Connect with us

Hi, what are you looking for?

သတင်း

ရွေးကောက်ပွဲကိုနှောင့်ယှက်လို့ဆိုပြီး လူ ၂၂၉ ဦးကို စစ်ကောင်စီအရေး ယူ

ရွေးကောက်ပွဲပျက်ပြားအောင် နှောက်ယှက်တယ်ဆိုပြီး အာဏာသိမ်းစစ်ကောင်စီက အရေးယူထားသူ ၃၀၀ နီးပါးရှိတယ်လို့ စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ကပြောပါတယ်။

ဒီဇင်ဘာ – ၂၀ ၊၂၀၂၅ ၊နိုင်ပကောင်း /People’s Spring

ရွေးကောက်ပွဲပျက်ပြားအောင် နှောက်ယှက်တယ်ဆိုပြီး အာဏာသိမ်းစစ်ကောင်စီက အရေးယူထားသူ ၃၀၀ နီးပါးရှိတယ်လို့ စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ကပြောပါတယ်။

နေပြည်တော်မှာ ဒီဇင်ဘာလ ၁၆ ရက်ကပြုလုပ်တဲ့ ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီအစည်းအဝေးမှာ ထည့်ပြောသွားတာပါ။

အဲဒီအရေအတွက်စာရင်းဟာဒီဇင်ဘာလ ၁၅ ရက်အထိ ဖြစ်ပြီးအမျိုး သား၂၀၁ ဦး​၊အမျိုးသမီး ၂၈ ဦး စုစုပေါင်း ၂၂၉ ဦးကို ရွေးကောက်ပွဲ ကာကွ​ယ်ရေးဥပဒေနဲ့အရေးယူထားတာပါ။

Public Service Announcement

Public Service Announcement

ဘယ်ပုဒ်မတွေနဲ့အရေးယူထားတယ်ဆိုတာကိုတော့အတိအကျ ထည့်သွင်းမပြောပါဘူး။

စစ်ကောင်စီခေါင်းဆောင်ဟာ သူကျင်းပတဲ့ ရွေးကောက်ပွဲကိုနှောက်ယှက်ရင်ဖမ်းဆီးထောင်ချဖို့အတွက် ရွေးကောက်ပွဲနှောက်ယှက်ဟန့်တားဖျက် ဆီးတာကနေ ကာကွယ်ပေးရေး ဥပဒေ ကို ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက ပြဌာန်းပါတယ်။

အဲဒီ ဥပဒေ ကိုသုံးပြီး ပထမဆုံးအရေးယူမှုအဖြစ် ပြီးခဲ့တဲ့သြဂုတ်လအတွင်းတောင်ကြီးမြို့ က အမျိုးသားတစ်ဦးကို လူမှုကွန်ရက်မှာရေးသားချက်ဟာ ရွေးကောက်ပွဲကိုပျက်ပြားအောင်ရည်ရွယ်တယ်ဆိုပြီးဖမ်းဆီးကာ ထောင်ခုနှစ် ချခဲ့ပါတယ်။

စစ်တပ်ဝါဒဖြန့် လူမှုကွန်ရက်တွေမှာလည်း ရွေးကောက်ပွဲကို နှောက်ယှက်ရင်အနည်းဆုံးထောင်ခုနှစ်နှစ်ကနေ သေဒဏ်အထိချမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

Facebook