Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရွေးကောက်ပွဲရလာဒ် လက်မခံကြောင်း ဂျပန်ရောက်မြန်မာတွေ စစ်တပ်သံရုံး​ရှေ့ဆန္ဒပြ

ပြည်တွင်းမှာ စစ်ကောင်စီလုပ်ဆောင်တဲ့ ဒီနေ့ (ဒီဇင်ဘာ ၂၈)က ရွေးကောက်ပွဲကိုလက်မခံကြောင်း ဂျပန်နိုင်ငံရောက်မြန်မာတွေက စစ်ကောင်စီလက်အောက်ခံ သံရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဓါတ်ပုံ-Arakan National Democratic Party-Japan

ဒီဇင်ဘာ-၂၈၊၂၀၂၅။သတိုး/ People’s Spring

ပြည်တွင်းမှာ စစ်ကောင်စီလုပ်ဆောင်တဲ့ ဒီနေ့ (ဒီဇင်ဘာ ၂၈)က ရွေးကောက်ပွဲကိုလက်မခံကြောင်း ဂျပန်နိုင်ငံရောက်မြန်မာတွေက စစ်ကောင်စီလက်အောက်ခံ သံရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆန္ဒထုတ်ဖော်ပွဲကို ဂျပန်ရောက်မြန်မာ ရာနဲ့ချီလာရောက်ခဲ့ပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲရလာဒ်က ပြည်သူတွေရဲ့ သဘောဆန္ဒ အစစ်အမှန်မဟုတ်တာကြောင့် ဂျပန်ရောက်မြန်မာတွေက အသိအမှတ်ပြုမှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် စစ်ရာဇဝတ်မှု‌ ကျူးလွန်ထားသူတွေကို နိုင်ငံတကာ ဥပဒေနဲ့အညီ တရားစီရင်နိုင်ဖို့ ဆက်လက်ကြိုးစားသွားမယ်လို့ Arakan National Democratic Party-Japan ကလည်း ‌အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဆန္ဒထုတ်ဖော်ပွဲကိုလာခဲ့သူတွေက မြန်မာသံရုံးရှေ့ကနေ သူတို့ရဲ့ ခံစားချက်တွေကို တစ်ဦးချင်းပြောကြားပြီး ရွေးကောက်ပွဲကိုမထောက်ခံကြောင်းပြောကြားခဲ့ပါတယ်။

ဆန္ဒထုတ်ဖော်သူတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့လည်း ကြွေးကြော်သံတွေနဲ့ တောင်းဆိုခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အစိုးရ အိမ်တော်နားမှာ စုဝေးခဲ့တဲ့ ဆန္ဒပြသူ ၁၀၀ လောက်က နေရာကနေ ဖယ်ရှားပေးဖို့ ဆက်လက် ငြင်းဆိုနေဆဲ ဖြစ်ပါတယ်။

နိုင်ငံတကာ

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။