Connect with us

Hi, what are you looking for?

သတင်း

လေး​ကေ့​ကော်မြို့သစ်တိုက်ပွဲ စစ်တပ်​သေဆုံးဒဏ်ရာရသူများ

ကရင်ပြည်နယ်၊မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်ကိုစစ်ကြောင်းထိုးနေတဲ့စစ်တပ်ဟာ မနေ့ကတိုက်ပွဲအတွင်း သေဆုံးဒဏ်ရာရသူများပြာပြီး အထိနာခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

လေးကေ့ကော်ဒေသမှာ တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ မြင်ကွင်း။ ဓာတ်ပုံ−Saw Full Moon Shine

“ပစ(စစ်သင်တန်းဆင်းစစ်သားသစ်​တွေ)လေးတွေကိုယ်ပဲ သနားတယ်။ ဘူမသိ၊ကိုးမသိနဲ့ ထိုးကျွေးလာပြီးတော့ ကြောင်တိ ကြောင်တောင်တွေတက်လာ။သူတို့သေလို့သေမှန်းလည်းသိမှာမဟုတ်ပါဘူး။​မြောက်တက်ကုန်တာ။အကုန်လုံးနီးပါးပေါ့”

— စော​ကော် (ကော်ဘရာစစ်ကြောင်း(၁)စစ်ကြောင်းမှူး )

စက်တင်ဘာ−၂၄၊၂၀၂၅၊ခွန်ဖ/People’s Spring

ကရင်ပြည်နယ်၊မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်ကိုစစ်ကြောင်းထိုးနေတဲ့စစ်တပ်ဟာ မနေ့ကတိုက်ပွဲအတွင်း သေဆုံးဒဏ်ရာရသူများပြာပြီး အထိနာခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တပ်ကစက်တင်ဘာ ၂၃ရက်မှာ လေးကေ့ကော်မြို့ဆီကို စစ်ကြောင်း ၅ကြောင်းနဲ့ထိုးစစ်ဆင်ရာ နေရာသုံးနေရာမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ နီးစပ်တဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“သေမှာပေါ့ အနည်းဆုံး ၅၀လောက်။ သူ့နယ်မြေမဟုတ်ဘဲ သွားတော့ ဟိုက တီးထည့်လိုက်တာ။ အတော်လေး သေတယ်ကြားတယ်”လို့ KNLAနဲ့ နီးစပ်တဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဟာ စစ်မှုထမ်းဥပဒေနဲ့ အဓမ္မခေါ်ဆောင်ထားတဲ့ ပြည်သူ့စစ်တပ်သားသစ်တွေကို​ရှေ့ကတက်ခိုင်းပြီးစစ်ကြောင်းထိုးလာတာလို့သိရ ပါတယ်။စစ်သားသစ်တွေကို မူးယစ်ဆေးတွေကျွေးပြီး ရှေ့တက်ခိုင်းတာလို့လည်း လေးကေ့ကော်ဒေသမှာ တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးရဲဘော်တွေက အသိပေးထားပါတယ်။

စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေတဲ့ ကော်ဘရာစစ်ကြောင်း(၁)စစ်ကြောင်းမှူး စောကော်ကတော့ “မိဘပြည်သူတွေ ကိုယ့်သားလူငယ်ရွယ်တွေရှိရင် ပစ(ပြည်သူ့စစ်)ထဲ ပါမသွားစေရန် အထူးဂရုပြုစေချင်ပါတယ်။ ခုတက်လာတဲ့ပစတွေကြောင်တောင်တောင်တေဆေးကြွေးပြီးရှေ့ကိုလွတ်တင်တယ်လို့ယူဆရပါတယ်။စိတ်မကောင်းစွာနဲ့ ကိုယ်ဘက်က ကိုင်ထုတ်လိုက်တာများပါတယ်”လို့စက်တင်ဘာ ၂၃ရက် တိုက်ပွဲအပြီးမှာ သူရဲ့ လူမှုကွန်ရက်ကနေ ရေးသားအသိပေးထားပါတယ်။

CDM ဗိုလ်မှူးတင်လင်းအောင်က မနေ့ညပိုင်းမှာ စောကော်နဲ့ ဆက်သွယ်ပြီး လေးကေ့ကော်တိုက်ပွဲနဲ့ပတ်သက်ပြီး မေးမြန်းတာမှာလည်း စောကော်က “ပစလေးတွေကိုယ်ပဲ သနားတယ်။ ဘူမသိ၊ကိုးမသိနဲ့ ထိုးကျွေးလာပြီးတော့ ကြောင်တိ ကြောင်တောင်တွေ တက်လာ။သူတို့သေလို့သေမှန်းလည်း သိမှာမဟုတ်ပါဘူး။​မြောက်တက်ကုန်တာ။ အကုန်လုံးနီးပါးပေါ့။ မတက်နိုင်ဘူး။ ကိုယ့်လူတွေက မပစ်ရင်လည်း ကိုယ့်ပစ်နေတော့ ကြောင်တိကြောင်တောင်တက်လာတော့ အကုန်ရှင်းရတာပေါ့”လို့ ပြောပါတယ်။

တနေကုန်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးစစ်ကြောင်းထိုးတဲ့တစ်နေရာတည်းမှာ ၁၅ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။ဒဏ်ရာရစစ်သားတွေကို စစ်တပ်က မြဝတီဆေးရုံကြီးမှာ ဆေးကုသပေးနေပြီး ဒဏ်ရာရပြီး ​ဆေးကုသ​နေရသူအများအပြားဖြစ်နေတယ်လို့ မြဝတီမြို့ခံအချို့က ရေးသားနေကြပါတယ်။ အဲဒီအချက်နဲ့ ပတ်သက်လို့ လူထုနွေဦးက စုံစမ်းနေဆဲဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ လက်တလောမှာတော့ လေးကေ့ကော်မြို့သစ်အနားမှာဘဲ ရှိသေးပြီး မြို့ထဲကို ဝင်လို့ မရဘူးလို့လည်း ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

လေးကေကော်မြို့သစ်ကိုရဖို့အတွက် စစ်တပ်ဟာ စက်တင်ဘာ ၂၁ ရက် ကစတင်ပြီးအင်အားအများအပြားနဲ့ မြေပြင်ကနေ စစ်ကြောင်းထိုးလာသလို မြဝတီမြို့စောင့်တပ် အမှတ် (၂၇၅) ခြေလျင်တပ်ရင်းကနေလည်းလက်နက်ကြီးနဲ့အဆက်မပြတ် ပစ်ကူပေးနေပါတယ်။

စက်တင်ဘာ ၂၃ ရက်စစ်ကြောင်းထိုးရာမှာတော့ မေတ္တာလင်းမြိုင်ရွာကနေ တဆင့် လေးကေကော်မြို့သစ်ဆီ ထိုးစစ်ဆင်တာဖြစ်ပါတယ်။

စစ်တပ်က လေးကေကော်မြို့သစ်ကို ပြန်သိမ်းနိုင်ဖို့အတွက်တပ်မ (၂၂)၊ တပ်မ (၅၅)လက်အောက်ခံတပ်တွေကိုစုစည်းပြီး ထိုးစစ်ဆင်တာဖြစ်ပြီး KNU/KNLA တပ်မဟာ(၆)ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေကအပြင်းအထန်ခုခံတိုက်ခိုက်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း