Connect with us

Hi, what are you looking for?

သတင်း

ရွှေကူရှိ စစ်သင်တန်းနေရာ စစ်တပ်လေကြောင်းတိုက်ခိုက်မှု ထိခိုက်သေဆုံးမှုများ

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်အတွင်းကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ထားသည့် နယ်မြေရှိ စစ်သင်တန်းကျောင်းနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ သေဆုံးထိခိုက်များပြားခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောသည်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများ၏ ရုပ်အလောင်းများ။ ဓာတ်ပုံ − Kachin News Group

စက်တင်ဘာ−၁၉၊ ၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်အတွင်းကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ထားသည့် နယ်မြေရှိ စစ်သင်တန်းကျောင်းနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ သေဆုံးထိခိုက်များပြားခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောသည်။

KIA တပ်မဟာ(၁၁)၊တပ်ရင်း(၁၂)နယ်မြေကိုစစ်ကောင်စီက စက်တင်ဘာ ၁၇ရက် ညသန်းခေါင်(စက်တင်ဘာ ၁၈ရက် မနက်အစော)၌ လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ဒါက ကွင်းသစ် နေရာသစ်၊ လေ့ကျင့်ရေးစခန်း အသစ်လုပ်တဲ့နေရာ။ ကွင်းတောင် ကောင်းကောင်း မဖောက်ရသေးဘူး။ အဲဒါကို အတိအကျ ဗုံးလာချသွားတာဆိုတော့ သင်တန်းသားတွေထဲမှာ ဒလန်ပါလာလို့ သတင်းပေါက်သွားလို့ အဲဒီ နှစ်ခုထဲက တခုပဲ” ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၇ဦးထက်မနည်းရှိပြီး ဒဏ်ရာရသူ ၂၀ခန့်ရှိဟု ၎င်းက ဆိုသည်။ ဒဏ်ရာရသူများတွင် ပြင်းထန်သူများပါဝင်သည်ဟု ပြောသည်။

KIA သတင်းရင်းမြစ်တဦးကလည်း “ပျံ့နှံ့နေတဲ့ အဲဒီ သတင်းဖြစ်စဉ် မှန်ပါတယ်” ဟု အတည်ပြုသည်။

အဆိုပါလေကြောင်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ KIAသတင်းပြန်ကြား ရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ယခုနှစ်မတ်လကုန်ပိုင်းကလည်းစစ်ကောင်စီတပ်သည် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်း KIA တပ်မဟာ(၈)၊ တပ်ရင်း(၅)နယ်မြေရရှိ စစ်သင် တန်းကျောင်းကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူငယ် ၃၀ ဦးကျော်သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။