Connect with us

Hi, what are you looking for?

သတင်း

ချောက်မြို့နယ်မှာ ပျူစောထီးတဦး လက်နက်နဲ့ အလင်းဝင်လာ

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတဦး လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူ့ဘက်ပူးပေါင်းပြီး အလင်းဝင်လာတယ်လို့ Chauk Revolution Army-CRA မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အလင်ဝင်လာတဲ့ ပျူစောထီးကို CRA တာဝန်ရှိသူက ဆုကြေးငွေပေး အပ်စဥ်။ဓာတ်ပုံ - CRA

သြဂုတ် -၃၀၊ ၂၀၂၅/People’s Spring

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတဦး လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူ့ဘက်ပူးပေါင်းပြီး အလင်းဝင်လာတယ်လို့ Chauk Revolution Army-CRA မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ချောက်မြို့နယ်၊ ကုန်းကြီးပျူရွာမှ ပျူစောထီး​အောင်ကျော်စန်းဆိုသူဟာ သြဂုတ် ၁၀ရက်နေ့မှာ Chauk Revolution Army-CRA ထံ ဆက်သွယ်အလင်းဝင်လာတာဖြစ်ပြီး ၎င်းနဲ့အတူ MA2(စက်ကလေး) ၁ လက်၊ ကျည်ဘောက် ၃ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည် ၁၄၅‌ တောင့် ယူဆောင်လာတယ်လို့ သိရပါတယ်။

ဒါကြောင့် လက်နက်ခဲယမ်းတွေယူပြီး ပြည်သူဘက်ပူးပေါင်းလာတဲ့ ပျူစောထီး အောင်ကျော်စန်းကို CRA က ဆုကြေးငွေအဖြစ် ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့တယ်လို့ CRA က အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“သူ့ညီအရင်းက စစ်ကိုင်းဘက်က PDF အဖွဲ့တစ်ခုထဲမှာပါဗျ။ သူညီနဲ့အတူ ဆက်လက်တိုက်ပွဲဝင်မယ်လို့ ပြောသွားပါတယ်။ အဲဒီဘက်ကို ပို့လိုက်ပါပြီ”လို့ Chauk Revolution Army-CRA မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲနဲ့ ပျူစောထီးတွေထဲ Chauk Revolution Army-CRA ထံ ဆက်သွယ်ပြီးအလင်းဝင်လာသူ ၃ ဦးရှိပြီဖြစ်ပြီး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်ဝင်လာသူကတော့ ပျူစောထီးအောင်ကျော်စန်းဟာ ပထမဆုံးဖြစ်တယ်လို့ CRA ထံက သိရပါတယ်။

ကိုအောင်ကျော်စန်း လက်နက်နဲ့အတူ ထွက်ပြေးလာတဲ့ ကုန်းကြီးကျေးရွာဟာ ပျူစောထီးအင်အားကောင်းပြီး အင်အား ၇၀ ခန့်ရှိတယ်လို့သိရပြီး အဲဒီရွာဟာ ချောက်မြို့နဲ့ ၁၂ မိုင်ဝန်းကျင်အကွာမှာ တည်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။