Connect with us

Hi, what are you looking for?

သတင်း

ကောလင်းက စစ်ကောင်စီရဲ့သစ်ဖုလစခန်းကုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်

စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်က စစ်ကောင်စီတပ်ရဲ့ သစ်ဖုလစခန်းကုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိတယ်လို့ သတင်းရရှိပါတယ်။

ဒီဇင်ဘာ-၂၀၊၂၀၂၅။ဇော်ဝင်း/People’s Spring

စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်က စစ်ကောင်စီတပ်ရဲ့ သစ်ဖုလစခန်းကုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိတယ်လို့ သတင်းရရှိပါတယ်။

စစ်ကောင်စီတပ်ရဲ့ သစ်ဖုလစခန်းကုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက စစ်တပ်ရဲ့ ​လေ​ကြောင်းဗုံးကြဲမှုနဲ့ လက်နက်ကြီးပစ်ကူ​တွေ​ပေး​နေတဲ့ကြား ၂ရက်ကြာတိုက်ခိုက်မှုအပြီး ဒီကနေ့(ဒီဇင်ဘာ ၂၀ရက်)နေ့လယ်ပိုင်းမှာ သိမ်းပိုက်ခဲ့တာလို့ မြေပြင်က တပ်ဖွဲ့ဝင်နဲ့တာဝန်ရှိသူအချို့က ဆိုပါတယ်။

သစ်ဖုလစခန်းကုန်းဟာ ကောလင်းမြို့နယ် အရှေ့ဘက်ခြမ်း၊ ရွှေဘို-မြစ်ကြီးနားလမ်းပိိုင်းအနီးမှာရှိပါတယ်။

Public Service Announcement

Public Service Announcement

“စခန်းကုန်းမှာက အင်အား ၃၀ ကျော်ရှိတယ်။လက်နက်မချခဲ့ကြဘူး”လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ရဲဘော်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီက လေကြောင်းနဲ့လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့လည်း ဆိုပါတယ်။

“သစ်ဖုလကို ဒီနေ့ နေ့လယ်သိမ်းနိုင်တာဟုတ်တယ်”လို့ ကောလင်းခရိုင်တပ်ရင်းတစ်ခုရဲ့ တာဝန်ရှိသူက အတည်ပြုပါတယ်။

စခန်းကုန်းသိမ်းပိုက်မှုနဲ့ပတ်သက်လို့ သက်ဆိုင်ရာ စစ်ဒေသက အသေးစိတ်ထုတ်ပြန်လိမ့်မယ်လို့လည်း ဆိုပါတယ်။

၂၀၂၃က ကောလင်းမြို့ကို တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ခဲ့ဖူးပါတယ်။ဒါပေမယ့်မြို့သိမ်းပြီး သုံးလကျော်အကြာမှာ စစ်တပ်က တန်ပြန်ထိုးစစ်ဆင်တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော် ကြိုးပေးခံရမှု (၄) နှစ်ပြည့်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။