Connect with us

Hi, what are you looking for?

သတင်း

လှည်းကူးခရိုင်ထွေအုပ်ရုံးကို မြို့ပြအဖွဲ့ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ လှည်းကူးမြို့က စစ်ကောင်စီရဲ့ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့်မိုင်း နှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဇန်နဝါရီ-၂၊၂၀၂၅။သတိုး/People’s Spring

ရန်ကုန်တိုင်း၊ လှည်းကူးမြို့က စစ်ကောင်စီရဲ့ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့်မိုင်း နှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

“ထွေအုပ်ရုံးမှာ စခမရှိဘူး။ ပျူတွေဘဲစောင့်ကြတာထိကုန်ကြဖို့များတယ်။မိုင်းကွဲအားပြင်းတယ်။” လို့ စစ်ဆင်ရေးအကြောင်းကိုပြောပါတယ်။

အဲဒီထွေအုပ်ရုံးက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အတွက် အဓိကလုပ်ဆောင်ပေးနေတာကြောင့် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီကနေ့ (ဇန်နဝါရီ ၂) ည ၆နာရီခွဲကျော်မှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပါဝင်လုပ်ဆောင်နေသူတွေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်နေသူတွေကို ဆက်လက်ပြီး အပြင်းအထန်တိုက်ခိုက်သွားမယ်လို့ Yangon Army က သတိပေးထားပါတယ်။

Yangon Army က အနောက်ပိုင်းခရိုင် ပကဖနဲ့ပူးပေါင်းပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ပထမပိုင်းစတင်တဲ့ ဒီဇင်ဘာ ၂၈ ရက်မှာ ကမာရွတ်မြို့နယ် ‌ရွေးကောက်ပွဲ ကော်မရှင်ရုံးကို တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် ဒီဇင်ဘာအတွင်းမှာ လှည်းကူးမြို့နယ်က ကြံ့ဖွံ့ပါတီရုံးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ၊ မှော်ဘီမြို့နယ်က ပြည်သူရှေ့ဆောင်ပါတီရုံးတွေကို တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊မင်္ဂလာဒုံမြို့မရဲစခန်းက ဂိတ်ကင်းမှာ အရက်မူးနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြင်းအားမြင့်မိုင်းနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ လှည်းကူးမြို့နယ်က ဒရယ်ဘိုကျေးရွာ အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်မှုမှာ အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးနဲ့ ပျူစောထီးတစ်ဦး သေဆုံးတယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက်လုပ်ဆောင်နေသလို စစ်မှုထမ်းအတွက်လူငယ်များ ပေါ်တာဆွဲရောင်းစားနေသည့် ရန်ကုန်မြို့ လှည်းကူးမြို့နယ် အောင်မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့် မိုင်း နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Yangon Army အဖွဲ့တာဝန်ရှိသူက ပြောသည်။

သတင်း

အဆိုပါစစ်ဆင်ရေးကို နိုဝင်ဘာ ၂၁ ရက် ညနေ ၅ နာရီ အချိန်ခန့်တွင် M79 လက်နက်ကြီးဖြင့်၄၀မမ (၃)လုံး ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။