Connect with us

Hi, what are you looking for?

သတင်း

မောတောင်လမ်းပိုင်းတိုက်ပွဲ စစ်တပ်အထိနာ၊ လက်နက်အချို့သိမ်းရဟု KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် တနင်္သာရီမြို့နယ် ထိုင်း-မြန်မာ မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းရှိ သိန်းခွန်း‌ကျေးရွာအနီးတွင် တိုက်ပွဲဆက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိခဲ့ပြီး လက်နက်အချို့သိမ်းရသည်ဟု KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်သည်။

မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းတိုက်ပွဲအတွင်း သိမ်းရသော လက်နက်များ။ ဓာတ်ပုံ − KNU - Mergui-Tavoy District

စက်တင်ဘာ−၁၃၊ ၂၀၂၅။ ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် တနင်္သာရီမြို့နယ် ထိုင်း-မြန်မာ မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းရှိ သိန်းခွန်း‌ကျေးရွာအနီးတွင် တိုက်ပွဲဆက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိခဲ့ပြီး လက်နက်အချို့သိမ်းရသည်ဟု KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်သည်။

စက်တင်ဘာ ၁၁ရက်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ တပ်မဟာ(၄) လက်အောက်ခံ၊ တပ်ရင်း(၁၁)နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲများက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ၁၀ဦးထက်မနည်း သေဆုံးထိခိုက်ခဲ့သည်ဟု အသိပေးပြီး သိမ်းရသည့်လက်နက်ငယ် ၃လက်နှင့် ကျည်များ၏ မှတ်တမ်းဓာတ်ပုံဖော်ပြသည်။

” တိုက်ပွဲဖြစ်တာတော့ ၉ရက်ကတည်းက ၊ ၉ရက်၊ ၁၀ရက်၊ ၁၁ရက်၊ ၁၂ရက်နဲ့ အခုထိဆိုတော့ ၅ရက်မြောက်ပေါ့။ ၁၁ရက်နေ့မှာ နယ်မြေရှင်းလင်းတဲ့အချိန်မှာ လက်နက် ၃လက်နဲ့ ခဲယမ်း ပစ္စည်းအချို့ရရှိတယ်။ သေဆုံးတာကတော့ စကစတော့ အလောင်းတွေကို သုံးလေးယောက် တတွဲ အဲဒီလိုမျိုးမြေမြှုပ်တာရှိတယ်။ ခန့်မှန်းခြေ ၁၀ဦးအထက်သေဆုံးတယ်အချို့က ဒဏ်ရာရတယ် အဲဒီလိုမျိုးပေါ့” ဟု KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် တိုက်ပွဲပြင်းထန်နေကြောင်း၊ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး တော်လှန်ရေး ပူးပေါင်းတပ်ကလည်း ဇွဲရှိရှိဖြင့်ခုခံနေကြောင်း ၎င်းက ပြောသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားရာ မောတောင်လမ်းပိုင်း သိန်ခွန်းကျေးရွာအနီး ဝန်းကျင်ကို စစ်ကောင်စီက စက်တင်ဘာ ၁၂ရက်တွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဆိုပါ ဗုံးကြဲလာသည့် လေယာဉ်ကို KNLA ပူးပေါင်းတပ်က ပစ်ခတ်ခဲ့ရာ ထိခိုက်မှုရှိခဲ့ဟု သတင်းထုတ်ပြန်ထားသည်။

“ ဒါက ပထမဆုံးပစ်ခတ်မှု။ ဂျက်ဖိုက်တာ ကျနော်တို့ ခန့်မှန်းသုံးသပ်တာကတော့ ၁စီးထိတာပေါ့။ ဒါပေမဲ့မပျက်ကျဘူး” ဟု KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက လေယာဉ်ကို ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့ကြောင်း ပြောသည်။

စစ်ကောင်စီတပ်သည် မောတောင် ကုန်သွယ်ရေးလမ်းပိုင်း ပြန်လည်ထိန်းချုပ်နိုင်ရန် ၂၀၂၄ ဒီဇင်ဘာကတည်းက ထိုးစစ်ဆင်နေခြင်းဖြစ်ရာ ၉လခန့်ကြာသည်အထိ KNLA ပူးပေါင်းတပ်၏ ခုခံမှုကို မထိုးဖောက်နိုင်သေးဘဲ သိန်ခွန်းကျေးရွာအနီးဝန်းကျင်၌ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။