Connect with us

Hi, what are you looking for?

သတင်း

ဩစတြေးလျမှာမြန်မာအမျိုးသမီးတစ်ဦး ရိုးရာဝတ်စုံနဲ့ တာ​ဝေးမာရသွန်ဝင်ပြိုင်ပြီး ဂင်းနစ်စံချိန်တင်

ဩစတြေးလျနိုင်ငံမှာပြုလုပ်ခဲ့တဲ့ဆစ်ဒနီမာရသွန် ပြိုင်ပွဲမှာ မြန်မာအမျိုးသမီးတစ်ဦးဟာရိုးရာဝတ်စုံကို ဆင်မြန်းပြီး ပန်းဝင်တဲ့ထိ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့နောက် ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်းသစ်ကိုပါ ရေးထိုးနိုင်ခဲ့ပါတယ်။

ကိုးကား/ဓါတ်ပုံ- Heart Beams Rising

■မြန်မာ့အ​ရေးကို ကမ္ဘာကပိုအာရုံစိုက်​ပေးရန်ရည်ရွယ်

စက်တင်ဘာ-၁၊၂၀၂၅။People’s Spring

ဩစတြေးလျနိုင်ငံမှာပြုလုပ်ခဲ့တဲ့ဆစ်ဒနီမာရသွန် ပြိုင်ပွဲမှာ မြန်မာအမျိုးသမီးတစ်ဦးဟာရိုးရာဝတ်စုံကို ဆင်မြန်းပြီး ပန်းဝင်တဲ့ထိ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့နောက် ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်းသစ်ကိုပါ ရေးထိုးနိုင်ခဲ့ပါတယ်။

ဒေါက်တာ မြင့်မိုရ်ဦးဟာ ဩဂုတ် ၃၁ ရက်နေ့က ကျင်းပခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဆစ်ဒနီ မာရသွန်မှာ ၄၂.၂ ကီလိုမီတာ( ၂၆ မိုင်​ကျော်)အထိ အကွာအဝေးကို မြန်မာ့ရိုးရာ ဝတ်စုံ ဝတ်ဆင်ပြီး ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။ အဲဒီနောက် ၄ နာရီ၊ ၁၂ မိနစ်နဲ့ ၁၉ စက္ကန့် အကြာမှာတော့ အောင်အောင်မြင်မြင် ပန်းဝင်နိုင်ခဲ့ပါတယ်။သူမဟာ နမည်ကြီးမင်းသား ဦး​ကျော်သူရဲ့ သမီးလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

သူမဟာ ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်းအဖွဲ့က ပေးအပ်တဲ့ ရိုးရာဝတ်စုံနဲ့ မာရသွန်ပြိုင်ပွဲမှာ ခရီးအရှည်ဆုံး ဝင်ပြေးခဲ့တဲ့၊ အမြန်ဆုံးပန်းဝင်တဲ့ စံချိန်တွေကိုလည်း ရရှိခဲ့ပါတယ်။

သူမရဲ့အဓိကရည်မှန်းချက်ကမြန်မာ့နိုင်ငံအ​ကြောင်းကို နိုင်ငံတကာက ပိုပြီး အာရုံစိုက်လာစေဖို့ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒေါက်တာမြင့်မိုရ်ဦးက အာဏာသိမ်းစစ်ကောင်စီဟာ အတုအယောင် ရွေးကောက်ပွဲ ကျင်းပပြီး တရားဝင်မှု ရယူဖို့ ကြိုးစားနေတာ၊ အပြစ်မဲ့ ပြည်သူတွေကို ဗုံးကြဲတာ၊ သတ်ဖြတ်တာမျိုး ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေ ကျူးလွန်နေတာကို ဆန့်ကျင်ရပ်တည်ကြောင်း ပြသဖို့ အခုလို ထူးထူးခြားခြား စိတ်ကူးမျိုးနဲ့ ပြိုင်ပွဲဝင်ခဲ့တာလို့Heart Beams Rising က​ဖော်ပြထားပါတယ်။

ဒေါက်တာ မြင့်မိုရ်ဦးဟာအနက်ရောင်မှာ ရွှေရောင်ကွပ်ထားတဲ့ မြန်မာဝတ်စုံ၊ ရွှေရောင် ချည်ပဝါတွေကို ဝတ်ဆင်၊ ဦးခေါင်းမှာ ပန်းပန်ထားပြီး ပြိုင်ပွဲဝင်ခဲ့တာပါ။

သြဂုတ် ၃၁ ရက်ကပြုလုပ်ခဲ့တဲ့ဆစ်ဒနီမာရသွန်ပြိုင်ပွဲဟာ ကမ္ဘာတစ်ဝန်းက ပြိုင်ပွဲဝင် သုံး​သောင်းခွဲ​ကျော်ပါဝင်ယှဥ်ပြိုင်ခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစ​တြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

၂၀၂၁ ခုနှစ် နွေဦးကာလကစလို့ မြန်မာနိုင်ငံရဲ့ လမ်းမတွေပေါ်မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ရဲရဲဝံ့ဝံ့ ကြွေးကြော်ခဲ့ကြတဲ့ လူငယ်တွေထဲမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ အထူးပဲ ထင်ရှားခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။

သတင်း

တော်လှန်အနုပညာရှင် သုံးဦး ခေါင်းဆောင် ပါဝင်ထားတဲ့ Ray ရုပ်ရှင်ကို ဇွန် ၂၇ ရက် ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ပထမဆုံးပြသသွားမှာဖြစ်ပါတယ်။