Connect with us

Hi, what are you looking for?

သတင်း

အထူးတိုင်းစစ်ဌာနမှာ တပ်ရင်းတစ်ရင်း၊ ဒရုန်းတပ်ဖွဲ့ တစ်ဖွဲ့ ထပ်မံဖွဲ့စည်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနမှာ နောက်ထပ် တပ်ရင်း ၁ ရင်း၊ ဒရုန်းတပ်ဖွဲ့ ၁ဖွဲ့ထပ်မံဖွဲ့စည်းလိုက်တယ်လို့ ပြည်သူလူထုကို အသိပေးချက်ထုတ်ပြန်လာပါတယ်။

အထူးတိုင်းစစ်ဌာနအောက် တပ်ရင်း၊တပ်ဖွဲ့က ရဲဘော်တွေကိုတွေ့ရစဉ်။ဓာတ်ပုံ-အထူးတိုင်းစစ်ဌာန

ဒီဇင်ဘာ-၃၀၊၂၀၂၅။ထားမြတ်၊အိမ်သွင်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနမှာ နောက်ထပ် တပ်ရင်း ၁ ရင်း၊ ဒရုန်းတပ်ဖွဲ့ ၁ဖွဲ့ထပ်မံဖွဲ့စည်းလိုက်တယ်လို့ ပြည်သူလူထုကို အသိပေးချက်ထုတ်ပြန်လာပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနမှာ နည်းဗျူဟာ (၅) ခု၊တရားဝင်ကွပ်ကဲမှုခံယူထားတဲ့တိုက်ခိုက်ရေးတပ်ရင်း(၁၁)ရင်း၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေဖြစ်တဲ့ရန်ကုန်၊ပဲခူး၊ မွန် ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း (၃)ကြောင်း၊ဒရုန်းလက်ရုံးတပ်ဖွဲ့ (၅) ဖွဲ့ရှိပြီးဖြစ်ပြီး နောက်ထပ် တပ်ရင်း၂ရင်းထပ်မံဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

အထူးတိုင်းစစ်ဌာနက ဒီဇင်ဘာလ ၃၀ရက်နေ့ ရက်စွဲနဲ့ လူထုကိုအသိပေးတာမှာ ကွပ်ကဲမှုခံယူဖို့ ထပ်မံ ဖွဲ့စည်းတင်ပြထားသော တပ်ရင်း (၄) ရင်း၊ဒရုန်းတပ်ဖွဲ့ (၂) ဖွဲ့ရှိကြောင်း၊ အဲဒီတပ်ရင်းတွေထဲကနေ အမှတ် (၈၀၀၁) တပ်ရင်းနဲ့အမှတ် (၁၈၁၉) ဒရုန်းတပ်ဖွဲ့ တို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်ကနေ စီစစ်လက်ခံပြီးအထူးတိုင်းစစ်ဌာန၏ကွပ်ကဲမှုအောက်မှာအတည်ပြုဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်းဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

“အထူးတိုင်းစစ်ဌာနအနေနဲ့ COC နှစ်ရပ်နဲ့အညီ ခိုင်မာအားကောင်းတဲ့တိုင်းစစ်ဌာနအဖြစ် စစ်ရေးတွေ ပိုမိုဖော်ဆောင်နိုင်မှာဖြစ်ပါတယ်” လို့လည်း အထူးတိုင်းစစ်ဌာန ကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားကအခုလိုတပ်ရင်းတပ်ဖွဲ့တွေ စိစစ်အတည်ပြုနိုင်ခဲ့မှု အပေါ်မှတ်ချက်ပြုပါတယ်။

အထူးတိုင်းစစ်ဌာနဟာအမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာ အခြေပြု ဖွဲ့စည်းထားတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF နည်းဗျူဟာ တွေ၊ တပ်ရင်း/တပ်ဖွဲ့‌ တွေ၊ ဒရုန်းလက်ရုံးတပ်ဖွဲ့‌ တွေ၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေနဲ့ စုဖွဲ့ထားသည့် တိုင်းစစ်ဌာနတခုဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်ရဲ့ လမ်းညွှန်ချက်များအရလည်းကောင်း၊ အထူးတိုင်းစစ်ဌာနရဲ့ရည်မှန်းချက်တစ်ရပ်အနေဖြင့်လည်းကောင်း၊ COC နှစ်ရပ်နဲ့အညီ ခိုင်မာအားကောင်းတဲ့တိုင်းစစ်ဌာနတခုဖြစ်ရေးဆောင်ရွက်နေကြောင်းလည်း အထူးတိုင်းစစ်ဌာနက အသိပေးထားပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေး အမြန်ဆုံး အဆုံးသတ်အောင်မြင်ဖို့ လိုအပ်တဲ့ အခြေအနေကောင်းများ ဖန်တီးတည်ဆောက်ရာမှာအင်အားသစ်များ စုစည်းခိုင်မာရေးကအဓိက အကျဆုံးဖြစ်တယ်လို့ အထူးတိုင်းစစ်ဌာနကထုတ်ပြန်ထားပါတယ်။

အထူးတိုင်း စစ်ဌာနဟာ ကရင်၊ မွန်ပြည်နယ်တွေမှာ အခြေပြုဖွဲ့စည်းထားတဲ့ PDF နည်းဗျူဟာတွေ တပ်ရင်းတပ်ဖွဲ့တွေ၊ ပကဖတွေနဲ့ စုဖွဲ့ထားတဲ့ တိုင်းစစ်ဌာနဖြစ်ပြီး KNU/KNLAတပ်တွေနဲ့အတူ ကရင်၊မွန်၊ ရေး-ထားဝယ်ဒေသတို့မှာစစ်ရေးဖော်ဆောင်နေသလိုပဲခူးတိုင်းစစ်ဌာန၊ ရန်ကုန်တိုင်းစစ်ဌာနတို့နဲ့ ပူးပေါင်းပြီးပဲခူးတိုင်းနယ်မြေအချို့မှာလည်း စစ်ရေးဖော်ဆောင်​နေပါတယ်။

အထူးတိုင်းစစ်ဌာနမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF နည်းဗျူဟာ ၂၇၊ နည်းဗျူဟာ ၃၂၊ နည်းဗျူဟာ ၃၃၊ နည်းဗျူဟာ ၃၆၊ နည်းဗျူဟာ ၃၇ ၊ စုစုပေါင်း နည်းဗျူဟာ (၅) ခုနဲ့ စုဖွဲ့ထားပါတယ်။ တိုင်းစစ်ဌာနကွပ်ကဲမှုအောက်မှာအမှတ် ၇၈၀၁ တပ်ရင်း၊ အမှတ် ၇၈၀၂ တပ်ရင်း၊ အမှတ် ၇၈၀၄ တပ်ရင်း၊ အမှတ် ၇၈၀၅ တပ်ရင်း၊ ကော်ဘရာတပ်ရင်း(စစ်ကြောင်း ၁/၂)၊ကျားသစ်နက်တပ်ရင်း၊ ဒေါနတပ်ရင်း (စစ်ကြောင်း ၁/၂/၃)၊ တောင်ညိုတပ်ရင်း၊ Southern Eagle တပ်ရင်း၊ နဂါးဖြူတပ်ရင်း၊ SOG တပ်ရင်း၊1801 ဒရုန်းတပ်ရင်း၊ SDDF ဒရုန်းအထူးတပ်ဖွဲ့၊ ရောင်နီ ဒရုန်းအထူးတပ်ဖွဲ့ နှင့် Cloud Wings ဒရုန်းအထူးတပ်ဖွဲ့ တို့ရှိပြီး အခုအခါမှာအမှတ် (၈၀၀၁)တပ်ရင်းနဲ့အမှတ်(၁၈၁၉) ဒရုန်းတပ်ဖွဲ့ တို့ထပ်မံဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နွေဦးတော်လှန်ရေး တပ်တွေအားလုံးပေါင်းစုစည်းပြီး စစ်တပ်ကို ထိုးစစ်ဆင်နိုင်ဖို့ ဘယ်လိုစိန်ခေါ်မှုနဲ့ အခွင့်အလမ်းတွေရှိပါသလဲ။

သတင်း

အလင်းဝင်တပ်သားသစ်အများစု ရန်ကုန်၊ ပဲခူး၊ ဧရာ၀တီ၊မကွေးတိုင်းကဖြစ်၍ ယင်းဒေသရှိ လူငယ်များဂရုစိုက်ကြရန် သတိပေး

သတင်း

မကွေးတိုင်းအခြေစိုက် အညာမြေတပ်ပေါင်းစုက ဒရုန်းတပ် ဖွဲ့စည်းလိုက်ပြီးနောက် ပခုက္ကူမြို့နယ်မှာ စစ်ရေးအရ အရေးပါတဲ့ ညောင်ဂျစ်ပင်ပျူစောထီးရွာကို တိုက်ခိုက်ခဲ့တယ်လို့ တပ်ပေါင်းစုတာဝန်ရှိသူက ပြောပါတယ်။

သတင်း

Federal Wings နှင့် ပူးပေါင်းစစ်ဆင်ရေးဆောင်ရွက်လိုသော တော်လှန်ရေးတပ်ဖွဲ့များအတွက် ဒရုန်းတပ်ဆင်ရေးနှင့် ဒရုန်းအင်အားဖြည့်တင်းရေးလိုအပ်ချက်များကို ပြည်သူလူထုအင်အားဖြင့် ကူညီဖြည့်ဆည်းသွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း အသိပေးသည်။