Connect with us

Hi, what are you looking for?

သတင်း

လက်ပံတန်းမှာ စစ်စခန်းကို​တော်လှန်​ရေးတပ်​တွေတိုက်ခိုက်၊စစ်သား၁၉ ဦး​သေ၊လက်နက် ၁၉ လက်ရ

ပဲခူးတိုင်း၊လက်ပံတန်းမြို့နယ်က စစ်တပ်စခန်းကို ​တော်လှန်​ရေးတပ်​တွေကတိုက်ခိုက်တာ​ကြောင့်စစ်သား ၁၉ ဦးသေဆုံးကာလက်နက် ၁၂ လက်နဲ့ ခဲယမ်းတွေ ရရှိတယ်လို့ သာယာဝတီခရိုင်တပ်ရင်း – ၃ (Myanmar Defense Force – MDF) တပ်ရင်းမှူးက​ပြောပါတယ်။

တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေ နဲ့ စစ်တပ်ထံမှ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေ ။ဓါတ်ပုံ-MDF

ဒီဇင်ဘာ – ၁၈၊၂၀၂၅ ၊ မိုမို/People’s Spring

ပဲခူးတိုင်း၊လက်ပံတန်းမြို့နယ်က စစ်တပ်စခန်းကို ​တော်လှန်​ရေးတပ်​တွေကတိုက်ခိုက်တာ​ကြောင့်စစ်သား ၁၉ ဦးသေဆုံးကာလက်နက် ၁၂ လက်နဲ့ ခဲယမ်းတွေ ရရှိတယ်လို့ သာယာဝတီခရိုင်တပ်ရင်း – ၃ (Myanmar Defense Force – MDF) တပ်ရင်းမှူးက​ပြောပါတယ်။

လက်ပံတန်းမြို့နဲ့ နှစ်မိုင်ဝန်းကျင်သာ ကွာဝေတဲ့ ဆင်တလင်းကျေးရွာမှာ စစ်တပ်ရဲ့ ဒုရဲအုပ်ရဲလွင် ဦးဆောင်ပြီး အင်အား ၃၀ ဝန်းကျင်နဲ့ အထိုင်ချတပ်စွဲထားတဲ့စခန်းကို ဒီဇင်ဘာ ၁၆ မနက်ပိုင်းမှာ​တော်လှန်​ရေးတပ်​တွေကဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့တာပါ။

“မနှစ်ကဒီလိုအချိန်မှာ လာတပ်စွဲတာဖြစ်တယ်။ရွာထိပ်က ဘုန်ကြီးကျောင်းမှာ ဘန်ကာတွေ ဆောက်ပြီး တပ်စွဲတာ။တနေ့က တိုက်ပွဲမှာ ကျွန်တော်တို့ အကုန်ရလိုက်တယ်။ဒီကောင်တွေ နောက်ဆုံး ပြေးကြတာ။ဆင်တလင်းရဲ့တောင်ဘက်မှာကိုင်းတော

Public Service Announcement

Public Service Announcement

စုရွာဆိုတာ ရှိတယ်။အဲဒီဘက်ကို လယ်ကွင်းတွေထဲက ပြေးတာ။ကျွန်တော်တို့ ရဲဘော်တွေလိုက်ပစ်သေးတယ်”လို့ MDF တပ်ရင်းမှူးဆရာလေးက ပြောပါတယ်။

တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ‌ဒုရဲအုပ် ရဲလွင်အပါ အဝင် စစ်အုပ်စုဘက် ၁၉ ဦးသေပြီး ခုနှစ်ဦး ဒဏ်ရာရတယ်လို့ အသိပေးပါတယ်။

ဒါအပြင်ဒီဇင်ဘာ ၁၆ ညနေပိုင်းမှာလည်း အင်

အား ၈၀ ပါတဲ့စစ်ကြောင်းနဲ့ တောတန်းမြိုင်ရွာ အ

နီးမှာ တိုက်ပွဲထပ်ဖြစ်ခဲ့ပြီး စစ်သားတစ်ဦး သေ

ဆုံး၊ တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

စစ်စခန်းကနေ MA 1 လေးလက်၊MA 3 ခြောက်လက်၊G 3 တစ်လက်၊ခြောက်လုံးပြူး တစ်လက်၊ ခဲယမ်းနဲ့ စစ်ဘက်သုံးပစ္စည်းတွေ သိမ်းနိုင်ခဲ့ပြီး စ

ခန်းကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့တယ်လို့အသိ​ပေးပါတယ်။

တိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂)ကွပ်ကဲမှုနဲ့ သာယာဝတီခရိုင်တပ်ရင်း – ၃ (Myanmar Defense Force – MDF)၊ သာယာဝတီခရိုင်တပ်ရင်း -၂(၃၈၀၂)၊ တပ်ခွဲ – ၂ ၊တပ်ခွဲ -၃ တို့ပါဝင်ခဲ့တယ်လို့ဖော်ပြပါတယ်။

ဒါ့အပြင် ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ လက်ပံတန်းမြို့နယ်(ပကဖ)အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊သာယာဝတီခရိုင်ပကဖ ရွှေတန်းမြေတိုက်ခိုက်ရေးတပ်ဖွဲ့ (၁၊၂) ၊ ရန်ကုန်တိုင်းပကဖ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ – ၃ နဲဲ့ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) တပ်ရင်း – ၃ စတဲ့ မဟာမိတ် ပူးပေါင်း တပ်ဖွဲ့တွေလည်း တိုက်ပွဲကို ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။

ဒါ​​ပေမယ့် စစ်တပ်ရဲ့လေကြောင်း နဲ့ မြေပြင်တပ်ကူအင်အားတွေကြောင့် စခန်းသိမ်းပြီး ပြန် လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးအားကောင်းတဲ့ ပဲခူးရိုးမ အနောက်ခြမ်း(လက်ပံတန်း၊မင်းလှ၊အုတ်ဖို၊နတ်တလင်း မြို့နယ်)ကို စစ်ရေးအရ စစ်ကောင်စီက အသာစီးရယူဖို့ စစ်ကြောင်းတွေ အဆက်မပြတ်ထိုးနေတာကြောင့် မကြာခဏ တိုက်ပွဲတွေ ဖြစ်နေပါတယ်။

ဒီဇင်ဘာလ ၁၂ ရက်နေ့က နတ်တလင်းမြို့နယ်၊ဒမငယ်ကျေးရွာမှာ တိုက်ပွဲ ဖြစ်ခဲ့ပြီး စစ်တပ်ကဗိုလ်တစ်ဦးအပါအဝင် ရှစ်ဦးသေဆုံးကာ လက်နက်အချို့ရရှိတယ်လို့ပဲခူးတိုင်းစစ်ဌာန ဗျူဟာ၂၂က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲကအမြောက်တပ်(၃၄၄)နဲ့ ပဲခူးတိုင်းအုတ်ဖိုမြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က လေယာဉ်တွေနဲ့ ဆက်တိုက် ဗုံးကြဲခုခံနေရပါတယ်။

သတင်း

အချိန်မရွေးတိုက်ပွဲတွေဖြစ်နိုင်လို့ စစ်တပ်အနီးမနေကြဖို့ (၂၂)ဗျူဟာမှူး သတိပေး

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ NUG ဝန်ကြီးအချို့၊ PDF တပ်မှူးအချို့နဲ့ ဦးမင်းကိုနိုင်တို့ဟာ တော်လှန်ရေးတပ်​တွေက စိုးမိုးထိန်းချုပ်ထားတဲ့​ဒေသမှာအတူ လမ်းလျှောက်ထွက်တဲ့ ရုပ်သံမှတ်တမ်းကို တော်လှန်ရေးသတင်းရင်းမြစ်အချို့က​ပေးပို့ပါတယ် ။

သတင်း

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တိုက်ပွဲအတွင်း ရန်ကုန်တိုင်းစစ်ဌာန၊ ရန်ကုန်(၅၁၀၂)တပ်ရင်းလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ၅ဦး ကျဆုံးခဲ့ရတယ်လို့ အဲဒီတပ်ရင်းက ဒီကနေ့ ဧပြီ ၁၈ရက်မှာ ထုတ်ပြန်ပါတယ်။