Connect with us

Hi, what are you looking for?

သတင်း

မြိုင်တောင်ပိုင်းမှာ တပ်မ (၉၉)က တပ်သားသစ် လက်နက်တွေယူလာပြီး အလင်းဝင်လာ

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းမှာ တပ်မ (၉၉)က တပ်သားသစ် တစ်ဦးလက်နက်တွေ ယူလာပြီး အလင်းဝင်လာတယ်လို့ TYK ပြောက်ကျား တပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

အလင်းဝင်လာတဲ့ တပ်မ(၉၉)က တပ်သားသစ် အား တွေ့ရစဉ်။ ဓာတ်ပုံ - TYK ပြောက်ကျားတပ်ဖွဲ့

ဒီဇင်ဘာ-၂၉ ၊၂၀၂၅။မိုမို/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းမှာ တပ်မ (၉၉)က တပ်သားသစ် တစ်ဦးလက်နက်တွေ ယူလာပြီး အလင်းဝင်လာတယ်လို့ TYK ပြောက်ကျား တပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

အဲဒီ့တပ်သားက ပျူစောထီးအားကောင်းရာ တွင်းမကျေးရွာကနေ သရက်ကန်ရွာကို တပ်မ (၉၉)က တပ်သား ၂၀၀ခန့်နဲ့ ရိက္ခာပို့တဲ့ အခု ဒီဇင်ဘာ၂၆ ရက်က အလင်းဝင်လာတာလို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ တပ်သားဟာ စစ်မှုထမ်း အပတ်စဥ်(၁၃)က (၂၅)နှစ်အရွယ် ကိုဆန်းမင်းအောင်ဖြစ်ပြီး MA3 တစ်လက်၊ ကျည် ဘောက် ငါးခုနဲ့ ကျည်တွေယူဆောင်လာတယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“စစ်တပ်ရဲ့အကြမ်းဖက်လုပ်ရပ်တွေကို မျက်မြင်တွေ့ ခဲ့ရတာကြောင့် အလင်းဝင်လာတာ။နောက်ပြီး သူက ပေါ်တာဆွဲခံခဲ့ရတဲ့သူ”လို့ အထက်ပါ တာဝန်ရှိသူက ဘက်ပြောင်းလာတဲ့တပ်သားရဲ့ အခြေအနေကို ရှင်းပြပါတယ်။

ဒါ့အပြင် မြိုင်မြို့နယ်အတွင် စစ်ကြောင်းထိုးနေတဲ့ တပ်မ(၉၉)က တပ်သား ခုနစ်ဦးအထိ အလင်းဝင်ထားတယ်လို့ သူက ဆက်ပြောပါတယ်။

ရွေးကောက်ပွဲမလုပ်နိုင်လို့ စစ်တပ်က အရေးပေါ်အခြေအနေအဖြစ် ကြေညာထားရတဲ့ ပေါက် နဲ့ မြိုင်မြို့နယ်တွေကို စစ်တပ်က တပ်မ(၉၉)နဲ့ နိုဝင်ဘာလကတည်းက စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။

အဲဒါကြောင့် ဒေသတွင်း တိုက်ပွဲတွေမကြာခဏ ဖြစ်နေပြီး စစ်တပ်စစ်ကြောင်းထံက လက်နက်ခဲယမ်းတွေအပြင် ပါရာမော်တာတစ်စီးပါ တော်လှန်ရေး တပ်ဖွဲ့တွေက ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ