Connect with us

Hi, what are you looking for?

သတင်း

CDF ကန်ပက်လက်စစ်ဦးစီးချုပ် မင်္ဂလာပွဲ လေကြောင်းတိုက်ခိုက်ခံရမှု ၃ဦးထက်မနည်းသေဆုံး၊ အများအပြား ဒဏ်ရာရ

TNLAထိန်းချုပ် နမ္မတူကို စစ်ကောင်စီ ၄ကြိမ် ဆက်တိုက် ဗုံးကြဲ

အောက်တိုဘာ-၂၄၊ ၂၀၂၅။ ထားမြတ်/People’s Spring

ချင်းဒေသကာကွယ်ရေးတပ်(CDF)-ကန်ပက်လက် စစ်ဦးစီးချုပ် ဆလိုင်းအောင်လိန်းရဲ့မင်္ဂလာပွဲကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ မနက်မှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ ရဲမေ ၁ဦး အပါအဝင် ၃ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို စစ်ကောင်စီက ဒီမနက်(အောက်တိုဘာ ၂၄ရက်)မှာ လေကြောင်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

” လောလောဆယ်၃ယောက်သေတယ်။ ရဲမေတယောက်ပါတယ်။ ကြဲတာ ၂နေရာ စစ်ချုပ်ရဲ့ မင်္ဂလာပွဲချိန်တာ”လို့ ဒေသ သတင်းရင်းမြစ်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဦးစီးချုပ် ဆလိုင်းအောင်လိန်းထိခိုက်မှု ရှိ၊မရှိ အခြေအနကို မသိရသေးဘူးလို့ လည်း အခြားသတင်းရင်းမြစ်တဦးက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ မင်္ဂလာပွဲ ဖိတ်စာပါ မင်္ဂလာပွဲကျင်းပမယ့်နေရာကို နေရာ၊ အချိန်အတိအကျ လေကြောင်းတိုက်ခိုက်လာတာလို့ သတင်းရင်းမြစ်က ပြောပါတယ်။

ဖိတ်စာကို ကန်ပက်လက်ဒေသတွင်းသာမကဆက်စပ် နယ်မြေဒေသတွေဆီကိုပါ ဖိတ်ကြားတာ ရှိတယ်လို့ သိရကြောင်း သတင်းရင်းမြစ်က ပြောပြပါတယ်။

CDF ကန်ပက်လက်ကတော့ လေကြောင်းတိုက်ခိုက်ခံရမှု အခြေအနေကို သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

စစ်ကောင်စီဟာ ချင်းပြည်နယ်က မြို့နယ်တွေအပါအဝင် နိုင်ငံတဝန်း အရပ်သား ပြည်သူနေထိုင်ရာတွေ စာသင်ကျောင်း၊ဘုန်းကြီးကျောင်းတွေကို လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ အချိန်မှာ စစ်ရေးတာဝန်ရှိသူတဦးရဲ့ မင်္ဂလာဆောင်ကို အခုလိုမင်္ဂလာပွဲ ကျင်းပမယ့်နေရာ ၊ အချိန်တွေ ပါဝင်တဲ့ ဖိတ်ကြားစာတွေဝေပြီး ကျင်းပတာမျိုးမလုပ် သင့် ဟုဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

ဒီလို လုပ်ရပ်ဟာ စစ်တပ်ရဲ့ လေကြောင်းရန်ကို ဖိတ်ခေါ်သလိုဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

စစ်ကောင်စီဟာ တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့ရွာတွေကိုလည်း လေကြောင်း စစ်ဆင်ရေးတွေ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ဒီကနေ့ မနက် ၉နာရီ နဲ့ ၁၀နာရီ ကြားမှာ နမ္မတူမြို့ကို လေးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

နမ္မတူကို ဗုံးကြဲတိုက်ခိုက်တဲ့အကြောင်း TNLAက ထုတ်ပြန်ထားပြီးထိခိုက်မှု အခြေအနေကိုဖော်ပြမထားပါဘူး။

အောက်တိုဘာ ၁ရက်ကနေ ၂၃ရက်အထိ နမ္မတူ၊ မန်တုံ၊ ကျောက်မဲ၊ မိုင်းမိတ်၊ သီပေါ၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ့်ဆန် စတဲ့ TNLA ထိန်းချုပ်နယ်မြေတွေကို လေကြောင်း တိုက်ခိုက်မှု ၃၅ကြိမ် ပြုလုပ်ခဲ့ရာ ကလေးငယ် ၁၀ဦး အပါအဝင် ပြည်သူ ၄၇ ဦးသေဆုံးကာ ပြည်သူ ၆၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အသိပေးထားပါတယ်။

စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ မြို့ရွာတွေကို ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်နေလို့ စစ်ရေးသတိရှိဖို့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာတွေလိုက်နာဖို့ TNLAက နှိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန်လ ၂၀ရက် နေ့လည်ပိုင်းနဲ့ မနက်ပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့တယ်လို့ ဒေသခံက အသိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။