသတ်နဲ့ ကွန်ဒိုကအဖွဲ့တွေပဲ ဆက်လုပ်နေတာ ၊ ထပ်ပြီးလည်းတွေ့နိုင်သေးတယ် “လို့ မန္တလေးဒေသခံ ကူညီကယ်ဆယ်အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီး ကြောင့် Sky Villa ကွန်ဒို ပြိုကျမှုမှာ မှတ်တမ်းတွေအရ ဒီနေ့သြဂုတ်လ ၂၅ ရက်အထိ ရုပ် အလောင်း ၂၁၀ လောင်းထိ တွေ့ရှိထားပြီး ဖြစ်တယ်လို့သိရပါတယ်။

အဲဒီရုပ်အလောင်းတွေမှာ အမျိုးသား ၇၂လောင်း ၊ အမျိုးသမီးရုပ်အလောင်း ၁၁၅လောင်း ၊ ကလေး ၁၄ လောင်း နဲ့ ကျား၊ မ မခွဲခြားနိုင်တော့တဲ့ ရုပ်အလောင်း ကိုးလောင်းတို့ ဖြစ်ပါတယ်။

ငလျင်မလှုပ်ခတ်ခင် မတ်လ ၂၇ ရက်အထိ Sky Villa ကွန်ဒိုမှာနေထိုင်သူဦးရေ ၃၄၈ ဦးရှိတယ်ဆိုတာကို မန္တလေးတိုင်းထွေအုပ်ရဲ့ စာရင်းတွေအရ သိရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်အချို့ ထံက တဆင့် သိရပါတယ်။

ငလျင်အပြီး ပြိုကျသွားတဲ့ကွန်ဒိုအပျက်အစီးတွေထဲမှာပိတ်မိနေသူတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်ခဲ့ရာမှာတော့ အသက်ရှင်လျက် ၅၂ ဦးကယ်ဆယ်နိုင်ခဲ့တယ်လို့ မီးသတ်က ဆိုထားပါတယ်။

မန္တလေးမြို့ လမ်း ၆၀ ၊၂၃ လမ်း နဲ့ ၂၄ လမ်းကြားမှာရှိတဲ့ Sky Villa ကွန်ဒိုကို ၁၁ ထပ်စီ ရှိတဲ့ အဆောက်အဦး လေးလုံး နဲ့ဖွဲ့စည်းထားပြီး ငလျင်လှုပ်ခတ်ချိန် အဆောက်အဦး သုံးလုံးပြိုကျ သွားခဲ့တာပါ။

ဆက်စပ်သတင်းများ

ဆောင်းပါး

၂၀၂၅ မတ် ၂၈ စစ်ကိုင်းငလျင်ကြီးက​ပေးတဲ့ ငလျင်သင်ခန်းစာသစ်

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့ ည ၁၁နာရီကျော်မှာငလျင်လှုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးမြို့အနီးမှာ ဒီနေ့ နေ့မနက်ပိုင်း လှုပ်ရှားသခဲ့တဲ့ရစ်ခ်တာစကေး ၄.၆ အဆင့်ငလျင်ကို ရန်ကုန်မြို့မှာလည်း သိရှိခံစားခဲ့ပါတယ်။