Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနားရှိ ဘော်ဒါဆောင် အနုကြမ်းစီးပြီး ကျောင်းသူတွေကို မဖွယ်မရာပြုတဲ့ စစ်ကောင်စီ ရဲတစ်ဦးကို ဝိုင်းဖမ်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ဘော်ဒါဆောင်တစ်ခုကို စက်တင်ဘာ ၂၁ရက် ညပိုင်းက စစ်ကောင်စီ ရဲတပ်သားတစ်ဦး ရောက်ရှိလာပြီး ကျောင်းသူတွေကို သေနတ်ထောက်ကာ ဖုန်းနဲ့ပိုက်ဆံတောင်းတဲ့အပြင် မဖွယ်မရာ ပြုလုပ်ခဲ့လို့ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

ကျောင်းသူဘော်ဒါဆောင်ကို အနုကြမ်းစီး၊ မဖွယ်မရာပြုခဲ့တဲ့ စစ်ကောင်စီရဲတပ်သား အောင်မျိုးခန့်ကို ဖမ်းဆီးရမိစဥ်။ ဓာတ်ပုံ - Naw Tu Awng/FB

စက်တင်ဘာ-၂၂၊ ၂၀၂၅။ သက်ဝေ၊လူအေး/People’s Spring

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ဘော်ဒါဆောင်တစ်ခုကို စက်တင်ဘာ ၂၁ ရက် ညပိုင်းက စစ်ကောင်စီ ရဲတပ်သားတစ်ဦး ရောက်ရှိလာပြီး ကျောင်းသူတွေကို သေနတ်ထောက်ကာ ဖုန်းနဲ့ပိုက်ဆံတောင်းတဲ့အပြင် မဖွယ်မရာ ပြုလုပ်ခဲ့လို့ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

ကျောင်းသူဘော်ဒါဆောင်ကို အနုကြမ်းစီး၊ မဖွယ်မရာပြုခဲ့တဲ့ စစ်ကောင်စီရဲတပ်သား အောင်မျိုးခန့်ကို ဖမ်းဆီးရမိစဥ်။ ဓာတ်ပုံ – Naw Tu Awng/FB

မနေ့ညသန်းခေါင် ၁၂နာရီဝန်းကျင်က အဲဒီဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ဖမ်းမိရဲတပ်သားမှာ အသက် ၂၀ကျော်အရွယ် အောင်မျိုးခန့်ဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။

“အမျိုးသမီးအဆောင်မှာ ဝင်ပြီးမှ အဆောင်က ကလေးမလေးတွေ ၁၂တန်းတက်နေတဲ့ ကလေးမလေးတွေကို ထောက်ထားပြီးမှ ဖုန်းထုတ်၊ ပိုက်ဆံထုတ်ဆိုပြီးမှ ပြောတော့ ကလေးမလေးတွေက ဖုန်းတွေ ပိုက်ဆံတွေ မရှိဘူး အဲဒီလိုပြောတော့ အင်္ကျီချွတ်တဲ့၊ အင်္ကျီ လှန်ပြခိုင်းပြီးမှ ဘော်လီတွေ ချွတ်ခိုင်းပြီးမှ မတ်တပ်ရပ်ခိုင်းပြီးမှ တယောက်ပြီး တယောက် ရင်သားတွေကိုင်ပြီး အဲဒီလိုမျိုးလုပ်တာတဲ့၊ အဲဒီကောင်က”လို့ ဒေသသတင်းရင်းမြစ်က ဖြစ်စဉ်ကို ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် ကျောင်းသူတွေကို ကိုယ့်နေရာ ကိုယ်အိပ်ဖို့ စစ်ကောင်စီ ရဲတပ်သားက ပြောဆိုခဲ့တယ်လို့ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

“အားလုံးကိုယ့်နေရာကိုယ် ပြန်အိပ်တော့ ကောင်မလေးနှစ်ယောက်ကြားဝင်ပြီးမှ သူက အပေါ်ကနေ ရေကူးဘာကူး အဲဒီလိုမျိုးပုံစံလုပ်တာ အဲဒီအချိန်ကျတော့ ကောင်မလေးတယောက်က သတိရပြီး သေနတ်ကို ဆွဲပြီးမှ တခါတည်းအောက်ထပ်ကို ပြေးဆင်းသွားတာတဲ့”လို့ သတင်းရင်းမြစ်က ဆိုပါတယ်။

ဆရာတွေကို ပြောပြပြီး ပတ်ဝန်းကျင်ကို အကူအညီတောင်းကာ ဝိုင်းဖမ်းခဲ့တာလို့ သိရပါတယ်။ အဲဒီလို ဝိုင်းဖမ်းစဉ် လက်နက်မရှိတော့တဲ့ ရဲကို ကျောင်းသူတွေကပါ ဝိုင်းဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီရဲဆီကနေ သေနတ်တစ်လက်နဲ့ ကျည်ဆန်တွေလည်း ဒေသခံတွေကသိမ်းယူနိုင်ခဲ့ပါတယ်။ အဲဒီလက်နက် ခဲယမ်းတွေကို စစ်ကောင်စီတပ်ကပြန်ယူသွားပါတယ်။

“ကိုယ်ပိုင်နံပါတ်ကိုလည်း သိလိုက်တယ်။ စစ်တပ်က လာခေါ်သွားပြီးတဲ့နောက်ပိုင်း ဘာမှမသိရတော့ဘူး။ တော်တော်လေးကို ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတာပါ။ အဆောင်က မိန်းကလေးတွေဆိုတာ တော်တော်လေးကိုရှက်ကြောက်နေကြတယ်”လို့ မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဖမ်းမိ စစ်ကောင်စီ ရဲကို စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)က ထိန်းသိမ်းထားတယ်လို့ သိရပြီး အရေးယူခြင်းရှိ၊မရှိကိုတော့ မသိရသေးပါဘူး။

အဲဒီအခင်းဖြစ်ပွားရာ နေရာအနီးမှာ စစ်ကောင်စီရဲ့ ရဲတပ်ရင်းတစ်ခုရှိပြီး အနုကြမ်းစီး၊ မဖွယ်မရာပြုခဲ့တဲ့ ရဲတပ်သားဟာလည်း အဲဒီရဲတပ်ရင်းက ဖြစ်နိုင်ခြေရှိတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ

သတင်း

ကချင်နဲ့ရခိုင်ပြည်နယ်ကို ကြည်းရေလေစစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်​ပေမယ့် ဧရာဝတီမြစ်​ကြောင်းတိုက်ပွဲမှာစစ်ရှုံးခဲ့ပြီး​နောက်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်ကြီးကိုကိုဦး ကိုပြည်ထဲရေးဝန်ကြီးအဖြစ် အရပ်ဖက်ရာထူးပူးတွဲခန့်အပ်လိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စင်းခန်းတံတား(ကားလမ်း၊ ရထားလမ်းပါ ဧရာ၀တီမြစ်ကူးတံတား)ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီ ဝါဒဖြန့်နေပေမဲ့ အခြေအနေဟာ ပြောင်းပြန် အနေအထားဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဆက်လက်စိုးမိုးထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကသာမြို့ကနေ ကချင်ပြည်နယ်ဘက်ကို ထွက်ခွာသွားတဲ့ စစ်သင်္ဘောတွေဟာ ဧရာ၀တီမြစ်ဘေးက ကျေးရွာတွေကို လက်နက်ကြီး ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။