Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ချောက်မှာ အဖေနဲ့ သားနှစ်ယောက်စစ်သားစုဆောင်းလို့ ကလေးငယ်သုံးယောက်နဲ့ မိခင် အခက်ကြုံနေ

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ မိသားစုတစုတည်းက သားနှစ်ယောက်စစ်သားစုဆောင်းထားခံရယုံသာမက ဖခင်ဖြစ်သူကိုပါ ထပ်မံစစ်သားစုဆောင်းလို့ မိသားစုအခက်အခဲကြုံနေရတယ်လို့ အမျိုးသမီးတဦးက လူမှုကွန်ရက်မှာ ရင်ဖွင့် ပြောကြားထားတဲ့ ရုပ်သံထွက်ပေါ်လာပါတယ်။

ဖခင်နဲ့ သားနှစ်ဦး စစ်သားစုဆောင်းခံရလို့ ကျန်ရှိနေတဲ့ သားအမိကို တွေ့ရစဉ်။ ဓာတ်ပုံ - Screengrab

နိုဝင်ဘာ-၁၀၊ ၂၀၂၅။ ရှိုင်း/People’s Spring

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ မိသားစုတစုတည်းက သားနှစ်ယောက်စစ်သားစုဆောင်းထားခံရယုံသာမက ဖခင်ဖြစ်သူကိုပါ ထပ်မံစစ်သားစုဆောင်းလို့ မိသားစုအခက်အခဲကြုံနေရတယ်လို့ အမျိုးသမီးတဦးက လူမှုကွန်ရက်မှာ ရင်ဖွင့် ပြောကြားထားတဲ့ ရုပ်သံထွက်ပေါ်လာပါတယ်။

အမျိုးသမီးက အမည်၊ နေထိုင်ရာနေရာနဲ့ ဖြစ်စဉ်ဖြစ်တဲ့ အချိန် ပြောပြထားတာမရှိပေမယ့် ကျောင်းနေအရွယ် မိန်းကလေးငယ် သုံးဦးကို ပြသပြီး သားနှစ်ယောက်နဲ့ ကလေးငယ်တွေရဲ့ ဖခင်တို့ စစ်သားစုဆောင်းခံရပုံကို ပြောပြထားပါတယ်။

သားနှစ်ယောက်ဟာ စစ်သားစုဆောင်းခံရတာ နှစ်နှစ် ပြည့်ခါနီးအချိန်မှာ ဖခင်ဖြစ်သူ ထပ်မံ စစ်သားစုဆောင်းခံရတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

” ဒီမှာ ကြည့်ပါအုံး ကျမသမီးလေးတွေ။ သုံးယောက်စလုံးကျောင်းသားလေးတွေ။ ဒီကျောင်းသားလေးတွေနဲ့ ကျမ ဘယ်လိုလုပ်စားမလဲ။ဖအေကိုလည်း ခေါ်သွားတယ်။ သားနှစ်ယောက်ကိုလည်း ခေါ်သွားတယ်။ သားနှစ်ယောက်က နှစ်နှစ်ပြည့်တော့မယ်။ သားအလတ်ကလေးဆိုရင် ဆေးရုံမှာ ဆေးရုံတက်နေရတယ်။ ၇လရှိပြီ။ အခု သားအကြီးလေးဆိုလည်း ရှေ့တန်းကို သွားနေရတယ်။ နှစ်နှစ်ပြည့်တော့မယ်သား နှစ်ယောက်စလုံး။ အဲဒါအခု ဖအေက မှတ်ပုံတင်လဲဖို့ဆိုပြီး ချောက်ကိုသွားလိုက်တာ။ မှတ်ပုံတင်ရုံးအ၀လေးမှာတင် တန်းဆွဲ။ ကားပေါ်ကနေ အတင်းဆွဲချတယ်”လို့ အမျိုးသမီးက ပြောပါတယ်။

ကလေးငယ်တွေရဲ့ ဖခင်ဖြစ်သူပါ စစ်သားစုဆောင်းခံရလို့ လိုက်လံအသနားခံခဲ့ပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ခြိမ်းခြောက်တာကို ကြုံရတယ်လို့ ဆိုပါတယ်။

” ကျမလိုက်သွားတော့ ကျမတို့ သေနတ်တွေနဲ့ ထုမယ်ထောင်းမယ် တကဲကဲနဲ့။ သားတွေနဲ့ ဖအေ နဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံပြလည်းမရဘူး၊ အိမ်ထောင်စုဇယားပြလည်းမရဘူး။ ခြေသလုံးဖတ်လည်းမရဘူး။ သတ်မယ်ရိုက်မယ် တကဲကဲနဲ့အတင်းမောင်းလွှတ်တယ် ။အတင်းတွန်းလွှတ်တယ်။ အဲဒါ ဘယ်လိုလုပ်စားမလဲ” လို့ အမျိုးသမီးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ နိုင်ငံတဝန်းမှာ စစ်သားစုဆောင်းမှုကို မျိုးစုံပြုလုပ်နေတာဖြစ်ပြီး ချောက်မြို့နယ်မှာလည်းလမ်းမတွေပေါ် ကားနဲ့လိုက်ဆွဲတာ၊ နေအိမ်တွေထဲ ဝင်ရောက်ဖမ်းဆီးတာ၊ ခရီးသည်ယာဉ်တွေပေါ်က လူငယ်တွေကို ဖမ်းဆီးတာ စတဲ့ ပုံစံမျိုးစုံနဲ့ စစ်သားစုဆောင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ စစ်သားစုဆောင်းတာအပြင် လူဖမ်းဆီး မိသားစုဝင်တွေဆီက ငွေညှစ်တာတွေလည်း ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က စာမတတ်ပေမတတ်တဲ့ ပြည်သူ့စစ်တွေ မွေးထုတ်ထားဟု ဒေါ်စောယုမာပြော

သတင်း

နေပြည်တော်မှာ အမြင်အာရုံမကောင်းတဲ့ အသက်(၂၃)နှစ်အရွယ် လူငယ် ၁ဦး ပေါ်တာဆွဲခံလိုက်ရကြောင်း ဒေသခံအချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အရာတော်မြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က ပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေနဲ့ ပေါ်တာဆွဲ စုဆောင်းမှု‌တွေကို လူမှုကွန်ရက်ပေါ်မှာ ဝေဖန်တာကြောင့် နှစ်လအတွင်း ဖမ်းဆီးခံရသူ ၁၆ ဦးရှိတယ်လို့ အသံအဖွဲ့က ထုတ်ပြန်ထားပါတယ်။