Connect with us

Hi, what are you looking for?

သတင်း

ရက်စက်တဲ့ဟိုတယ်လူသတ်မှု ဆယ်​ကျော်သက်စုံတွဲကကျူးလွန်ခဲ့တယ်လို့စစ်​ကောင်စီထုတ်ပြန်မှုအ​ပေါ်ပြည်သူအချို့သံသယရှိ​နေ

ရန်ကုန်မြို့လယ်ဟိုတယ်မှာ အမျိုးသမီးတစ်ဦးကို ခန္ဓာကိုယ်အား အပိုင်းပိုင်းဖြတ်​တောက်ရက်ရက်စက်စက်သတ်ခဲ့တဲ့တရားခံကိုဖမ်းမိပြီလို့ စစ်​​ကောင်စီကကြေညာခဲ့ပေမယ့် ကျူးလွန်သူနဲ့ကူညီသူ​တွေဟာ ဆယ်​ကျော်သက်အရွယ်လူငယ်တွေဖြစ်‌နေတာကြောင့် ကျူးလွန်သူမှန်ရဲ့လားဆိုတဲ့​အ​ပေါ် ပြည်သူအချို့က မေးခွန်းထုတ်နေကြပါတယ်။

စစ်​ကောင်စီက လူသတ်မှုကျူးလွန်သူလို့ထုတ်ပြန်ခဲ့တဲ့ လူငယ် သမီးရည်စားစုံတွဲ ။ ဓါတ်ပုံ-စစ်​ကောင်စီ

အောက်တိုဘာ-၈၊၂၀၂၅။သတိုး၊သုည/People’s Spring

ရန်ကုန်မြို့လယ်ဟိုတယ်မှာ အမျိုးသမီးတစ်ဦးကို ခန္ဓာကိုယ်အား အပိုင်းပိုင်းဖြတ်​တောက်ရက်ရက်စက်စက်သတ်ခဲ့တဲ့တရားခံကိုဖမ်းမိပြီလို့ စစ်​​ကောင်စီကကြေညာခဲ့ပေမယ့် ကျူးလွန်သူနဲ့ကူညီသူ​တွေဟာ ဆယ်​ကျော်သက်အရွယ်လူငယ်တွေဖြစ်‌နေတာကြောင့် ကျူးလွန်သူမှန်ရဲ့လားဆိုတဲ့​အ​ပေါ် ပြည်သူအချို့က မေးခွန်းထုတ်နေကြပါတယ်။

“ စကစက မိတယ်ဆိုတဲ့ တရားခံက တစ်ခုခုလွဲနေသလို ခံစားရတယ်။ အခြားမိန်းမတစ်ယောက်နဲ့ ပျော်ပါးပြီး သတ်လိုက်တဲ့ ကောင်လေးကို သူ့ကောင်မလေးက ကူညီအလောင်းဖျောက်ပေးမယ်ဆိုတာ ရိုးရိုးလေးပဲ စဥ်းစားကြည့် ဖြစ်နိုင်ပါ့မလား။ နောက်ပြီး လူတစ်ယောက်သတ်ရတာ သူတို့အတွက် အဲ့လောက် လွယ်ကူနေသလား။ ဂိမ်းအလွန်အကျွံ စွဲလန်းတယ် ဘယ်လောက်ပြောပြော ဒါက လူတစ်ယောက်ကို ဓားနဲ့သတ်ရတာလေ မလွယ်နိုင်ဘူး။ သက်သေခံဓားဆိုတာကလည်း အပိုင်းပိုင်းဖြတ်ဖို့ မဖြစ်နိုင်လောက်ဘူး။ကြက်ကလေး၊ ဌက်ကလေးမှ မဟုတ်တာ လူ့ခန္ဓာကိုယ်လေ။” လို့ ဒီဖြစ်စဉ်အပေါ် ပြည်သူတစ်ဦးက သူ့အမြင်ကို​ပြောပါတယ်။

ဒါ့အပြင် ပြစ်မှူကျူးလွန်တယ်ဆိုတဲ့ လူငယ်တွေက အလောင်းကိုဖျောက်ဖျက်ခဲ့ပေမယ့် သက်သေခံပစ္စည်းတွေကို မဖျောက်ပဲ စစ်ကောင်စီက ဖမ်းဆီးနိုင်တဲ့အချိန် သိမ်းဆည်းနိုင်ခဲ့တာ ဟုတ်ပါ့မလားလို့ သူကမေးခွန်းထုတ်ထားတာပါ။

Public Service Announcement

Public Service Announcement

“ ဆန္ဒပြလူငယ်တွေကျ ဖူးယောင်နေအောင် ထိုးကြိတ်ထားတဲ့ ရဲတွေက အခုလူသတ်တရားခံကျ ဘာဒဏ်ရာမှမရှိဘဲ လွယ်လင့်တကူပဲ လက်ထိတ်လေးခတ်ပြီး ဖမ်းလာတာလား။ မဖြစ်နိုင်တဲ့မေးခွန်းတွေက အများကြီးပဲ။ ကျွန်တော်တို့ကတော့ တရားခံရှာမတွေ့လို့ တွေ့တဲ့ကလေးတွေကို ထိုးထည့်တယ်လို့ပဲ မြင်ပါတယ်” လို့ သူ့ထင်မြင်ချက်ကိုပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုကထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေကို ကြည့်ပြီး လူသတ်မှုကျူးလွန်တယ်ဆိုတဲ့ သူ​တွေဟာ ငယ်ရွယ်လွန်း​နေတဲ့အတွက်တွေဟုတ်ပါ့မလား လို့ သံသယဝင်တယ်လို့ အခြားပြည်သူတစ်ဦးကဆိုပါတယ်။

တကယ်လို့ ဒီလူငယ်လေးတွေက သတ်ဖြတ်ခဲ့တယ်‌ဆိုရင်တော့ ဒီလိုရက်စက်တဲ့ သတ်ဖြတ်မှုတွေကျူးလွန်နိုင်ဖို့ လှုံ့​ဆော်​စေတဲ့ အရာ​တွေကိုရှာ​ဖွေ​ဖော်ထုတ် အ​ဖြေရှာသင့်တယ်လို့ အကြံပြုထားပါတယ်။

စစ်ကောင်စီက မှုခင်းကိစ္စတွေမှာ တရားခံ အစစ်တွေကို လွှတ်ပေးပြီး အစားထိုး‌ လေ့ရှိတာ ၊ တရားခံမမိရင် ​တွေ့ရာသူကိုတရားခံအဖြစ်ထိုထည့်တဲ့ဖြစ်စဉ်‌ တွေ ရှိဖူးတာကြောင့် ပြည်သူတွေဘက်က ဒီအမှုအပေါ်အပြည့်အဝ မယုံကြည်ကြတာဖြစ်ပါတယ်။

ဒါ့အပြင် ဒီလိုဖြစ်ရတာကစစ်ကောင်စီရဲ့ အာဏာသိမ်းမှု အကျိုးဆက်အနေနဲ့ မူးယစ်ဆေးတွေကိုလွတ်လွတ်လပ်လပ်အသုံးပြုခွင့်ပေးထား‌တာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ပြည်သူအချို့က မှတ်ချက်ပေးထားပါတယ်။

ဒီဖြစ်စဉ်အပေါ် ဆရာဝန်တစ်ဦးကလည်း လူသတ်မှူကျူးလွန်သူကို သွေးစစ်ကြည့်ရင် Mephedrone ၊ Methamphetamine ၊ GHB/GBL စတဲ့ ဆေးတွေ ပြည့်နေနိုင်တယ် လို့ သုံးသပ်ထားပြီး လူငယ်တွေကြားမှာ ခေတ်စားနေတဲ့ Chemsex ရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။

စစ်ကောင်စီက​တော့ရန်ကုန်မြို့ ၊ပန်းပဲတန်းမြို့နယ် ၃၂လမ်း က Beauty Land ဟိုတယ်မှာ ဖြစ်ခဲ့တဲ့ လူသတ်မှု ကျူးလွန်သူကို ဖမ်းဆီးရမိပြီလို့ အောက်တိုဘာ ၈ ရက်မှာ သတင်းထုတ်ပြန်ထားတာပါ။

လူသတ်မှူကျူးလွန်သူ က သာကေတ မြို့နယ်မှာ နေထိုင်တဲ့ အသက် ၁၈နှစ်အရွယ် အောင်ခန့်ကျော်ဇင်ဖြစ်ပြီး ဂိမ်းအလွန်ကစားသူဖြစ်ကာ နိုင်ငံခြားဇာတ်ကားများထဲက လူသတ်အ‌လောင်းဖျောက်သည့် ဇာတ်ဝင်ခန်းများအတိုင်း အသင့်ယူဆောင်လာတဲ့ ဓားနဲ့ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တယ်လို့ ထွက်ဆိုကြောင်း စစ်ကောင်စီကဆိုပါတယ်။

သေဆုံးသူကတော့ နတ္တလင်းမြို့နယ်က အသက် ၂၃ နှစ်အရွယ် မစုမြတ်ဝင်းဖြစ်ပြီး လူသတ်မှုကျူးလွန်သူက တယ်လီဂရန်ချန်နယ်မှတစ်ဆင့် အခပေးပျော်ပါးရန် ဆက်သွယ်ကာ ဟိုတယ်ကိုခေါ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၆ ရက်က ၃၂ လမ်းမှာရှိတဲ့ Beauty Land ဟိုတယ်ရဲ့ အခန်း ၅၀၂ မှာ လူသတ်မှုဖြစ်ခဲ့တာဖြစ်ပြီး ဝမ်းတွင်းကလီစာတွေ နဲ့ ပေါင်သားတွေ လှီးဖြတ်ခံထားရတဲ့ သေဆုံးသူကိုထည့်ထားတဲ့ကျွတ်ကျွတ်အိတ်အပြာကို အခန်းပြတင်းပေါက် အပြင်ဘက် အဲကွန်းOutdoor နှစ်ခုကြားမှာ တွေ့ခဲ့တာပါ။

လူသတ်မှူကျူးလွန်သူနဲ့ အခင်းနေရာကိုရှင်းလင်းရာမှာ ပါဝင်ကူညီခဲ့တဲ့ လူသတ်မှူကျူးလွန်သူ ရဲ့ ချစ်သူကို သူတို့ရဲ့ နေအိမ်တွေမှာ အောက်တိုဘာ ၇ ရက်က ဖမ်းဆီးခဲ့တယ်လို့ စစ်​ကောင်စီကဆိုပါတယ်။

“ အောင်ခန့်ကျော်ဇင်၏ နေအိမ်မှ ပြစ်မှူကျူးလွန်စဉ် ၎င်းဝတ်ဆင်အသုံးပြုခဲ့သည့် အဝတ်အစားများ ၊စတီးဓားနှစ်ချောင်း ၊ သေဆုံးသူကိုင်ဆောင်သည့် လက်ကိုင်ဖုန်းတစ်လုံးအပါအဝင် လက်ကိုင်ဖုန်းသုံးလုံးနဲ့ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပါသည်” လို့ ထုတ်ပြန်ထားပါတယ်။

အောင်ခန့်ကျော်ဇင်ရဲ့ ချစ်သူက အခန်းတွင်းကသွေးတွေကိုသန့်ရှင်းရေးပြုလုပ်တာ ၊ အလောင်းဖျောက်တာမှာ ပါဝင်ကူညီခဲ့တာကြောင့် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

အောင်ခန့်ကျော်ဇင် ဟာလူသတ်မှုကျူးလွန်တာဟုတ်၊မဟုတ် မသိ​ပေမယ့် သူကို ဖမ်းဆီးသွားတာ မှန်တယ်လို့ သူနေထိုင်တဲ့ ရပ်ကွက်က ဒေသခံအချို့က လူထုနွေဦးကို အတည်ပြုပေးပါတယ်။ သူ့ရဲ့မိခင်ဟာ ​ဆရာဝန်ဖြစ်ပြီး သူတို့မိသားစုဟာ​ငွေ​ကြွေးချမ်းသာတယ်လို့ စုံစမ်းသိရပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ မပါဝင်ပေမယ့် စစ်ကောင်စီထောက်ခံတဲ့ သတင်းဌာနတွေမှာတော့ လူသတ်မှူကျူးလွန်သူက အမျိုးသားကိုသတ်ရင် ပြန်ခုခံမှာစိုးတာကြောင့် အမျိုးသမီးကို ရွေးချယ်ခဲ့တာဖြစ်ပြီး လူသတ်ဖို့ဓါး၊အလောင်းထည့်ဖို့ပလတ်စတစ်အိတ်နဲ့ သွေးတွေကိုချွတ်ဖို့အစွန်းချွတ်တဲ့အက်ဆစ်ပုလင်းတွေကို အောက်တိုဘာ ၅ ရက်ကတည်းက ယူဆောင်သွားခဲ့တာလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် သေဆုံးသူရောက်ရှိလာချိန်မှာ လည်ပင်းကိုညှစ်ပြီး ရင်ဘတ်ကို ဓားနဲ့ ထိုးသတ်ခဲ့တာလို့ ဆိုပါတယ်။အဲဒီ့နောက် ပေါင်သားတွေကိုလှီးကာ အိမ်သာထဲကိုထည့်ခဲ့ပြီး ဝမ်းဗိုက်ထဲကကလီဇာတွေကိုတော့ အိတ်နဲ့ထည့်ကာ ဗိုလ်ချုပ်လမ်းပေါ်က အမှိုက်ပုံး‌ထဲကို ပစ်ခဲ့တာလို့ဆိုပါတယ်။

စစ်ကောင်စီက နေအိမ်မှာဖမ်း‌ဆီးစဉ် လူသတ်မှုကျူးလွန်ခဲ့တဲ့ ဓားကိုသိမ်း‌ဆည်းခဲ့တယ်လို့ ထုတ်ပြန်ထားပေမယ့် စစ်​ကောင်စီလက်အောက်ခံ မီဒီယာတွေမှာတော့ အဲဒီ့ဓားကို မဟာဗန္ဓုလတံတားပေါ်ကနေ ပစ်ချခဲ့တယ်လို့ရေးသားထားပါတယ်။

အဲဒီ့အပြင် လူသတ်မှုကျူးလွန်ချိန်မှာ ရုန့်ရင်းဆန်ခတ်ဖြစ်တာကြောင့် အခန်းနံရံဆေးကွာသွားလို့ ဟိုတယ်ကို Check Out ပြုလုပ်ချိန်မှာ လျော်ကြေး ကိုးသောင်းပေးရတယ်လို့ စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေက ရေးသားထားပေမယ့် စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ မပါဝင်​ပါဘူး။

ဖမ်းဆီးထားသူနှစ်ဦးကို စစ်အုပ်စုရဲ့ပန်းဘဲတန်းမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီက လူသတ်မှုနဲ့ပတ်သက်ပြီး ထုတ်ပြန်ထားပေမယ့် ပြည်သူ အချို့ကလည်း စစ်ကောင်စီရဲ့ ထုံးစံအတိုင်း ဇာတ်ကွက်ဆင် လုပ်ကြံဖန်တီးတာတွေရှိနိုင်တယ်လို့ ယူဆနေကြပါတယ်။

လူသတ်မှူကျူးလွန်တယ်ဆိုတဲ့သူတွေဟာ ၁၈ နှစ်အရွယ်တွေပေမယ့် စစ်ကောင်စီ အာဏာသိမ်းတဲ့ ကာလမှာဆိုရင် ဆယ်ကျော်သက်အရွယ်တွေသာရှိသေးတာကြောင့် အာဏာသိမ်းတဲ့ကာလ ဖြတ်သန်းရတဲ့ လူငယ်တွေရဲ့ စိတ်အခြေအနေအပေါ် ဖေ့စ်ဘွတ်ခ်အသုံးပြုသူအချို့က မေးခွန်းထုတ်​နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်မှာနိုင်ငံရေး၊စီးပွားရေးမဟာမိတ်အဖြစ် ပူးပေါင်းချိတ်ဆက်ဖို့ဆွေးနွေးခဲ့ဟု ချင်းညီနောင်ပြော

သတင်း

ရန်ကုန်တိုင်းပကဖတိုက်ခိုက်ရေးစစ်ကြောင်း၊ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းနဲ့ မွန်ပြည်နယ်ပကဖတိုက်ခိုက်ရေးစစ်ကြောင်းကို လက်နက်တပ်ဆင်ပေးခဲ့ကြောင်း အထူးတိုင်းစစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

နိုဝင်ဘာ – ၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring ဘားအံမြို့မှာ စစ်ကောင်စီက ကျင်းပတဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့သုံး ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဒီနေ့​ (နိုဝင်ဘာလ ၇ ရက်) မှာ ကျရောက်တဲ့ နှစ် (၇၀ )...

သတင်း

ရန်ကုန်မြို့မှာ အောက်တိုဘာလအတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးခံရသူ ၉၀ကျော်ရှိပြီး ရွေးကောက်ပွဲအပေါ်ဝေဖန်ပြောဆိုမှုဆိုတဲ့ အကြောင်းပြချက်နဲ့ ၉ဦးဖမ်းဆီးခံခဲ့ရတယ်လို့ မြေပြင်သတင်းတွေဖော်ပြနေတဲ့ Rangoon Scout Network -RSNက ဖော်ပြပါတယ်။