ဖေဖော်ဝါရီ-၁၆၊၂၀၂၆။သတိုး/People’s Spring
ရန်ကုန်မြို့၊မင်္ဂလာဒုံမြို့မရဲစခန်းက ဂိတ်ကင်းမှာ အရက်မူးနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြင်းအားမြင့်မိုင်းနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
” ရဲစခန်းက ဂိတ်ကင်းစခန်းကိုတိုက်ခိုက်ခဲ့တာပါ။မူးနေကြတယ်။ လေးကောင်”လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၁၅ရက် ည ၆နာရီ ၄၅မိနစ်မှာ Yangon Army နဲ့ ရန်ကုန်တိုင်း(ပကဖ) အထူးတိုက်ခိုက်ရေးအဖွဲ့ ၇တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement
အဲဒီအဖွဲ့နှစ်ဖွဲ့ဟာ ဖေဖော်ဝါရီ ၁၁ရက်ကလည်း မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံနယ်မြေရဲစခန်းကနေကင်းပတ်ဖို့ ထွက်လာတဲ့ ရဲနဲ့ပျူစောထီးတွေကို ရဲစခန်းရှေ့မှာပဲ ရှေ့ထွက်မိုင်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
“အုပ်ကြီးတွေက သူတို့အုပ်ချုပ်ရတဲ့ရပ်ကွက်နေပြည်သူကိုဘယ်လိုဖိနှိပ်ရမလဲဘဲတွေးနေတာလုပ်နေတာ၊ကျနော်တို့ဆီအုပ်ကြီးတွေပုံနဲ့တကွသူတို့ပြည်သူအပေါ်ဘယ်လိုစောက်ကျင့်ယုတ်လဲဆိုတဲ့အကြောင်းတွေတနေ့တနေ့ပြည်သူတွေလာတိုင်ကြတာအများကြီးဘဲ။” လို့ Yangon Army တာဝန်ရှိသူက ပြည်သူတွေရဲ့ တိုင်ကြားမှုကို ပြောပါတယ်။
ပြည်သူတွေက အုပ်ချုပ်ရေးမှူးတွေရဲ့ ဓာတ်ပုံတွေအပါအဝင် အချက်အလက်အပြည့်အစုံနဲ့ ပေးပို့တိုင်တန်းတာလို့ ဆိုပါတယ်။
ဒါကြောင့် အုပ်ချုပ်ရေးမှူးတွေရဲ့အလှည့် မကြာခင်လာမယ်လို့ Yangon Army ရဲ့ တာဝန်ရှိသူက သတိပေးလိုက်ပါတယ်။


















































