Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူမှာ ရွေးကောက်ပွဲအတွက် စစ်တ​ပ်က လုံခြုံရေးတိုးမြှင့်

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်မှာ စစ်ကောင်စီတပ်က ရွေးကောက်ပွဲအတွက် မြို့အဝင်၊မြို့အထွက် လုံခြုံရေး တိုးမြှင့်ထားကြောင်း မြို့ခံတွေက ပြောပါတယ်။

အာဏာသိမ်းကာလ အစောပိုင်း ၂၀၂၁အတွင်းက ပခုက္ကူမြို့ပေါ်မှာ စစ်ကောင်စီရဲ့ ရဲများအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ

ဒီဇင်ဘာ-၂၄၊ ၂၀၂၅။ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်မှာ စစ်ကောင်စီတပ်က ရွေးကောက်ပွဲအတွက် မြို့အဝင်၊မြို့အထွက် လုံခြုံရေး တိုးမြှင့်ထားကြောင်း မြို့ခံတွေက ပြောပါတယ်။

ပခုက္ကူမြို့မှာ စစ်ကောင်စီတပ်က ရွေးကောက်ပွဲအတွက် လုံခြုံရေးလို့ဆိုကာ မြို့အဝင်၊ အထွက်ဂိတ်တွေကို စစ်သားတွေတင်မက ပျူစောထီးတွေနဲ့ပါ အင်အားတိုးချထားတယ်လို့ မြို့ခံအချို့က ပြောပါတယ်။ “လမ်းတွေကိုပိတ်မှာ ဖြစ်တဲ့ အတွက် အဝင် အထွက် ဂိတ်တွေကို စစ်ခွေးပျူခွေးအင်အား တိုးမြင့်ချထားတယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတ​ပ်ဟာ ပခုက္ကူမြို့ပေါ်မှာ သီဟိုရှင်ဘုရား အရှေ့ဘက်၊ ဖောင်တော်ဦးဘုရားဝင်း၊ အလက(၃)နဲ့ အထက (၅)စတဲ့နေရာတွေမှာ မဲရုံလုပ်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

မဲရုံတွေအနီးမှာလည်း မီးသတ်ကားတွေနဲ့အတူ

စစ်တပ်က အင်အားအပြည့်နဲ့ စောင့်ဖို့ စီစဥ်နေကြောင်း မြို့ခံတွေက ပြောပါတယ်။ ဒါ့အပြင် စျေးတွေကိုလည်း ပိတ်ခိုင်းမယ်လို့ သတင်းထွက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

ပခုက္ကူမြို့မှာ စစ်တပ်က ရွေးကောက်ပွဲအတွက် မဲပေးဖို့ ပြည်သူတွေကို တိုက်တွန်းနေပြီး မဲပေးရမယ့်အမှတ်စဥ် မသိရင် ပြစ်ဒဏ်ပေးမယ်လို့ ခြိမ်းခြောက်တာတွေကအစ ရှိနေကြောင်း သိရပါတယ်။

အာဏာသိမ်းစစ်တပ်က ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲပထမပိုင်းကို ပြုလုပ်မှာဖြစ်ပြီး ဇန်နဝါရီနဲ့ ဖေဖော်ဝါရီမှာပါ ကျန်တဲ့အပိုင်းတွေကို ဆက်လက်ပြုလုပ်သွားဖို့ စီစဥ်နေပါတယ်။

တော်လှန်ရေးအင်အားစုတွေကလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို တက်နိုင်တဲ့နည်းနဲ့ဆန့်ကျင်ကြဖို့ ပြည်သူလူထုကို မေတ္တာရပ်ခံထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူခရိုင်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့အန္တရာယ်ကို ပြည်သူတွေ ပိုမိုသတိရှိကြဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူမြို့နယ်အတွင်းလူမှုကူညီရေးလုပ်ငန်းတွေဆောင်ရွက်မယ့် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်​ရေးအစိုးရ​အောက်ရှိ ၊မြို့နယ် ပြည်သူ့အုပ်ချုပ်​ရေး (ပအဖ)နဲ့ ကြိုတင်ချိတ်ဆက်ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၇ ရက်က ကြေညာချက်ထုတ်ပြန်ပါတယ်။

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့