Connect with us

Hi, what are you looking for?

သတင်း

ရွေးကောက်ပွဲ မတိုင်ခင်မှာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ပိုဆိုးလာတယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ထုတ်ပြန်

အာဏာသိမ်းမြန်မာစစ်တပ်က ကြီးမှူးကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင်မှာ ရန်လို အကြမ်းဖက်မှု၊ ဖိနှိပ်မှု၊ အစုအပြုံလိုက် ဖမ်းဆီးမှုတွေနဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်အပေါ် တင်းကျပ်မှုတွေ ပိုမို ဆိုးရွားလာနေတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)က ပြောကြားခဲ့ပါတယ်။

စစ်တပ်က ​ဒီဇင်ဘာ ၁၀ ရက်ညမှာ​မြောက်ဦး​ဆေးရုံကို ဗုံးကြဲပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-​ဝေဟင်ဦး

ဒီဇင်ဘာ-၂၃၊၂၀၂၅။People’s Spring

အာဏာသိမ်းမြန်မာစစ်တပ်က ကြီးမှူးကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင်မှာ ရန်လို အကြမ်းဖက်မှု၊ ဖိနှိပ်မှု၊ အစုအပြုံလိုက် ဖမ်းဆီးမှုတွေနဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်အပေါ် တင်းကျပ်မှုတွေ ပိုမို ဆိုးရွားလာနေတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)က ပြောကြားခဲ့ပါတယ်။

AI ရဲ့ အဆိုအရ စစ်တပ်ဟာ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲပထမအသုတ်မဲပေးမှုတွေ မတိုင်ခင်မှာ အရပ်သားပြည်သူတွေကို စိတ်ထင်သလိုဖမ်းဆီးမှုတွေပိုမိုဆိုးရွားလာသလိုစောင့်ကြည့်မှုတွေကိုလည်း ပိုမို တိုးမြှင့်လာနေတယ်လို့ သိရပါတယ်။

စစ်တပ်ဟာရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးပြင်းပြင်းထန်ထန် အရေးယူတဲ့ ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းခဲ့ပါတယ် ။အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် တစ်သက်ကနေသေဒဏ်ထိချမှတ်လို့ရတဲ့ဒီဥပဒေကို အသုံးချပြီး စစ်တပ်ဟာ ​ပြည်သူတွေကို စွပ်စွဲဖမ်းဆီးမှုတွေ တိုးမြှင့် လုပ်ဆောင်လာနေတယ်လို့ AIက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

AIရဲ့ မြန်မာ့အရေး သုတေသီ တစ်ဦးဖြစ်တဲ့ ဂျိုးဖရီးမန်းကတော့ စစ်တပ်က ဦးဆောင်မယ့် ၂၀၂၅ ရွေးကောက်ပွဲဟာ အရင်က ကျင်းပခဲ့တဲ့ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေနဲ့ အများကြီး ခြားနားသွားလိမ့်မယ်လို့ ပြောပါတယ်။ အဲဒီ အစောပိုင်း ရွေးကောက်ပွဲတွေဟာ မြန်မာပြည်သူတွေအတွက် ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေး မျှော်လင့်ချက်တွေကို ဆောင်ကြဉ်းပေးနိုင်ခဲ့ကြောင်း၊ မျက်မှောက်ကာလမှာတော့ ပြည်သူတွေဟာ စစ်ရာဇဝတ်မှုတွေ၊ ဖမ်းဆီးမှုတွေ၊ နေ့စဉ်နဲ့အမျှ စောင့်ကြည့်ခံရမှုတွေကြား ရှင်သန် နေထိုင်နေရကြောင်း သူက ထောက်ပြခဲ့ပါတယ်။

သူတို့ရွံမုန်းတဲ့ စစ်ခေါင်းဆောင် အများစုကပဲ နိုင်ငံအာဏာကို ဆက်ပြီး ချုပ်ကိုင်ထားနိုင်ခြေ ရှိတာကြောင့် မြန်မာပြည်သူ အများစုက ရွေးကောက်ပွဲကို ဆန့်ကျင်နေတယ်လို့လည်း AIက ဖော်ပြထားပါတယ်။ စစ်တပ်ဟာ ရွေးကောက်ပွဲကို ပွင့်ပွင့်လင်းလင်း ဝေဖန် ကန့်ကွက်မှုတွေကို ဖြိုခွင်းဖို့အတွက် ရွေးကောက်ပွဲ ကာကွယ်ရေးဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းခဲ့တဲ့နောက်ပိုင်း အနည်းဆုံး လူ ၂၂၉ ဦးကို အဲဒီဥပဒေနဲ့ ဖမ်းဆီး အရေးယူခဲ့တယ်လို့ ဆိုပါတယ်။အဖမ်းခံရသူတွေထဲမှာ ရွေးကောက်ပွဲ ဆန့်ကျင်ရေး နှိုးဆော်စာတွေ လိုက်ကပ်ထားတဲ့ အနုပညာရှင်တွေနဲ့ ပြည်သူတွေလည်း ပါဝင်ခဲ့ပါတယ်။

နောက်ပြီးရွေးကောက်ပွဲမတိုင်ခင်လပိုင်းတွေအတွင်း စစ်တပ်ဟာ နိုင်ငံအနှံ့မှာ လေကြောင်းကနေ ဗုံးကြဲတာတွေ အပါအဝင် အရပ်သား ဧရိယာတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာနေတယ်လို့လည်း သိရပါတယ်။

စစ်တပ်က ရွေးကောက်ပွဲ ကျင်းပစေဖို့ ရည်ရွယ်ထားပေမယ့် လက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားမှုတွေ ဆက်ပြီး ရှိနေတဲ့ ဒေသတွေမှာတော့ ရွေးကောက်ပွဲ ကျင်းပမယ့်ရက် ကြေညာပြီးချိန် ကတည်းက စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေက ပိုဆိုးလာခဲ့ပါတယ်။ ဒါဟာ ရွေးကောက်ပွဲ မတိုင်ခင်မှာ ထိန်းချုပ်နယ်မြေတွေ ချဲ့ထွင် ရရှိနိုင်ဖို့ စစ်တပ်က ရည်ရွယ်ထားတဲ့အတွက်လည်း ဖြစ်ပါတယ်။

AIက နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ မြန်မာစစ်တပ်ဟာရွေးကောက်ပွဲလုပ်ငန်းစဉ်ကိုအကြောင်းပြုပြီး ဆိုးဆိုးရွားရွား လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတာကို ပိုမို အာရုံစိုက်ပေးကြဖို့လည်းနှိုးဆော်မေတ္တာရပ်ခံထားပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို ဖမ်းဝရမ်းထုတ်ပြီး လက်တွေ့ဖမ်းဆီး အရေးယူစစ်ဆေးနိုင်ရေး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က အားထည့် လုပ်ဆောင်ပေးဖို့လည်း AIက တိုက်တွန်းသွားပါတယ်။

ကိုးကား-Amnesty International

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ မဟာမိတ် ညွန့်ပေါင်း အင်အားစု မဲဆန္ဒနယ် ၃၀ ကျော်က ရလဒ်တွေနဲ့ ပတ်သက်လို့ မကျေနပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် (EC)ဆီ တရားဝင် အရေးဆိုခဲ့ပါတယ်။