Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့မှာ နှစ်ကြိမ်ထပ်မံပေါက်ကွဲ၊တိုက်ပွဲဖြစ်သလိုပစ်ခတ်သံ​တွေကြား​နေရဟု​ဒေသခံ​ပြော

စစ်တပ်​ရွေး​ကောက်ပွဲ နာရီပိုင်းအလိုမှာမြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှာ ညသန်း​ခေါင်အလွန်ဗုံးနှစ်လုံး ထပ်မံ​ပေါက်ကွဲပြီး တိုက်ပွဲဖြစ်သလို ပသ်ခတ်သံ​တွေထပ်မံကြား​​နေရတယ်လို့ ​ဒေသခံ​တွေက ​ပြောပါတယ်။

မြဝတီမြို့မှာပေါက်ကွဲမှုဖြစ်ပြီး​​နောက် မြင်ကွင်း။ ဓါတ်ပုံ-​​ပေးပို့၊ ​ဒေသခံ

ဒီဇင်ဘာ-၂၇၊၂၀၂၅။အိမ်သွင်၊​ဇော်ဝင်း/People’s Spring

စစ်တပ်​ရွေး​ကောက်ပွဲ နာရီပိုင်းအလိုမှာမြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှာ ညသန်း​ခေါင်အလွန်ဗုံးနှစ်လုံး ထပ်မံ​ပေါက်ကွဲပြီး တိုက်ပွဲဖြစ်သလို ပသ်ခတ်သံ​တွေထပ်မံကြား​​နေရတယ်လို့ ​ဒေသခံ​တွေက ​ပြောပါတယ်။

ဒီဇင်ဘာ ၂၇ ရက် ညသန်း​ခေါင်အလွန် ၁၂ နာရီ ၄မိနှစ် နဲ့ ၁၂ နာရီ ၈မိနှစ်မှာ ဗုံးနှစ်လုံးထပ်မံ​ပေါက်ကွဲတာဖြစ်ပါတယ်။ဒါ​ကြောင့် ဒီညမှာပဲ မြဝတီမြို့မှာ ဗုံး ၅ လုံး​ပေါက်ကွဲခဲ့ပြီဖြစ်ပါတယ်။

“တိုက်ပွဲဖြစ်တဲ့အလား ပစ်ခံသံများဆူညံနေတယ်” လို့​ဒေသခံ တဦးက People’s Spring ကို​ပြောပါတယ် ။

Public Service Announcement

Public Service Announcement

ပထမ ဗုံးနှစ်လုံးက အမှတ်(၄)ရပ်ကွက် ဘုရင့်နောင်လမ်းမကြီးဘေးမှာရှိတဲ့ ကြံဖွံ့ပါတီရုံး အနီး​ပေါက်ကွဲခဲ့တာဖြစ်ပါတယ် ။ဒုတိယဗုံးကွဲပြီး​နောက်မီးခိုးလုံးတွေ ဆက်တိုက်တက်နေတယ်လို့ မြဝတီမြို့ခံတစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

“ကြံ့ဖွတ်ရုံးကိုချတာ။ လူထိတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ည ၁၀ နာရီခန့်မှာ​ပေါက်ကွဲတဲ့ တတိယ​မြောက်ဗုံးကအမှတ်(၃)ရပ်ကွက် အုပ်ချုပ်​ရေးမှူးရုံးမှာ ​ပေါက်ကွဲခဲ့တာလို့ ​ဒေသခံတဦးက​ပြောပါတယ်။

ဗုံး​ပေါက်ကွဲမှုဖြစ်ပြီး စစ်တပ် ၊ပျူ​စောထီး ၊BGF ​တွေက ကား ၁၀ စီး​ကျော် အင်အားအပြည့်နဲ့ ဗုံးကွဲတဲ့ အနီးပတ်ဝန်းကျင်ကို ​သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်​နေတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

ည ၁၂ နာရီ​ကျော်မှာ ​ပေါက်ကွဲတဲ့ ဗုံးနှစ်လုံးနဲ့ပတ်သက်တဲ့ ​နောက်ဆက်တွဲအချက်အလက်​တွေကို​တော့မသိရ​သေးပါဘူး ။ ပစ်ခတ်သံ​တွေဆူညံ​နေတယ်ဆိုတာနဲ့ပတ်သက်ပြီး​တော့လည်း တိုက်ပွဲဖြစ်တာလား ၊စစ်တပ်-ပျူ-BGF တို့ကတဖက်သတ်ပစ်ခတ်​နေတာလားဆိုတာကိုလည်းမသိရ​သေးပါဘူး။

စစ်တပ်​ရွေး​ကောက်ပွဲ မဲရုံ​တွေဖွင့်ဖို့ နာရီပိုင်းအလိုမှာ အခုလို ​ပြင်းထန်တဲ့​ပေါက်ကွဲမှု​တွေ​ကြောင့်မြဝတီမှာ ​ရွေး​ကောက်ပွဲ ပျက်ဖို့များတယ်လို့​​ ​​ဒေသခံတစ်ဦးက​ပြောပါတယ် ။စစ်တပ်လက်နက်ကိုင်အဖွဲ့​တွေပါ ဗုံးကွဲမှု​တွေ​ကြောင့် စိုးရိမ်​နေသလို ၊ပြည်သူ​တွေလည်း​ မဲ​ပေးမှာ မဟုတ်​တော့ဘူးလို့ သူကဆက်​ပြောပါတယ်။

စစ်တပ်​ရွေး​ကောက်ပွဲ နာရီပိုင်းအလိုမှာပဲ မန္တ​လေး ၊ထားဝယ်၊ပြည် စတဲ့မြို့နဲ့ မြို့နယ်​တွေမှာလည်း​ပေါက်ကွဲမှု​တွေဆက်တိုက်ဖြစ်​နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ မဟာမိတ် ညွန့်ပေါင်း အင်အားစု မဲဆန္ဒနယ် ၃၀ ကျော်က ရလဒ်တွေနဲ့ ပတ်သက်လို့ မကျေနပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် (EC)ဆီ တရားဝင် အရေးဆိုခဲ့ပါတယ်။