Connect with us

Hi, what are you looking for?

သတင်း

ဟားခါးရဲစခန်း ချင်းပူးပေါင်းတပ်စီးနင်းမှု တော်လှန်ရေးရဲဘော် ၅ဦးအပါအဝင်အကျဉ်းသား ၁၅ဦး ကယ်ထုတ်

စစ်ဆင်ရေးအတွင်း ရဲ ၅ဦးသေ၊ ချင်းရဲဘော် ၁ ဦးကျဆုံး၊ လက်နက်အချို့သိမ်းရ

ဟားခါးမြို့ရဲစခန်းကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

အောက်တိုဘာ-၁၆၊ ၂၀၂၅။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ဟားခါးမြို့ရဲစခန်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ လက်အောက်ခံ ရဲတွေ သေဆုံးထိခိုက်မှုရှိခဲ့ပြီး အကျဉ်းသားတွေ ကယ်ထုတ်နိုင်ခဲ့ကြောင်း ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

အောက်တိုဘာ၁၆ရက်မနက်၃နာရီမှာချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးနဲ့ ချင်းအမျိုးသားတပ်မတော်(CNA) ပူးပေါင်းပြီး သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

” လုံခြုံရေးယူထားတဲ့ ရဲ ၅ယောက်သေဆုံးခဲ့တယ်။ ပြီးရင်လက်နက် ၂လက် ရရှိခဲ့တယ်တဲ့။ တော်လှန်ရေးတပ်ဖွဲ့ဘက်မှာတော့ ဆလိုင်းဇိုရမ်ထန်း တယောက်တော့ ကျဆုံးတယ်တဲ့။ ပြီးရင် အကျဉ်းသား ၁၅ယောက် ကယ်ထုတ်နိုင်ခဲ့တယ်။ အဲဒီ အကျဉ်းသား ၁၅ယောက်ထဲမှာ ၅ယောက်ကတော့ CNAနဲ့ CDF တွေဖြစ်တာပေါ့” လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဟားခါးရဲစခန်းဝင်ရောက်စီးနင်းမှုနဲ့ပတ်သက်ပြီး CNA ပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းထက်နီက CDF ဟားခါးက ဦးဆောင်ခဲ့ခြင်းဖြစ်တယ်လို့ ပြောပါတယ်။

CDF ဟားခါးဟာ ၂၀၂၄ ဇူလိုင်ကလည်း အခုလို ရဲစခန်းကို ဝင်ရောက်စီးနင်းပြီး အကျဉ်းသား ၆၀ ကျော်ကယ်ထုတ်နိုင်ခဲ့သလို အဲဒီစစ်ဆင်ရေးမှာ စစ်ကောင်စီရဲ့ ရဲတွေသေဆုံးမှု၊ လက်နက်ခဲယမ်း သိမ်းပိုက်ရရှိမှုတွေလည်းရှိခဲ့ပါတယ်။

ဒီကနေ့ ရဲစခန်းဝင်ရောက်စီးနင်းခံရမှု ဖြစ်စဉ်အပြီးမှာ စစ်ကောင်စီတပ်က ဟားခါးမြို့နယ်အတွင်း တပ်ဖြန့်ထားပြီး စစ်ရေးလှုပ်ရှားနေတယ်လို့ ဆိုပါတယ်။

ဟားခါးမြို့ပတ်လမ်းမှာ အင်အား ၅၀လောက်နဲ့ နေရာယူထားတာလို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီကဟားခါးမြို့နယ်၊ဗန်ဟားကျေးရွာကို အောက်တိုဘာ ၁၃ရက်ကတိုက်ပွဲမရှိဘဲကျောင်းသားတွေစာသင်ချိန် လေကြောင်း တိုက်ခိုက်ခဲ့လို့ ကလေးငယ် ၂ဦး သေဆုံးကာ ၂၁ဦး ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်အပြီး ၂ရက်အကြာမှာ စစ်ကောင်စီ ရဲစခန်းကို ဝင်ရောက်စီးနင်းခဲ့တာလည်းဖြစ်ပါတယ်။

စာသင်ကျောင်းကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်တဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ကို CDF ဟားခါးက ရှုတ်ချခဲ့ပြီး စစ်အာဏာရှင်စနစ် အပြီးတိုင် ဖျက်သိမ်းတဲ့အထိ ပြည်သူနဲ့အတူ တိုက်ပွဲဝင်သွားမယ်လို့ အသိပေးထားပါတယ်။

အခု စစ်ဆင်ရေးဟာ ဟားခါးမြို့နယ်က ကျေးရွာကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်လာတဲ့အပေါ် တုန့်ပြန်တာ ဖြစ်နိုင်တယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

” ဟားခါးမြို့ထဲမှာ ရွေးကောက်ပွဲလည်း မဖြစ်မြောက်အောင် ဆက်လုပ်မယ်လို့ သူတို့(ချင်းတော်လှန်ရေးတပ်ဖွဲ့)က ပြောပါတယ်”လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ဒုတိယ ကမ္ဘာစစ်မှာ နာမည်ဆိုးနဲ့ အထူးကျော်ကြားခဲ့တဲ့ နာဇီ ခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ မွေးဖွားခဲ့တဲ့ နေရာဟာ အခုတော့ ရဲစခန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့အနီးတိုက်ပွဲမှာ တော်လှန်ရေး ရဲဘော် ၂ဦးကျဆုံးခဲ့တယ်လို့ အမှတ်(၁၁၀၉)တပ်ရင်းက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကုက္ကိုစုပျူစောထီးရွာမှာ တော်လှန်ရေး ရဲဘော် ၂ ဦးအပါအဝင် ၉ ဦးကို စစ်တပ်က နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း မကွေးတိုင်းပကဖက ထုတ်ပြန်ပါတယ်။