Connect with us

Hi, what are you looking for?

သတင်း

ရွှေစျေးတစ်ကျပ်သား ကျပ်သိန်း ၁၀၀ဝန်းကျင် ရောက်လာ

ကမ္ဘာ့ရွှေဈေးအတက်နဲ့အပြိုင် ပြည်တွင်းရွှေစျေးတစ်ကျပ်သား ကျပ်သိန်း ၁၀၀ဝန်းကျင် ရှိလာပြီလို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။

ဇန်နဝါရီ-၁၄၊၂၀၂၅။ဇော်ဝင်း /People’s Spring

ကမ္ဘာ့ရွှေဈေးအတက်နဲ့အပြိုင် ပြည်တွင်းရွှေစျေးတစ်ကျပ်သား ကျပ်သိန်း ၁၀၀ဝန်းကျင် ရှိလာပြီလို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။

ကမ္ဘာ့စစ်ရေး စစ်ရေးအခြေအနေတွေကြောင့် ရွှေစု​ဆောင်းမှုများလာတာနဲ့ အမေရိကန်ရဲ့ဘဏ်အတိုးနှုန်း လျှော့ချမှုတွေကြောင့် ရွှေ့စျေး အတက်ဘက်မှာ ရှိနေတာလို့ ဆိုပါတယ်။

ဒီကနေ့(ဇန်နဝါရီ ၁၄ ရက်)ကမ္ဘာ့ ရွှေစျေးဟာ တစ်အောင်စကို ဒေါ်လာ ၄,၆၂၉ ဝန်းကျင်ရှိပြီး ရက်ပေါင်း ၃၀အတွင်း တစ်အောင်စ ဒေါ်လာ ၃၀၀ကျော် စျေးတက်လာတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ဒီနေ့ ကမ္ဘာ့ရွှေက အတ​က် စျေးတန်းမှာရှိတယ်။ပြည်တွင်း ရွှေစျေးက ဒေါ်လာစျေးတက်လာလို့လည်းသိန်း ၁၀၀ နားကပ်လာတာ”လို့ ရွှေ အ ရောင်းအဝယ်လုပ်နေသူတစ်ဦးက ပြောပါတယ်။

ဒီကနေ့ ပြင်ပရွှေစျေးကွက်အရ ၁၆ပဲရည် တစ်ကျပ်သား အရောင်း ကျပ် ၉,၇၇၀,၀၀၀ နဲ့ အဝယ် ကျပ် ၉,၈၇၀,၀၀၀ ရှိနေတယ်လို့ သိရပါတယ်။ ၁၅ ပဲရည် တစ်ကျပ်သား ရောင်းစျေးက ၉၃ သိန်း နဲ့ ၉၂ သိန်း ဝန်းကျင်ရှိပါတယ်။

ပြည်တွင်း ရွှေစျေးက တစ်ကျပ်သား ကျပ်သိန်း ၈၀ ကျော်ခဲ့တဲ့ အခုနှစ် ဇွန်လနောက်ပိုင်း စံချိန်အမြင့်ဆုံးစျေးဖြစ်လာပြီး ပြည်တွင်ရွှေ အရောင်း အဝယ်လုပ်နေသူတွေက အသိပေးပါတယ်။

“ရွှေဈေးတက်တာက နိုင်ငံတိုင်းမှာတက်နေတာပါ။မြန်မာငွေ ဖောင်းပွလို့သာ သိန်း ၈၀ တို့ သိန်း ၉၀ ကျော်တို့ ဆိုပြီး ကိန်းဂဏန်းကြီးတာ။အဓိကတော့ သာမန်လူတန်းစားတွေက ရွှေ ဆိုင်တွေနား ကပ်ဖို့ဆိုတာ ပိုပိုဝေး လာတယ်”လို့ ရွှေစျေးအကြောင်း လေ့လာနေသူတစ်ဦးက ပြောထားပါတယ်။

ပြည်တွင်း ရွှေချိန်တွယ်ရာမှာ ကျပ်၊ပဲ၊မူး၊ရွေးကိုအသုံးပြုပြီး တကျပ်သား ၀ ဒသမ ၅၂၅ အောင်စ ရှိပါတယ်။အကြမ်းဖျင်းပြည်တွင်းရွှေစျေးကို (ကမ္ဘာ့ရွှေစျေး × တစ်ဒေါ်လာငွေလဲနှုန်း ×၀ ဒသမ ၅၂၅ ) နဲ့ တွက်ချက်နိုင်ပါတယ်။နိုင်ငံခြားငွေလဲနှုန်းစျေးကွက်အရ တဒေါ်လာ ပြင်ပပေါက်စျေးအဝယ် ကျပ် ၄,၀၀၀နဲ့ အရောင်း ကျပ် ၄၁,၀၀ ဝန်းကျင်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်ရွှေအသင်းဥက္ကဌနဲ့ အသင်းရဲ့ရာထူးအကြီးဆုံး ​ရွှေလုပ်ငန်းရှင်ကြီး နှစ်ဦးကို စစ်​ကောင်စီက ဖမ်းဆီးပြီးနောက် ရွှေဆိုင်အများစု အရောင်းအဝယ်ပိတ်ထားတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ပြည်တွင်းရွှေဈေးကွက်မတည်မငြိမ်ဖြစ်​အောင်ရွှေတုံးရွှေခဲ​တွေကို ဝယ်ယူဖြန့်ဖြူးရောင်းချနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရန်ကုန်ရွှေအသင်းဥက္ကဌ ဦးမျိုးမြင့်အပါအဝင် အသင်းရဲ့ရာထူးအကြီးဆုံး ​ရွှေလုပ်ငန်းရှင်ကြီး သုံးဦးကို စစ်​ကောင်စီကဖမ်းဆီး ထားပါတယ်။

သတင်း

ကမ္ဘာ့ရွှေစျေး စံချိန်တင်ပြီး ပြည်တွင်း ရွှေစျေးလည်းဆက်တက်နေတယ်လို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။

သတင်း

ကမ္ဘာ့​ရွှေ တရှိန်ထိုးတက်နေပြီး ပြည်တွင်း ရွှေစျေးလည်း တစ်ကျပ်သား ကျပ်သိန်း ၁၀၀ အထက်ဆက်တက်နေတယ်လို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။