Connect with us

Hi, what are you looking for?

သတင်း

ချောက်မှာ အသံတိတ်သပိတ်ပူးပေါင်းပါဝင်ဖို့နဲ့ ရွေးကောက်ပွဲလက်မခံဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေ

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ အသံတိတ်သပိတ်မှာပူးပေါင်းပါဝင်ဖို့နဲ့ ရွေးကောက်ပွဲ လက်မခံဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - People Defense Force Chauk

ဒီဇင်ဘာ-၉၊၂၀၂၅၊ဇော်ဝင်း/People’s Spring

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ အသံတိတ်သပိတ်မှာပူးပေါင်းပါဝင်ဖို့နဲ့ ရွေးကောက်ပွဲ လက်မခံဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

ဒီကနေ့ (ဒီဇင်ဘာ ၉ ရက်)မှာ ချောက်မြို့နယ်အမှတ် (၃)ပြည်ထောင်စုလမ်းမကြီးပေါ်မှာ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

“လက်ရှိ အခြေအနေအရ မနက်ဖြန် မှာ ညနေ ၃ နာရီထိ အိမ်ထဲကနေ အိမ်ပြင် မထွက်ဖို့ ပြည်သူတွေကို တိုက်တွန်းလိုပါတယ်”လို့ ချောက်ပကဖ တာဝန်ရှိသူက လက်ကမ်းစာစောင်ဖြန့်​ဝေရတဲ့ အခြေအနေကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဒီဇင်ဘာ ၁၀ ရက်မှာကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အသံတိတ်သပိတ်ပြုလုပ်ဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနှိုးဆော်ပါတယ်။

ပြည်သူအားလုံးပါဝင်နိုင်ဖို့အတွက် အသံတိတ်သပိတ်ကို နံနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ အသိပေးထားပါတယ်။

မနက်ဖြန် အသံတိတ်သပိတ်မှာ တနိုင်ငံလုံး လူထုတရပ်လုံးက “အပြင်မထွက်၊ အသံတိတ်သပိတ်ကြီး” (Silent Strike) ဆင်နွှဲပြီးတော့ လူထုသဘောထားနဲ့ တောင်းဆိုချက်ကြီး သုံးရပ်ကို ဖော်ထုတ် တောင်းဆိုကြဖို့နဲ့ ပြည်သူလူထုအားလုံး အတူတကွ ပူးပေါင်း ပါဝင်ဆင်နွှဲကြဖို့ သပိတ်ခေါင်းဆောင် ကိုတေဇာဆန်းက လူမှုကွန်ရက်ကနေအသိပေးထားပါတယ်။

အဲဒီအချက်သုံးချက်က အဓမ္မ ဖမ်းဆီးအကျဉ်းကျခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်တို့နဲ့အကွ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချွင်းချက်မရှိအမြန်ဆုံး လွတ်ပေးဖို့၊ စစ်အုပ်စုက အတင်းအဓမ္မ ပြင် ဆင်နေတဲ့ ရွေးကောက်ပွဲဆိုတာဟာ တိုင်းပြည်နိုင်ငံရေးပြဿနာအတွက် ထွက်ပေါက်မဖြစ်ယုံသာမက ထောင်ခြောက်ပဲဖြစ်ပြီး ဒီအတု အယောင်၊ တရားမဝင် ရွေးကောက်ပွဲကို လူထုတရပ်လုံးက ပြတ်ပြတ်သားသား ဆန့်ကျင် သပိတ်မှောက်ဖို့နဲ့ စစ်အုပ်စုဟာ အဓမ္မစစ်မှုထမ်းဥပဒေကို အတင်းပြုကျင့်ပြီး လူထုတရပ်လုံးကို အမျိုးမျိုး ဖိနှိပ် အနိုင်ကျင့်နေပြီး လူငယ်လူရွယ်များစွာကို သေတွင်းထဲကို ပို့နေတာကြောင့် အဓမ္မစစ်မှုထမ်း ဥပဒေကို လုံးဝ ဖျက်သိမ်းဖို့ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ ၅ဦး ထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများရှိကြောင်း မကွေးခရိုင်၊ စစ်ဌာနကွပ်ကဲမှုအောက်ရှိ မကွေးခရိုင်အမှတ်(၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဟားခါးမြို့နယ်အတွင်း စစ်တပ်ရွေးကောက်ပွဲဝင်ပြိုင်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်အဖြစ် သိမ်းဆည်း

သတင်း

မကွေးတိုင်း၊ ချောက်မြို့နယ်က ဂွေးချိုနဲ့ ဂွေးပင်ကြား လမ်းပိုင်းကို ညဘက်ဖြတ်သန်းသွားလာတာမပြုဖို့ ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ချောက်ပကဖ)က နိုဝင်ဘာ ၁၉ရက်မှာ အရေးပေါ် ကြေညာချက် ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ မိသားစုတစုတည်းက သားနှစ်ယောက်စစ်သားစုဆောင်းထားခံရယုံသာမက ဖခင်ဖြစ်သူကိုပါ ထပ်မံစစ်သားစုဆောင်းလို့ မိသားစုအခက်အခဲကြုံနေရတယ်လို့ အမျိုးသမီးတဦးက လူမှုကွန်ရက်မှာ ရင်ဖွင့် ပြောကြားထားတဲ့ ရုပ်သံထွက်ပေါ်လာပါတယ်။