Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးတပ်များ စစ်ရေးအတွေ့အကြုံရနေချိန် စစ်ကောင်စီက စိတ်ဓာတ်ပျက်နေပြီး တပ် ပြင်မထွက်ရဲတော့ဟု ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် ဗိုလ်ကြီးမျိုးဆွေဦးပြော

အာဏာသိမ်းစစ်ကောင်စီတပ်တွင်းရှိ တပ်သားများအနေဖြင့် စိတ်ဓာတ်ပိုင်းပျက်နေပြီးတော်လှန်ရေးရဲဘော်များဘက်က စိတ်ဓာတ်ပိုင်းဆိုင်ရာအသာစီးရထားကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)ထံ ဘက်ပြောင်းလာသည့် ဗိုလ်ကြီးမျိုးဆွေဦးက ပြောကြားသည်။

ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် ဗိုလ်ကြီးမျိုးဆွေဦး ဒုဝန်ကြီးနှင့် အွန်လိုင်းမှ တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - Screen Grab

ဇူလိုင်-၁၆၊၂၀၂၅။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီတပ်တွင်းရှိ တပ်သားများအနေဖြင့် စိတ်ဓာတ်ပိုင်းပျက်နေပြီးတော်လှန်ရေးရဲဘော်များဘက်က စိတ်ဓာတ်ပိုင်းဆိုင်ရာအသာစီးရထားကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)ထံ ဘက်ပြောင်းလာသည့် ဗိုလ်ကြီးမျိုးဆွေဦးက ပြောကြားသည်။

ဇူလိုင် ၁ရက်တွင် KNUထံ ဘက်ပြောင်းလာသည့် မြိတ်-ထားဝယ်ခရိုင် မြန်မာ-ထိုင်းနယ်စပ် သုခစခန်း တာဝန်ခံ ဗိုလ်ကြီးမျိုးဆွေဦးနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်တို့ တွေ့ဆုံစကားပြောဆိုမှုကို ဒုဝန်ကြီးက ယမန်နေ့တွင် လူမှုကွန်ရက်တွင် ဖော်ပြခဲ့ရာ ဗိုလ်ကြီးမျိုးဆွေဦးက ယခုကဲ့သို့ ပြောကြားခဲ့သည်ကို တွေ့ရသည်။

“တော်လှန်ရေးညီအကိုတွေ ဖိုက်တင်းပါ။ ဟိုဘက်မှာ စိတ်ဓာတ်တော်တော်ပျက်နေပါပြီ။ လုံး၀ကိုပျက်နေပါပြီ”ဟု ဗိုလ်ကြီးမျိုးဆွေဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအနေဖြင့် မြို့ပေါ်ရှိ နောက်တန်းဌာနချုပ်တပ်များ၌ပင် တပ်တွင်းမှတပ်ပြင်ထွက်ရန်ပင် မထွက်ရဲကြဘဲဖြစ်နေသည်ဟု ပြောပြသည်။

” အတင်းအဓမ္မ လုပ်ချင်တဲ့ဆန္ဒမရှိဘဲ ခေါ်ယူစုဆောင်းထားတဲ့ စစ်သားတွေနဲ့ ဘယ်အချိန်ကျရင် အခွင့်အရေးသာတာနဲ့ ဘယ်လိုပြေးရင် ကောင်းမလဲဆိုတဲ့ စိတ်ဓာတ်တွေနဲ့ ဒါတွေပဲရှိပါတယ်။ အားလုံး စိတ်ဓာတ်တွေကတော့ ကိုယ်တွေ အသာစီးရပါတယ်”ဟု ဗိုလ်ကြီးမျိုးဆွေဦးက ပြောသည်။

စစ်ကောင်စီတပ်တွင်း၌ အရာရှိက မည်သို့ပင် အားပေးစကား ပြောသည်ဖြစ်စေ မည်သည့် ထောက်ပံ့မှုများ ပေးသည်ဖြစ်စေ စစ်ကောင်စီတပ်သားများ မပျော်ရွှင်ကြဟု ၎င်းက ဆိုသည်။

” သူတို့စိတ်ထဲမှာ ငါတို့ကို လာတိုက်ရင် ဘယ်နေ့ သေရမလဲဆိုတဲ့ အတွေးမျိုးနဲ့ ဖြစ်နေတာများတာပေါ့။ တော်လှန်ရေးအဖွဲ့တွေ အနေနဲ့ သူတို့ရဲ့ စိတ်ဓာတ်ကို အောင်နိုင်ထားပြီးဖြစ်ပါတယ်” ဟု ဗိုလ်ကြီးမျိုးဆွေဦးက ပြောသည်။

ပြီးခဲ့သည့် သုံးနှစ်ကျော်အတွင်း တော်လှန်မှုများကြောင့် စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ကြောင်း၊ တော်လှန်ရေးတပ်များအနေဖြင့်လည်း စစ်ကောင်စီတပ်များကို မည်သို့ အနိုင်တိုက်ရမည်ဆိုသည့် အတွေ့အကြုံများ ရရှိနေပြီဖြစ်ကြောင်း ပြောသည်။

လက်နက်ကိုင်တပ်ဖွဲ့များ၏ အုပ်ချုပ်မှု စည်းကမ်းက စစ်ကောင်စီနှင့်တော်လှန်ရေးတပ်များအကြားများစွာ မကွာသော်လည်း တော်လှန်ရေးဘက်က လွတ်လပ်ပြီး ရည်မှန်းချက်မှာ အားလုံးကောင်းကျိုးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီဘက်မှာ လစာရ၍လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် စိတ်ဓာတ်ခွန်အားခြင်းများစွာ ကွာဟနေကြောင်း ဗိုလ်ကြီးမျိုးဆွေဦးက ပြောသည်။

ပြည်သူလူထုက လက်ခံယုံကြည်သည့် တပ်မတော်သားဖြစ်အောင် ကြိုးစားလိုပါက တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းရန်လိုအပ်ကြောင်းလည်း ဗိုလ်ကြီးမျိုးဆွေဦးက ပြောသည်။

စစ်ကောင်စီတပ်တွင်း၌ လူ့အခွင့်အရေးချိုးဖောက်မှုများစွာရှိနေကြောင်း ၎င်းက ဆိုသည်။

” လူ့အခွင့်အရေးတွေဆုံးရှုံးတဲ့အပြင် ပြည်သူလူထုကလည်း လုံး၀ကို ကြည့်မရဘူး။ ပြည်သူလူထုက လုံး၀ကို အချဉ်ပေါက်နေတဲ့ ဘ၀ကြီးမှာ မနေကြပါနဲ့”ဟု ဗိုလ်ကြီးမျိုးဆွေဦးက ပြောကြားသည်။

ထို့ကြောင့် တော်လှန်ရေးအင်အားစုများဖြင့် ပူးပေါင်းရန် ၎င်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖိတ်ခေါ်သည်။

ဗိုလ်ကြီးမျိုးဆွေဦးကိုယ်တိုင်အနေဖြင့်လည်း တော်လှန်ရေးရဲဘော်များနှင့် ပူးပေါင်းပြီး စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်သွားမည်ဟု အသိပေးသည်။

” ကျနော့်ကို မယုံသင်္ကာသဘောမျိုး သူလျှိုလို ဒလန်လို မထင်ပါနဲ့။ ကျနော်အားလုံး ပြီးသွားရင်လည်း KNU တပ်မဟာ(၄)မှာပဲ တာဝန်ထမ်းဆောင်နေမှာပါ။ ဆက်လက်ပြီးတော့ နိုင်ငံတိုးတက်ရေးအတွက် တထောင့်တနေရာက နေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဗိုလ်ကြီးမျိုးဆွေဦးက ပြောသည်။

ဗိုလ်ကြီးမျိုးဆွေဦး၏ ချိတ်ဆက်ပေးမှုဖြင့် မြန်မာ-ထိုင်းနယ်စပ် နတ်အိမ်တောင်စခန်းမှ တပ်ခွဲမှူး ဗိုလ်ကြီးဇော်ဇော်အောင်သည် ဇူလိုင် ၁၃ရက်တွင် KNU တပ်မဟာ(၄)ထံ ဘက်ပြောင်းခိုလှုံလာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ် တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြား ရေးတာဝန်ခံက​ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။