Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ချောက်မှာ အဖေနဲ့ သားနှစ်ယောက်စစ်သားစုဆောင်းလို့ ကလေးငယ်သုံးယောက်နဲ့ မိခင် အခက်ကြုံနေ

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ မိသားစုတစုတည်းက သားနှစ်ယောက်စစ်သားစုဆောင်းထားခံရယုံသာမက ဖခင်ဖြစ်သူကိုပါ ထပ်မံစစ်သားစုဆောင်းလို့ မိသားစုအခက်အခဲကြုံနေရတယ်လို့ အမျိုးသမီးတဦးက လူမှုကွန်ရက်မှာ ရင်ဖွင့် ပြောကြားထားတဲ့ ရုပ်သံထွက်ပေါ်လာပါတယ်။

ဖခင်နဲ့ သားနှစ်ဦး စစ်သားစုဆောင်းခံရလို့ ကျန်ရှိနေတဲ့ သားအမိကို တွေ့ရစဉ်။ ဓာတ်ပုံ - Screengrab

နိုဝင်ဘာ-၁၀၊ ၂၀၂၅။ ရှိုင်း/People’s Spring

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ မိသားစုတစုတည်းက သားနှစ်ယောက်စစ်သားစုဆောင်းထားခံရယုံသာမက ဖခင်ဖြစ်သူကိုပါ ထပ်မံစစ်သားစုဆောင်းလို့ မိသားစုအခက်အခဲကြုံနေရတယ်လို့ အမျိုးသမီးတဦးက လူမှုကွန်ရက်မှာ ရင်ဖွင့် ပြောကြားထားတဲ့ ရုပ်သံထွက်ပေါ်လာပါတယ်။

အမျိုးသမီးက အမည်၊ နေထိုင်ရာနေရာနဲ့ ဖြစ်စဉ်ဖြစ်တဲ့ အချိန် ပြောပြထားတာမရှိပေမယ့် ကျောင်းနေအရွယ် မိန်းကလေးငယ် သုံးဦးကို ပြသပြီး သားနှစ်ယောက်နဲ့ ကလေးငယ်တွေရဲ့ ဖခင်တို့ စစ်သားစုဆောင်းခံရပုံကို ပြောပြထားပါတယ်။

သားနှစ်ယောက်ဟာ စစ်သားစုဆောင်းခံရတာ နှစ်နှစ် ပြည့်ခါနီးအချိန်မှာ ဖခင်ဖြစ်သူ ထပ်မံ စစ်သားစုဆောင်းခံရတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

” ဒီမှာ ကြည့်ပါအုံး ကျမသမီးလေးတွေ။ သုံးယောက်စလုံးကျောင်းသားလေးတွေ။ ဒီကျောင်းသားလေးတွေနဲ့ ကျမ ဘယ်လိုလုပ်စားမလဲ။ဖအေကိုလည်း ခေါ်သွားတယ်။ သားနှစ်ယောက်ကိုလည်း ခေါ်သွားတယ်။ သားနှစ်ယောက်က နှစ်နှစ်ပြည့်တော့မယ်။ သားအလတ်ကလေးဆိုရင် ဆေးရုံမှာ ဆေးရုံတက်နေရတယ်။ ၇လရှိပြီ။ အခု သားအကြီးလေးဆိုလည်း ရှေ့တန်းကို သွားနေရတယ်။ နှစ်နှစ်ပြည့်တော့မယ်သား နှစ်ယောက်စလုံး။ အဲဒါအခု ဖအေက မှတ်ပုံတင်လဲဖို့ဆိုပြီး ချောက်ကိုသွားလိုက်တာ။ မှတ်ပုံတင်ရုံးအ၀လေးမှာတင် တန်းဆွဲ။ ကားပေါ်ကနေ အတင်းဆွဲချတယ်” လို့ အမျိုးသမီးက ပြောပါတယ်။

ကလေးငယ်တွေရဲ့ ဖခင်ဖြစ်သူပါ စစ်သားစုဆောင်းခံရလို့ လိုက်လံအသနားခံခဲ့ပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ခြိမ်းခြောက်တာကို ကြုံရတယ်လို့ ဆိုပါတယ်။

” ကျမလိုက်သွားတော့ ကျမတို့ သေနတ်တွေနဲ့ ထုမယ်ထောင်းမယ် တကဲကဲနဲ့။ သားတွေနဲ့ ဖအေ နဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံပြလည်းမရဘူး၊ အိမ်ထောင်စုဇယားပြလည်းမရဘူး။ ခြေသလုံးဖတ်လည်းမရဘူး။ သတ်မယ်ရိုက်မယ် တကဲကဲနဲ့အတင်းမောင်းလွှတ်တယ် ။အတင်းတွန်းလွှတ်တယ်။ အဲဒါ ဘယ်လိုလုပ်စားမလဲ” လို့ အမျိုးသမီးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ နိုင်ငံတဝန်းမှာ စစ်သားစုဆောင်းမှုကို မျိုးစုံပြုလုပ်နေတာဖြစ်ပြီး ချောက်မြို့နယ်မှာလည်းလမ်းမတွေပေါ် ကားနဲ့လိုက်ဆွဲတာ၊ နေအိမ်တွေထဲ ဝင်ရောက်ဖမ်းဆီးတာ၊ ခရီးသည်ယာဉ်တွေပေါ်က လူငယ်တွေကို ဖမ်းဆီးတာ စတဲ့ ပုံစံမျိုးစုံနဲ့ စစ်သားစုဆောင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ စစ်သားစုဆောင်းတာအပြင် လူဖမ်းဆီး မိသားစုဝင်တွေဆီက ငွေညှစ်တာတွေလည်း ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ချောက်မြို့နယ်က ဂွေးချိုနဲ့ ဂွေးပင်ကြား လမ်းပိုင်းကို ညဘက်ဖြတ်သန်းသွားလာတာမပြုဖို့ ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ချောက်ပကဖ)က နိုဝင်ဘာ ၁၉ရက်မှာ အရေးပေါ် ကြေညာချက် ထုတ်ပြန်ပါတယ်။

သတင်း

နိုဝင်ဘာ ၁၇၊ ၂၀၂၅။ဇော်ဝင်း/People’s Spring စစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတဲ့အမျိုးသားလေးဦး ကျွန်းလှအချုပ်ထောင်ဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။ သူတို့လေးဦးဟာ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပေါ်ကကန့်ဘလူမြို့နယ်၊ဘူးကုန်းစစ်‌ကောင်စီအထိုင်ဂိတ်မှာ အောက်တိုဘာ ၃၀ ရက်က နေ နိုဝင်ဘာ ၈ ရက်နေ့အတွင်း ဖမ်းဆီးခံခဲ့ရတဲ့သူတွေ လို့ ဆိုပါတယ်။ “...

သတင်း

မြ၀တီမြို့တစ်မြို့လုံးကို စစ်ကောင်စီတပ်က ပြန်ထိန်းချုပ်ထားနိုင်ပြီးနောက် မြို့ပေါ်ရပ်ကွက်တွေအတွင်း လူငယ်တွေကို ပစ်မှတ်ထားကာ ပေါ်တာဆွဲဖမ်းဆီးမှုတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာ စစ်တပ်က ပေါ်တာဆွဲတာတွေပြုလုပ်နေပြီး အခုအပတ်စဉ်အတွက် လူငယ် ၁၀၀ အထိ ပေါ်တာဆွဲမယ်လို့ မြို့ခံတွေဆီက သိရပါတယ်။