Connect with us

Hi, what are you looking for?

သတင်း

ဘားအံမှာရွေးကောက်ပွဲရက်နီးလာချိန် စစ်ကားတွေနဲ့ ကင်းလှည့်နေ

အာဏာသိမ်းစစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲ ရက်နီးကပ်လာချိန်မှာကရင်ပြည်နယ်မြို့တော်ဘားအံမြို့ပေါ်မှာလုံခြုံရေးတင်းကျပ်လာပြီး စစ်ကားတွေနဲ့ ကင်းလှည့်တာမျိုး လုပ်ဆောင်လာတယ်လို့ ကရင်သတင်းရင်းမြစ်တွေဆီကသိရပါတယ်။

အာဏာသိမ်းကာလ အစောပိုင်းမှာ ကော့ကရိတ်မြို့မှာတွေ့ရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ (ပုံဟောင်း) ဓာတ်ပုံ - KNU ဒူပလာယာခရိုင်

ဒီဇင်ဘာ – ၂၅ ၊၂၀၂၅ ၊ မေနွယ်ဦး /People’s Spring

အာဏာသိမ်းစစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲ ရက်နီးကပ်လာချိန်မှာကရင်ပြည်နယ်မြို့တော်ဘားအံမြို့ပေါ်မှာလုံခြုံရေးတင်းကျပ်လာပြီး စစ်ကားတွေနဲ့ ကင်းလှည့်တာမျိုး လုပ်ဆောင်လာတယ်လို့ ကရင်သတင်းရင်းမြစ်တွေဆီကသိရပါတယ်။

ကရင်နှစ်သစ်ကူး (ဒီဇင်ဘာလ ၁၉ ရက်) ကစတင်ပြီး ဘားအံမြို့ပေါ်မှာ အင်အား၂၀ ခန့် ပါတဲ့ စစ်ကားသုံးစီးဟာဒရုန်းကာကွယ်ရေးစက်သယ်ဆောင်ပြီး နေ့တိုင်းနီးပါးကင်းလှည့်နေတာပါ။

ဒါက လာမယ့်ရက်ပိုင်းအတွင်းကျင်းပမယ့် ရွေးကောက်ပွဲအတွက် မြို့လုံခြုံရေးကင်းလှည့်တာဖြစ်တယ်လို့ ကရင်သတင်းရင်း မြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခုလ ဒီဇင်ဘာ ၂၈ ရက်မှာကျင်းပမယ့် စစ်ကောင်စီရဲ့ရွေးကောက်ပွဲ အပိုင်း(၁) မှာ ကရင်ပြည်နယ်က သုံးမြို့နယ် ပါဝင်ပြီး ဘားအံ ၊ မြဝတီနဲ့ သံတောင်ကြီးမြို့နယ်တို့ပါဝင်နေတာပါ။

ဘားအံ မဲဆန္ဒနယ်မှာ တော့ စစ်ကောင်စီရဲ့ လက်ရှိ ပြည်နယ်ဝန်ကြီးချုပ် ဖြစ်သူ ဦးစောမြင့်ဦးက ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်က နေဝင်ပြိုင်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ ဘားအံ(ဖားအံ)မြို့နယ် နို့ဘယ်ဘောကျေးရွာအုပ်စု မဲ့ဘောခီးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူသေဆုံးထိခိုက်မှုရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။