Connect with us

Hi, what are you looking for?

သတင်း

ဆိပ်ဖြူက စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်၊ စစ်သားလေးဦး သေပြီး လက်နက်ခဲယမ်းအချို့ရ၊ တိုက်ပွဲအတွင်းမှာ Yenanthar Column စစ်ကြောင်းမှူး ကျဆုံး

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်က စစ်ကောင်စီတပ်ရဲ့ ဂိတ်စခန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား လေးဦးသေပြီး လက်နက်ခဲယမ်းအချို့သိမ်းရရှိခဲ့တယ်လို့ ပခုက္ကူခရိုင်စစ်ဌာနက ဒီကနေ့ (အောက်တိုဘာ ၂၈ရက်)မှာ ထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သားတွေထံက သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - ပခုက္ကူခရိုင်အမှတ်-၁၉တပ်ရင်း

အောက်တိုဘာ-၂၈၊ ၂၀၂၅။ဇော်ဝင်း/People’s Spring

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်က စစ်ကောင်စီတပ်ရဲ့ ဂိတ်စခန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား လေးဦးသေပြီး လက်နက်ခဲယမ်းအချို့သိမ်းရရှိခဲ့တယ်လို့ ပခုက္ကူခရိုင်စစ်ဌာနက ဒီကနေ့ (အောက်တိုဘာ ၂၈ရက်)မှာ ထုတ်ပြန်ပါတယ်။

“ဆိပ်ဖြူ နဲ့ စလင်းချိတ်ဆက်ထားတဲ့ လမ်းမကြီးပေါ်က ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တာဖြစ်တယ်။အဲဒီဂိတ်မှာ ပစ(ပြည်သူ့စစ်)နဲ့ စစ်ကောင်စီတပ်သား ၁၂ဦးကနေ ၁၅ ဦးထိရှိတယ်”လို့ ပခုက္ကူခရိုင် တပ်ရင်း(၁၉) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ဒါပေမယ့် တိုက်ပွဲအတွင်းမှာ Yenanthar Column (မကွေးတိုင်း ပကဖရွေ့လျားစစ်ကြောင်း) က စစ်ကြောင်းမှူး ရဲဘော်ဆိပ်ဖြူ (ခ) ရဲဘော်ဟိန်းမင်းသူ ကျဆုံးခဲ့ရတယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“လေးယောက်နဲ့ တစ်ယောက်လဲ လိုက်ရတာ မတန်ဘူး”လို့ Yenanthar Column ရဲဘော်တစ်ဦးက ပြောပါတယ်။

အောက်တိုဘာ၂၇ရက် မနက် ၅နာရီခွဲဝန်းကျင်မှာ ဆိပ်ဖြူမြို့နယ်၊ ဂွေးပင်ချောင်းကျေးရွာနဲ့ တောင်ငယ်လုံးကျေးရွာကြား စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ပခုက္ကူခရိုင် တပ်ရင်း(၁၉)နဲ့ ‌(မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်က လေးဦး သေဆုံးပြီး MA-3 သေနတ်တစ်လက်၊ ကျည်ဘောက် သုံးဘောက်၊ 5.56 ကျည် ၁၁၀နဲ့ အခြားဆက်စပ်ပစ္စည်းတွေ သိမ်းရတယ်လို့ ဆိုပါတယ်။

ဂိတ်စခန်းတိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်က ဂွေးပင်ချောင်းကျေးရွာနဲ့ တောင်ငယ်လုံးကျေးရွာကို အင်အားဖြည့်တာအပြင် ဆိပ်ဖြူ-စလင်းလမ်းပိုင်းကို စစ်ကြောင်းထိုးလာတယ်လို့ သိရပါတယ်။

ဆိပ်ဖြူနဲ့ စလင်းမြို့နယ်လမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့ အောက်တိုဘာ ၂၅ရက်မှာ စစ်ကောင်စီတပ်က အင်အား ၂၀၀နဲ့ စစ်ကြောင်းထိုးခဲ့ပေမယ့် အထိနာပြီး ဆိပ်ဖြူမြို့နယ်ထဲ ပြန်ဆုတ်ခဲ့ရတာရှိပါတယ်။

စစ်ကောင်စီတပ်ရဲ့ ထိုးစစ်မှာ အမှတ် (၂၁ ၊ ၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၁၊၂၂) ၊အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ ၉) နဲ့ တပ်မ(၈၈) လက်အောက်ခံ ခလရ(၁၃)တပ်ရင်းတို့ ပါဝင်တယ်လို့ Yenanthar columnက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တပ်ချိန်းဖို့ ထွက်လာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က စစ်တပ်ရဲ့ ကာဘိုးကျေးရွာတပ်စခန်းအနီး တိုက်ပွဲအတွင်း စစ်တပ် ထိခိုက်သေဆုံးမှုရှိပြီး လက်နက်၂လက် သိမ်းရခဲ့တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။