Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့အနီး စစ်ကောင်စီ ဗုံးကြဲ၊ အမျိုးသမီး၂ဦးသေဆုံးပြီး ၄ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နဲ့ ကပ်လျက်ရှိနေတဲ့ လိန်ပင်ကျေးရွာကို စစ်ကောင်စီက ဒီနေ့ ဒီဇင်ဘာ ၂၉ရက် နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲလို့ အမျိုးသမီး၂ဦးသေဆုံးပြီး ၄ဦး ဒဏ်ရာရခဲ့ပါတယ်။

ဝက်လက်မြို့နယ်မှာ စစ်တပ် စစ်ကြောင်းထိုးစဉ် မီးရှို့ဖျက်ဆီးခံရတဲ့နေအိမ်များ။ ဓာတ်ပုံ - ဝက်လက်မြို့နယ်လူထုတိုက်ပွဲဦးဆောင်မှုကော်မတီ

ဒီဇင်ဘာ-၂၉၊၂၀၂၅။အိမ်သွင်၊ရှိန်း/People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နဲ့ ကပ်လျက်ရှိနေတဲ့ လိန်ပင်ကျေးရွာကို စစ်ကောင်စီက ဒီနေ့ ဒီဇင်ဘာ ၂၉ရက် နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲလို့ အမျိုးသမီး၂ဦးသေဆုံးပြီး ၄ဦး ဒဏ်ရာရခဲ့ပါတယ်။

နေ့လယ် ၁၁နာရီ ၃၃မိနစ်က‌နေ ၁၁နာရီ ၃၆မိနစ်ကြားမှာ ဂျက်ဖိုက်တာနဲ့ ဗုံး ၈လုံးကြဲချသွားတာလို့ မြို့ခံတွေက ပြောပါတယ်။

” လိန်ပင်ရွာက မြို့နဲ့ကပ်နေတဲ့ရွာပါ။ အခုက တိုက်ပွဲမရှိပါဘူး။ ဗုံး၈ လုံးကို တစ်ကြိမ် ၂လုံးစီနဲ့ ၄ကြိမ်ကြဲတာ”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်မှုကြောင့် လိန်ပင်ကျေးရွာက အမျိုးသမီးနှစ်ဦးသေဆုံးပြီး အမျိုးသမီး၃ဦးအမျိုးသား၁ဦး ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

“ရွာအ နောက်ပိုင်းက နေအိမ်ပေါ်တည့်တည့်ကိုကျတာ။အိမ်မီး လောင်သွားတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

အမျိုးသား တစ်ဦးနဲ့ နောက်ထပ်အမျိုးသမီး ၃ဦး ထိခိုက်ဒဏ်ရာ တွေရတယ်လို့ သိရပြီး အသေးစိတ်အချက် အလက်ကို မသိရသေးပါဘူး။ မည်သည့် စစ်ရေးလှုပ်ရှားမှုမှ မရှိဘဲစစ်ကောင်စီတပ်က အဲဒီရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီဟာ ဒီဇင်ဘာ ၂၈ရက်က ရွေးကောက်ပွဲပြုလုပ်ခဲ့ပြီး ဒီဇင်ဘာတစ်လလုံးမှာ လေကြောင်းကနေဗုံးကြဲမှုတွေ အရှိန်မြှင့်ပြီး စစ်ရာဇဝတ်မှုကျူးလွန်နေတယ်လို့ ဗုံးကြဲခံရတဲ့ ဒေသကပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

နေပြည်တော်နဲ့ ရန်ကုန်မြို့ကလွဲလို့ ကျန်တိုင်းနဲ့ပြည်နယ်တွေကို စစ်ကောင်စီက ဗုံးကြဲခဲ့လို့ ဒီဇင်ဘာ ၁ရက်ကနေ ဒီနေ့အထိ အရပ်သား ၁၇၀ နီးပါးသေဆုံးပြီး ၂၄၀ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းu မင်းကုန်းရွာအနီးမှာ ဒီနေ့မတ်လ၂၃ရက်က စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်တပ်က အနည်းဆုံး၂၀ကျော် သေဆုံးကာ အလောင်းနဲ့ လက်နက်တွေရခဲ့တယ်လို့ ဒေသခံနဲ့ တော်လှန်ရေးတပ် ရဲဘော်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။