Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းဥပဒေကြောင့် မြန်မာလူငယ်တွေ လုံခြုံရေးစိုးရိမ်နေကြတယ်လို့ UNDP ထုတ်ပြန်

ရဲနဲ့ တရားရုံးတွေက အကာအကွယ်ပေးနိုင်တဲ့အဖွဲ့အစည်းမဟုတ်ဘဲ အမြတ်ထုတ်၊ထိခိုက်နိုင်တဲ့အဖွဲ့တွေလို့ လူငယ်တွေရှုမြင်လာ

စစ်မှုထမ်းရန် ခေါ်ဆောင်ခံရတဲ့ လူငယ်တွေကို စစ်တပ်ဝင်းတခုအတွင်းမှာ တွေ့ရစဉ်။ ဓာတ်ပုံ - စကစ

အောက်တိုဘာ-၁၀၊ ၂၀၂၅။ဇော်ဝင်း/People’s Spring

စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်ပိုင်း အမျိုးသမီးတွေထက် အမျိုးသားလူငယ်တွေကလုံခြုံရေး ပိုမိုစိုးရိမ်ကြောက်ရွံ့နေကြရတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဥ်(UNDP)က ဒီကနေ့(အောက်တိုဘာ ၉ရက်)မှာ ထုတ်ပြန်ပါတယ်။

“ချောက်ကမ်းပါးထက်ကမျိုးဆက်”လို့ အမည်ပေးထားတဲ့ မြန်မာလူငယ်တွေရဲ့လုံခြုံရေးနဲ့လူမှုဘဝ စိန်ခေါ်မှုစစ်တမ်းမှာ UNDPကအထက်ပါအတိုင်း ဖော်ပြထားတာ ဖြစ်ပါတယ်။

မြန်မာလူငယ်တွေရဲ့ စိုးရိမ်မှုအဓိကအချက်က စစ်မှုထမ်းဖို့ အဓမ္မစုဆောင်ခြင်းခံရတာနဲ့ သက်ဆိုင်ပြီး စစ်မှုထမ်းဖို့ အဖွဲ့အစည်းတွေက တိုက်ရိုက်တောင်းဆိုတာထက် စစ်မှုထမ်းရနိုင်တယ် ဆိုတဲ့ အန္တရာယ်က ပုဂ္ဂိုလ်ရေးဆိုင်ရာဘေးကင်းလုံခြုံရေးကို စိုးရိမ်ပူပန်နေကြရတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လူငယ်သုံးပုံတစ်ပုံ(ငါးသန်းခန့်)က စစ်မှုထမ်းဥပဒေကြောင့် စိတ်ပိုင်းဆိုင်ရာဖိစီးမှု ဖြစ်လာပြီး စစ်ကောင်စီနဲ့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေက ထင်သလို ဖမ်းဆီးတာ၊ညအချိန်ဝင်ဖမ်းတာနဲ့ အဓမ္မ စုဆောင်းတာတွေကို ရင်ဆိုင်နေရတယ်လို့ ဖော်ပြပါတယ်။

“မဲပေါက်လို့ဝင်လာရတာရှိတယ်။ငွေကြေး ကြောင့်ဝင်လာရတာရှိတယ်။ပေါ်တာဆွဲလို့ဝင်လာရတာရှိတယ်။သုံးမျိုးသုံးစားရှိတယ်။စစ်မှုထမ်းချင်လို့ဝင်လာတဲ့သူတော့မရှိဘူး”လို့ မကြာသေးခင်က ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဆီထွက်ပြေးလွတ်မြောက်လာတဲ့ စစ်ကောင်စီကပေါ်တာဆွဲခဲ့တဲ့ စစ်မှုထမ်းတပ်သား ကိုအောင်ကိုကိုဟိန်းက ပြောပါတယ်။

လူငယ် ၄၀ရာခိုင်နှုန်းကျော်ဟာညဘက်မှာတစ်ယောက်တည်းလမ်းလျှောက်ရင် “မလုံခြုံဘူး”၊”လုံးဝ မလုံခြုံဘူး”လို့ ဖြေဆိုပြီး စစ်တပ်အာဏာမသိမ်းခင်က နှုန်းထားထက် နှစ်ဆကျော်ပိုများတယ်လို့ UNDP က အသိပေးပါတယ်။

လူငယ် ခုနစ်ဦးမှာ တစ်ဦးက ပုဂ္ဂိုလ်ရေးဆိုင်ရာ ဘေးကင်းလုံခြုံရေးအတွက်စိုးရိမ်ပူပန်မှုကို အမြဲတမ်း၊မကြာခဏခံစားရပြီး ချင်းပြည်နယ်မှာ ၃၀ ရာခိုင်နှုန်း၊ ကရင်နီမှာ ၂၅ ရာခိုင်နှုန်း၊ရခိုင်မှာ ​၂၂ ရာခိုင်နှုန်းနဲ့ ကချင်မှာ ၂၁ ရာခိုင်နှုန်းကဲ့သို့ ပဋိပက္ခ ဒေသတွေမှာ သိသိသာသာမြင့်မားနေတယ်လို့လည်း စစ်တမ်းက ဆိုပါတယ်။

“အသိသူငယ်ချင်းတစ်ယောက်ဆို လမ်းထိပ် ဆေးလိပ်သွားဝယ်ရင်းနဲ့ ပေါ်တာဆွဲခံရတာလေ။ သေသလားရှင်သလားလည်း အခုထိအဆက် အသွယ်မရဘူး။အခုဆို အလုပ်က ပြန်လာတာနဲ့ အိမ်ပဲ ရောက်အောင် တန်းပြန်တယ်။အရင်လို လူစည်းကားတဲ့နေရာလျှောက်မသွားရဲတော့ဘူး”လို့ ရန်ကုန်မြို့က အသက် ၂၈ နှစ်အရွယ် ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောပါတယ်။

တရားဥပဒေစနစ်ပေါ်မှာလည်း ယုံကြည်မှုလုံးဝပျက်ပြားသွားပြီး ရာဇဝတ်မှုကျူးလွန်ခံရတဲ့ ၂၀ ရာခိုင်နှုန်းလောက်ကပဲ မိသားစုပြင်ပကိုသတင်းပို့ကြတာက အာဏာပိုင်တွေအပေါ် ယုံကြည်မှုမရှိတာကို တွေ့ရတယ်လို့ UNDP က သုံးသပ်ပါတယ်။

ရဲနဲ့ တရားရုံးတွေက အကာအကွယ်ပေးနိုင်တဲ့အဖွဲ့အစည်းလို့ မမြင်ကြတော့ဘဲ အမြတ်ထုတ်တာ ဒါမှမဟုတ် ထိခိုက်နိုင်စေတဲ့အဖွဲ့အစည်းလို့ လူငယ်တွေက ရှုမြင်လာတယ်လို့လည်း အသိ​​​ပေးပါတယ်။

နောက်ဆုံးထုတ်ပြန်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်အညွှန်းကိန်းမှာ မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာရာဇဝတ် အများဆုံးကြုံတွေ့နေရတဲ့ နိုင်ငံအဖြစ် သတ်မှတ်ခံထားရပါတယ်။

အဲဒါအပြင် ကမ္ဘာ့ပေါ်မှာ ဘိန်း၊ဓာတုမူးယစ်ဆေးတွေ အကြီးဆုံးထုတ်လုပ်တဲ့နိုင်ငံဖြစ်လာပြီး စီး ပွားရေးနဲ့ လူမှုရေးတွေမှာ ရာဇဝတ်ဂိုဏ်းတွေက သြဇာလွှမ်းမိုးမှုသိသာထင်ရှားလာနေတယ်လို့ ဖော်ပြပါတယ်။

မြန်မာနိုင်ငံက အသက် ၁၅ နှစ်ကနေ ၃၅ နှစ်အတွင်း လူငယ်လေးသိန်းဝန်းကျင်က ပညာသင်ယူနိုင်မှုမရှိတော့တာနဲ့ အလုပ်အကိုင်မရှိဘူးဆိုတဲ့ ကြီးကြီးမားမားစိန်ခေါ်မှုတွေကို မကြံစဖူးရင်ဆိုင် နေရတယ်လို့ အခုလဆန်းပိုင်း UNDP က သီးခြား ထုတ်ပြန်ထားပါတယ်။

၂၀၂၄ ဖေဖော်ဝါရီမှာ စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီး အပတ်စဥ်တစ်ခုမှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား အမျိုးသားလူငယ် ငါးထောင်ကို စုဆောင်းခဲ့ပါတယ်။အခုဆိုရင် အပတ်စဥ်(၁၈)ကိုစဖို့ စစ်​အုပ်စုက ကြိုးပမ်းနေပါတယ်။

စစ်မှုထမ်းခေါ်ဆောင်ခံရပြီးနောက် ရှေ့တန်းစစ်မြေပြင်ပို့ဆောင်ခံရသူတွေအနက် အချို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ထွက်ပြေး ခိုလှုံတာတွေ အများအပြားရှိနေပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

"စင်ကာပူကအလုပ်သမားရှားတယ်၊ဒါပေမယ့်လူတွေကို ပိုပြီးခေါ်မယ့်အစားAI ကို အသုံးချပြီးထုတ်လုပ်မှုစွမ်းအားမြှင့်တင်မယ်"

သတင်း

​မြန်မာနိုင်ငံမှာ အတင်းအကြပ် စစ်မှုထမ်းခိုင်းစေခြင်းနဲ့ မလုံခြုံမှုတွေကြောင့် အလုပ်သမားတွေနဲ့ လူငယ်ထုဟာ လူကုန်ကူးခံရမယ့်အန္တရာယ်နဲ့ မရေရာတဲ့ ရွှေ့ပြောင်းအလုပ်အကိုင်တွေကြားသို့တွန်းပို့ခံနေရကြောင်း ရွှေဘိုမြို့နယ်သပိတ်အင်အားစု က ၂၀၂၆ ခုနှစ်၊ မေဒေးလှုပ်ရှားမှုနဲ့အတူ သတိပေးပါတယ်။

ဆောင်းပါး

လှိုင်မြို့နယ်၊ ၁၁ ရပ်ကွက်ရဲ့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးဟာ အဲဒီရ​ပ်ကွက်ထဲက မီနီကွန်ဒိုတစ်ခုရဲ့ လေးလွှာမှာ ရှိပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ နေ့လယ် ၂ နာရီခွဲဝန်းကျင်က အဲဒီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးခန်းရဲ့အောက်မှာ လူနာတင်ကားသံတွေ ဆူညံသွားခဲ့တယ်။ တိုက်ပေါ်ကနေ လူငယ်နှစ်ယောက်ခုန်ချတာတဲ့။

နိုင်ငံတကာ

လူငယ်တွေကို ဆန္ဒအလျောက် စစ်မှုထမ်းစေမယ့် ဥပဒေမူကြမ်းကို ဂျာမနီ လွှတ်တော်က မဲခွဲ အတည်ပြုပေးလိုက်ပါတယ်။