Connect with us

Hi, what are you looking for?

သတင်း

၈ ထပ်ရေတံခွန်ပေါ်ကနေ ပြုတ်ကျပြီးပျောက်ဆုံးနေတဲ့ အမျိုးသမီးနှစ်ဦးကိုဆက်လက်ရှာဖွေနေ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ထဲက ၈ ထပ်ရေတံခွန်မှာ ပြုတ်ကျပြီးပျောက်ဆုံးနေတဲ့ အမျိုးသမီးနှစ်ဦး ကို ဒီနေ့ စက်တင်ဘာ ၃၀ ရက်မနက်ပိုင်းမှာ ဆက်လက်ရှာဖွေနေတယ်လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတွေကပြောပါတယ်။

ဓာတ်ပုံ - စေတနာမွန်လူမှုကူညီရေးအသင်း( အုန်းချော) /FB

စက်တင်ဘာ – ၃၀ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ထဲက ၈ ထပ်ရေတံခွန်မှာ ပြုတ်ကျပြီးပျောက်ဆုံးနေတဲ့ အမျိုးသမီးနှစ်ဦး ကို ဒီနေ့ စက်တင်ဘာ ၃၀ ရက်မနက်ပိုင်းမှာ ဆက်လက်ရှာဖွေနေတယ်လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတွေကပြောပါတယ်။

၈ ထပ် ရေတံခွန်မှာ မနေ့ (စက်တင်ဘာလ ၂၉ ရက်) နေ့ခင်းပိုင်း ၃ နာရီအချိန်က တောင်ကျရေတရှိန်ထိုး ထိုးဆင်းကျလာတာကြောင့် ရေကစားနေသူတွေ ရေစီးနဲ့ မျောပါ ပြီးပြုတ်ကျခဲ့တာပါ။

ပြုတ်ကျသွားသူငါး ဦးအနက် တစ်ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပေမယ့် နှစ်ဦး သေဆုံးပြီး နှစ်ဦး ပျောက်ဆုံးနေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ရေတံခွန်ကနေပြုတ်ကျသွားသူတွေဟာအမျိုးသမီးလေးဦးနဲ့အမျိုးသားတစ်ဦးဖြစ်တယ်လို့သိရပါတယ်။

အမျိုးသမီး နှစ်ဦးကိုရေတံခွန်ရဲ့သုံးထပ်အဆင့်မှာတွေ့ရှိခဲ့တာလို့ စေတနာမွန်လူမှုကူညီရေးအသင်း( အုန်းချော) ကထုတ်ပြန်ထားပါတယ်။

အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့တဲ့အမျိုးသားကတော့ ရေတံခွန်အပေါ်ဆုံးအဆင့်မှာ ခြေထောက်ကျိုးသွားတာကြောင့် မြေပြင်ကို ရောက်ဖို့ခက်ခက်ခဲခဲသယ်ထုတ်ရတယ်ဆိုတာကို အဲဒီသတင်းက အသိပေးထားပါတယ်။ အဲဒီအမျိုးသားဟာ ရုရှားနိုင်ငံသားလို့လည်း သိရပါတယ်။

လက်ရှိအချိန်ထိ ပျောက်ဆုံးနေသူအမျိုးသမီး နှစ်ဦးဟာ အသက် ၂၀ ကျော်အရွယ်တွေ ဖြစ်ပြီး နိုင်ငံခြားသူတစ်ဦးပါဝင်တယ်လို့ ရှာဖွေကယ်ဆယ်ရေးမှာပါဝင်နေသူတစ်ဦးက ပြောပါတယ်။

နိုင်ငံခြားသူ ပါဝင်တာ ဟုတ် ၊မဟုတ်ကိုတော့ သီးခြားအတည်ပြုနေဆဲဖြစ်ပါတယ်။

“ ရေတံခွန်ရဲ့ သုံးထပ်နားလောက််မှာရှိဖို့များတယ်၊ အခုမနက်အစောကစပြီး အဖွဲ့စုံနဲ့ရှာနေပါတယ်”လို့ အဲဒီ ရှာဖွေကယ်ဆယ်ရေးသမားက ဆိုပါတယ်။

၈ ထပ်ရေတံခွန်က မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် နဲ့ ပြင်ဦးလွင်မြို့နယ်အစပ်မှာရှိပြီး မန္တလေးကဒေသခံအများစုသွားရောက်လည်ပတ်လေ့ရှိတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

နိုင်ငံတကာ

မိုနာကိုမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲမှုရဲ့ အဓိက သံသယရှိသူ အမျိုးသမီးကို ယူကရိန်း နိုင်ငံမှာ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း သိရပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

ဆောမြို့နယ်အတွင်းရောက်ရှိနေတဲ့စစ်တပ်စစ်ကြောင်းက ​ဒေသခံအမျိုးသမီးတွေကိုပစ်မှတ်ထားပြီး ဆိုးရွားတဲ့ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းမှုတွေ ကျူးလွန်ဖို့ကြိုးစားနေတယ်လို့ တော်လှန်‌ ရေးတပ်ဖွဲ့တွေကပြောပါတယ်။