Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုအမည်ပြောင်း​သော်လည်းအကြမ်းဖက်အုပ်စု၊ ပြည်သူ့ ရန်သူပင်ဖြစ်​ကြောင်း CRPH၊ NUCC နှင့် NUG ပူးတွဲကြေညာ

မင်းအောင်လှိုင်ဦးဆောင်သောစစ်အုပ်စုက စစ်ကောင်စီမှ စစ်ကော်မရှင်ဟု​အမည်​ပြောင်း​သော်လည်း အကြမ်းဖက်အုပ်စု၊ နိုင်ငံတော်နှင့် ပြည်သူ့ ရန်သူပင်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့က ယနေ့ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

အာ​ဏာသိမ်း​ခေါင်း​ဆောင်၊ ဒု​ခေါင်း​ဆောင်နှင့် စစ်ဗိုလ်ချုပ်များ။ ဓါတ်ပုံ-CINCDS

စက်တင်ဘာ-၁၈၊၂၀၂၅။ထားမြတ်/People’s Spring

မင်းအောင်လှိုင်ဦးဆောင်သောစစ်အုပ်စုက စစ်ကောင်စီမှ စစ်ကော်မရှင်ဟု​အမည်​ပြောင်း​သော်လည်း အကြမ်းဖက်အုပ်စု၊ နိုင်ငံတော်နှင့် ပြည်သူ့ ရန်သူပင်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့က ယနေ့ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

စစ်အုပ်စုက ယခင်ဖွဲ့စည်းထားသည့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟု ခေါ်ဆိုသော စစ်ကောင်စီကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က ၂၀၂၁ ခုနှစ်၊ မတ်လ (၁) ရက်နေ့တွင် အကြမ်းဖက် အုပ်စုအဖြစ် ကြေညာခဲ့သည်။ထိုအပြင် ၂၀၂၄ စက်တင်ဘာ ၅ရက်တွင်စစ်ကောင်စီကို “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နှင့် ပြည်သူလူထု၏ ရန်သူ – Enemy of the State” အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရက သတ်မှတ်ခဲ့သည်။

စစ်ကောင်စီသည် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြွေးကြော်ကာယခုနှစ်ဇူလိုင်လကုန်ပိုင်းတွင်စစ်ကောင်စီကို “နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်” ဟု အမည်ပေးထားသည့် စစ်ကော်မရှင်အဖြစ် အသွင်ပြောင်းခဲ့သည်။

Public Service Announcement

Public Service Announcement

“အခု စစ်ကော်မရှင်ဟာဆိုရင်လည်း အကြမ်းဖက်စစ်ကောင်စီကနေအသွင်ပြောင်းထားတဲ့အဖွဲ့အစည်း ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ရှေ့က ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ကြေညာချက်တွေထဲမှာ အကျုံးဝင်တယ်။ အဲဒါကြောင့်မို့လို့ စစ်ကော်မရှင်သည်လည်းပဲ အကြမ်းဖက်အဖွဲ့ ၊ နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ ရန်သူ Enemy of the State ဖြစ်တယ်ဆိုတာ ကျနော်တို့ ထပ်ဆင့်ကြေညာတာဖြစ်တယ်” ဟု ပူးတွဲကြေညာချက် ပြောရေးဆိုခွင့် ရှိသူ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောသည်။

ထို​ကြောင့်စစ်ကော်မရှင်လက်အောက်ခံအဖွဲအစည်းများ သည်လည်း အကြမ်းဖက်အုပ်စုဝင် အဖွဲအစည်းများ ဖြစ်ကြောင်း ပူးတွဲကြေညာချက်များ၌ ဖော်ပြသည်။

ထို့ကြောင့် စစ်ကော်မရှင်နှင့် ၎င်း၏ လက်အောက်ခံ အဖွဲ့အားလုံး၏ လုပ်ဆောင်ချက်မှန်သမျှသည်လည်း တရားဝင်မှုမရှိကြောင်း နှင့် ၎င်းတိုအား အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ထိုအပြင်တိုင်းရင်းသားတော်လှန်ရေးအဖွဲများအပါအဝင် တော်လှန်ရေးအင်အားစုများအား စစ်အုပ်စုဘက်က အကြမ်းဖက်အဖွဲအဖြစ်ကြေညာခြင်းများသည် တရားမဝင်ပျက်ပြယ်ပြီး ဖြစ်သည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။