Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ကြဖို့ စစ်ကိုင်းနဲ့ ပဲခူးတိုင်းက ပြည်သူတွေဆန္ဒပြ

စစ်ကိုင်းနဲ့ပဲခူးတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ဆန္ဒပြလှုပ်ရှားမှုတွေကို ဒီကနေ့ (ဒီဇင်ဘာ ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ စစ်ကိုင်းသပိတ်အင်အားစု၊ GSCB

ဒီဇင်ဘာ-၁၉၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းနဲ့ပဲခူးတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ဆန္ဒပြလှုပ်ရှားမှုတွေကို ဒီကနေ့ (ဒီဇင်ဘာ ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်း ရွှေဘိုမြို့နယ်မှာ ကျောင်းသားလူထု သပိတ်စစ်ကြောင်းက “အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက် ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်”ဘန်နာစာသားကိုဆွဲကိုင်ပြီးစစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေးသပိတ် ချီတက်ဆန္ဒပြခဲ့ပါတယ်။

ဆန္ဒပြပြည်သူတွေကအဓမ္မဖမ်းဆီးအကျဉ်းကျခံထားရတဲ့လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊သမ္မတဦးဝင်းမြင့်တို့နဲ့တကွ နိုင်ငံရေးအကျဉ်းသားများအားလုံးချွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေး၊ စစ်တပ်ရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ရေး၊ အဓမ္မစစ်မှုထမ်း ဥပဒေ ကို လုံးဝ ဖျက်သိမ်းရေး ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဆိုပါ ကျောင်းသားလူထုသပိတ်ကို ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ ရွှေဘိုမြို့နယ်သပိတ်အင်အားစုနဲ့ မြောင်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီတို့မှ ပူးပေါင်းဝန်းရံခဲ့ကြပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်းအောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်းက ဦးဆောင်ကာ ညနေခင်းသပိတ်အဖြစ်စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည်ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက “သင့်မဲဖြင့်တရားဝင် လူသတ်ခွင့်မပေးနဲ့ ” စာသားကို ကိုင်ဆောင်ပြီး စစ်အာဏာရှင်စနစ်နဲ့ စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ချီတက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ပဲခူးတိုင်းပေါင်းတည်မြို့နယ်၊ရေတာရှည်မြို့နယ်နဲ့ ကန့်ဘလူမြို့နယ် အတွင်းရှိ ဒေသခံပြည်သူတွေကလည်းသပိတ်အင်အားစုတွေနဲ့ပူးပေါင်းပြီး စစ်တပ်ရဲ့ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲနဲ့ လူထုဟောပြောပွဲ ကျင်းပခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

နိုင်ငံတကာ

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။