Connect with us

Hi, what are you looking for?

သတင်း

သံဖြူဇရပ်ရှိ စစ်တပ်ကင်းပုန်းကို တော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် နှစ်ကရင်လမ်းဆုံအနီးရှိ စစ်ကောင်စီကင်းပုန်းတပ်ဖွဲ့နှင့် ရေးမြို့နယ် မော့ကနင်ရွာအနီးရှိ ကွမ်ကျိုက်ဂိတ်စခန်းအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ထိခိုက်သေဆုံးရှိခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ထုတ်ပြန်သည်။

မွန်ပြည်တော်လှန်ရေးတပ်(MSRF)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − MSRF

စက်တင်ဘာ−၁၅၊ ၂၀၂၅။ထားမြတ်/People’s Spring

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် နှစ်ကရင်လမ်းဆုံအနီးရှိ စစ်ကောင်စီကင်းပုန်းတပ်ဖွဲ့နှင့် ရေးမြို့နယ် မော့ကနင်ရွာအနီးရှိ ကွမ်ကျိုက်ဂိတ်စခန်းအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ထိခိုက်သေဆုံးရှိခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ထုတ်ပြန်သည်။

စက်တင်ဘာ ၁၃ရက်ညနေပိုင်းက နှစ်ကရင်လမ်းဆုံအနီး စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်ရှိနိုင်ပြီး အသေးစိတ် အခြေအနေများ စုံးစမ်းနေဆဲဖြစ်ဟု ဖော်ပြသည်။

တော်လှန်ရေးမဟာမိတ်တပ်ဖွဲဝင်များထိခိုက်မှုမရှိဘဲ အောင်မြင်စွာခွာစစ်ဆင်နိုင်ခဲ့ဟုလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် စက်တင်ဘာ ၇ရက်တွင်လည်း ရေးမြိုနယ် မော့ကနင်ကျေးရွာအနီးရှိ ရန်သူ့စစ်ကောင်စီ၏ ကွမ်ကျိုက်ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ဟု ဆိုသည်။

ဒေသတွင်း စစ်ရေးအခြေအနေများကို မေးမြန်းရန် MSRF ပြောရေး ဆိုခွင့်ရှိသူ မိတလဉာဏ်ထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

စစ်ကောင်စီတပ်များကို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာနမှ တပ်များဖြစ်သော မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) နှင့် တော်လှန်ရေးမဟာမိတ်တပ်ဖွဲများဖြစ်သော KNLA တပ်ရင်း(၂၇) တပ်ခွဲ (၁) ၊ ဗျူဟာ ၃၃ ဒေါနချေမှုန်းရေးတပ်ခွဲ- တပင်ရွှေထီးတပ် တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ရေး-သံဖြူဇရပ်ကားလမ်းပိုင်းမှာ လက်ပြန်ကြိုးတုပ်ခံထားရပြီးဦးခေါင်းသေနတ်ဒဏ်ရာတွေနဲ့သေဆုံးနေတဲ့အမျိုးသားရုပ်အလောင်းသုံးလောင်းကိုဒီနေ့ (မေလ ၁၄ ရက်) မနက်ပိုင်းကတွေ့ခဲ့တယ်လို့လူမူကူ ညီရေးလုပ်ကိုင်သူအချို့ဆီက သိရပါတယ်။

သတင်း

စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ပါ တိုက်ပွဲပြင်းထန်နေ

သတင်း

မွန်ပြည်နယ်၊ရေးမြို့အခြေစိုက် အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၉)အတွင်း မ​နေ့က လက်နက်တိုက်မီးလောင်​ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့သတင်းရင်းမြစ်​တွေက​ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် အောင်သပြေကျေးရွာအနီး စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းနဲ့ သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာ အခြေစိုက်ရဲစခန်းကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုနဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ပူးပေါင်းတပ်မှာ ပါဝင်တဲ့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။