Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းတောင်ပိုင်း ရွှေဆိုင်ကနေ ဓားပြတိုက်ယူသွားတဲ့ ရွှေတွေ ထိုင်းပိုင်နက်ထဲမှာ မရှိတော့ဘူးလို့ ယုံကြည်ရ

ထိုင်းနိုင်ငံ တောင်ပိုင်းက စျေးဝယ်စင်တာ တစ်ခုရဲ့ ရွှေဆိုင်တစ်ခုကနေ လုယက်ခံခဲ့ရတဲ့ ရွှေတွေဟာ နိုင်ငံပိုင်နက်ထဲမှာ မရှိလောက်တော့ဘူးလို့ ထိုင်းစစ်တပ်က ပြောပါတယ်။

ဓာတ်ပုံ - Abdullah Benjakat

ထိုင်းနိုင်ငံ တောင်ပိုင်းက စျေးဝယ်စင်တာ တစ်ခုရဲ့ ရွှေဆိုင်တစ်ခုကနေ လုယက်ခံခဲ့ရတဲ့ ရွှေတွေဟာ နိုင်ငံပိုင်နက်ထဲမှာ မရှိလောက်တော့ဘူးလို့ ထိုင်းစစ်တပ်က ပြောပါတယ်။

အောက်တိုဘာ ၅ ရက်နေ့ ညပိုင်းက နာရာသီဝတ် ပြည်နယ်ထဲက စူပါမားကက် တစ်ခုကို သေနတ်သမားတွေက ဝင်ရောက် စီးနင်းပြီး ရွှေဆိုင်တစ်ခုကို လုယက်ခဲ့တာပါ။ ၈ ဦးကနေ ၁၀ ဦးထိ ပါဝင်ကျူးလွန်ခဲ့တဲ့ အဲဒီ ဓားပြမှုမှာ ရာဇဝတ်ကောင်တွေဟာ ပစ်ကပ်ကား ၂ စီးနဲ့အတူ လွတ်မြောက်သွားခဲ့ပါတယ်။

ထိုင်းကာကွယ်ရေး ဝန်ကြီး နတ်တာပေါင် နတ်ဖန်တစ်က အဲဒီ ရဲတင်းလှတဲ့ ဓားပြမှုမှာ ဘတ် ၃၅ သန်းဖိုးလောက် ရွှေတွေ လုယက်ခံခဲ့ရတယ်လို့ ပြောပါတယ်။ ပြီးတော့ ထိုင်းစစ်တပ်ရဲ့ ထောက်လှမ်းရေး သတင်းတွေအရ အဲဒီ ရွှေတွေကို ဓားပြတွေက အိမ်နီးချင်း မလေးရှား နိုင်ငံဖက်ကို မှောင်ခို လမ်းကြောင်းတွေကနေ ခိုးထုတ်သွားပြီးပြီလို့ ယုံကြည်ရကြောင်းလည်း သူက ဆိုပါတယ်။

ထိုင်းစစ်တပ်ကတော့ ဆွန်ဂိုင်ခါလော့ ခရိုင်ထဲက Big C စျေးဝယ်စင်တာကို မျက်နှာဖုံးစွပ် လက်နက်ကိုင် ဓားပြတွေ စီးနင်းခဲ့တဲ့ ဖြစ်စဉ်ဟာ ထိုင်းတောင်ပိုင်းမှာ လှုပ်ရှားနေတဲ့ ခွဲထွက်ရေး လက်နက်ကိုင် အင်အားစုတွေနဲ့ ဆက်စပ်လိမ့်မယ်လို့ ယူဆထားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ အဖွဲ့တွေဟာ ဘဏ္ဍာငွေ ပြတ်လပ်လာတဲ့ အခြေအနေကြောင့် အခုလို ဓားပြမှုမျိုး ကျူးလွန်တာ ဖြစ်နိုင်ကြောင်း ထိုင်းစစ်တပ်က ခန့်မှန်းထားပါတယ်။ ကနဦး ထောက်လှမ်းမှုတွေအရ ဓားပြမှုကို ကျူးလွန်တာဟာ Barisan Revolusi Nasional (BRN)ဆိုတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ပြီး အိမ်နီးချင်း နိုင်ငံတစ်ခုထဲ ထွက်ပြေးသွားတယ်ဆိုတာ သိရှိထားကြောင်း ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။

သူက နာရာသီဝတ် ပြည်နယ် ပါဝင်တဲ့ အမှတ် ၄ စစ်နယ်မြေမှာ ဒေသအကြောင်း မကျွမ်းကျင်တဲ့ စစ်ဦးစီး အရာရှိချုပ်သစ် ခန့်အပ်မှုကြောင့် လစ်ဟာမှုတွေဖြစ်ပြီး ဓားပြမှုကို မတားဆီးနိုင်ခဲ့တာဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။

စစ်သားတွေက သူတို့ကို တာဝန်ချထားပေးတဲ့ နေရာတွေမှာ အကောင်းဆုံး တာဝန်ထမ်းဆောင်ကြမှာ ဖြစ်ကြောင်း၊ နောက်ပြီး ထိုင်းတောင်ပိုင်းမှာ ရွှေဆိုင်ကို ဓားပြတိုက်တဲ့ ဖြစ်ရပ်က ဒါပထမဆုံးလည်း မဟုတ်ကြောင်း ကိုယ်တိုင်က အငြိမ်းစား ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်တဲ့ နတ်တာပေါင်က မှတ်ချက်ပေးသွားပါတယ်။

ထိုင်းအနေနဲ့ ဓားပြမှု ကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ဖို့ အင်တိုက်အားတိုက် လုပ်ဆောင်နေပေမယ့် လက်ရှိ အခြေအနေ အရတော့ နယ်စပ်ဖြတ်ကျော် မှုခင်းမျိုး ဖြစ်လာလို့ အစိုးရချင်း ပူးပေါင်း ဆောင်ရွက်မှုမျိုးပါ လိုအပ်လာနေကြောင်းလည်း သူက ပြောကြားသွားပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

နိုင်ငံတကာ

မြောက်အမေရိကမှာ ထားရှိပြီး ဒေါ်လာ ဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ ရွှေချောင်းတွေကို ဗြိတိန်ဆီ ပြောင်းရွှေ့ အပ်နှံခဲ့ကြောင်း နယ်သာလန် ဗဟိုဘဏ် (DNB)က အတည်ပြုခဲ့ပါတယ်။

သတင်း

မွန်ပြည်နယ် ၊မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ကို မနေ့ (သြဂုတ် ၂၈ ရက် ) မနက်ပိုင်းမှာ အမျိုးသား သုံးဦးက သေနတ်ပြပြီး ဓားပြတိုက်သွားတယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။