Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်တိုက်ပွဲ PDFဒရုန်း​ကြောင့်စစ်တပ် အထိနာ

မန္တလေးတိုင်း၊မိုးကုတ်မြို့နယ်မှာပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ ဒရုန်းဗုံးသီးချ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့ကြောင်း ​ဒေသခံအချို့က ပြောပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး​ပေါက်ကွဲ​နေစဥ်။ ဓါတ်ပုံ-​ဒေသခံ

ဒီဇင်ဘာ-၂၅၊၂၀၂၅။ဆန်အောင်/People’s Spring

မန္တလေးတိုင်း၊မိုးကုတ်မြို့နယ်မှာပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ ဒရုန်းဗုံးသီးချ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့ကြောင်း ​ဒေသခံအချို့က ပြောပါတယ်။

တအာင်းတပ်မတော်(TNLA)နဲ့ အပစ်ရပ်စဲပြီး စစ်တပ် ပြန်နေရာယူထားတဲ့ မိုးကုတ်မှာ PDF က စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၃၀ရက်ကနေ စတင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

“စကစတွေ မိုးကုတ်မျာ အထိနာတယ်။ ဒီမနက်ပိုင်း PDF ဘက်က ဒရုန်းတိုက်ခိုက်တာ။ မနက် ၈ နာရီခွဲနဲ့ ၉နာရီမှာ ၂ကြိမ်။ မိုးကုတ်အောင်မြေကျောင်းကိုလာချတာ။ အဲဒီမှာ စကစ တပ်တွေ နေရာယူ စုနေတဲ့နေရာလို့ပြောကြတယ်။ အလောင်းတွေ သယ်ထုတ်နေတာ အဝေးကနေ နည်းနည်းတော့ မြင်ကြတယ်”လို့ ​သတင်းရင်းမြစ်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ် တပ်စွဲထားတဲ့ကျပ်ပြင် ၊ ပင့်ကူတောင်ပေါ် ရှိတဲ့စေတီအနီး ယ​နေ့နံနက် ၁၀ နာရီခွဲမှာ ဒရုန်းဗုံး​တွေကျခဲ့ပြီးပေါက်ကွဲခဲ့တယ်လို့ ​ဒေသခံအချို့ကလည်း လူမှုကွန်ယက်မှာ ဓါတ်ပုံနဲ့တကွ​ရေးသား​ထားကြပါတယ် ။

မိုးကုတ်တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ဒေသခံ PDF တပ်ဖွဲ့တွေကတော့ တိုက်ပွဲသတင်းတွေ ထုတ်ပြန်ပြောဆိုတာ မလုပ်ဖို့ အစည်းအဝေး ဆုံးဖြတ်ချက်ရှိထားလို့ ဖြေကြားတာမျိုး မရှိပါဘူး။ မိုးကုတ် တိုက်ပွဲသတင်းကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်နေတာဖြစ်ပါတယ်။

နိုဝင်ဘာ ၃၀ ရက်မှဒီဇင်ဘာ ၂၄ ရက်နေ့အထိ အထိတိုက်ပွဲကြီးငယ်အကြိမ် ၂၄ဖြစ်ခဲ့ပြီးစစ်တပ်တပ်စွဲရာ နေရာ ၃နေရာကို သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။

ဒီဇင်ဘာ ၇ရက်မှဒီဇင်ဘာ၂၄ ရက်အတွင်း တိုက်ပွဲ ကြီး ၆ကြိမ်၊ တိုက်ပွဲငယ် ၉ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ၁၈ဦး သေဆုံးကာ ၃ဦး ဖမ်းမိခဲ့ကြောင်း၊ မိုးကုတ်မြို့နယ်က ကျေးရွာ ၁ရွာ၊ စိုးမိုးကုန်း ၁ခုအား ထပ်မံသိမ်းပိုက်ရရှိထားကြောင်း NUG ကာကွယ်ရေးက ဒီဇင်ဘာ ၂၄ရက်က ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၆ရက်ထုတ်ပြန်ချက်မှာလည်း နိုဝင်ဘာ ၃၀ရက်နေ့ကနေ ဒီဇင်ဘာ ၆ရက်အတွင်း တိုက်ပွဲကြီးငယ် ၉ကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး အရေးပါတဲ့ စစ်တပ်စခန်းကုန်း တခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း အသိပေးထားပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ နိုဝင်ဘာ ၉ရက်နေ့ကတည်းက မိုးမိတ်-မိုးကုတ် ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး မိုးကုတ်-မိုးမိတ် ဒေသကိုကျူးကျော်လာတဲ့ စစ်ကောင်စီတပ်တွေကို ပြည်သူနဲ့ လက်တွဲပြီး တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲမေဟောင်းတစ်ဦး စစ်တပ်နဲ့ ပူးပေါင်းသွားပြီး တော်လှန်ရေးရဲဘော်တွေကို လာပူးပေါင်းဖို့ ခြိမ်းခြောက် စည်းရုံးနေကြောင်း မိုးကုတ်ပကဖ ထုတ်ပြန်ပါတယ်။

သတင်း

မိုးကုတ်မြို့ဝန်းကျင်မှာတော်လှန်​ရေးတပ်​တွေက​ လေး​လ​ခန့်ကြာခုခံတိုက်ခိုက်ခဲ့

သတင်း

မန္တလေးတိုင်း၊မိုးကုတ်မြို့အနောက်ခြမ်းမှာ တော်လှန်ရေးတပ်တွေစိုးမိုးနယ် မြေထဲကျွံဝင်လာတဲ့စစ်တပ် နဲ့ တော်လှန်ရေးတပ် တွေတိုက်ပွဲဖြစ်ပွားပြီး စစ်သား၇ဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ်တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနီးမှာ တိုက်ပွဲပိုမိုပြင်းထန်လာပြီး စစ်ကောင်စီ ဗုံးကြဲလေယာဉ်တချို့ ပျံဝဲနေတယ်လို့ မြို့ခံတွေ လေကြောင်းအန္တရာယ် စိုးရိမ်နေကြပါတယ်။