Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်ရဲစခန်း တိုက်ခိုက်ခံရ

စစ်ကောင်စီတပ်စွဲထားတဲ့ မိုးကုတ်မြို့အရှေ့ပိုင်းက ရဲစခန်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရပြီး ဒရုန်းဗုံးနဲ့လည်း ကြဲတိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဇန်နဝါရီ-၁၅၊၂၀၂၆။မိထက်/People’s Spring

စစ်ကောင်စီတပ်စွဲထားတဲ့ မိုးကုတ်မြို့အရှေ့ပိုင်းက ရဲစခန်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရပြီး ဒရုန်းဗုံးနဲ့လည်း ကြဲတိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီနေ့ ဇန်နဝါရီလ ၁၅ရက် မနက်ပိုင်းမှာ တိုက်ခိုက်ခံရတာလို့ မိုးကုတ်မြို့ခံတစ်ဦးက ပြောပါတယ်။

” အရှေ့ပိုင်းက ရဲစခန်းအတိုက်ခံရတာ။ ကျန်တာကထူးခြားမှုမြို့ထဲမှာမရှိဘူး။ မြို့ပြင်ဘက်မှာတော့ ချနေတုန်းပဲ”လို့ ဒေသခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ထိခိုက်မှုအခြေအနေကို အသေးစိတ်မသိရသေးပါဘူး။ မိုးကုတ်နဲ့မိုးမိတ်မြို့က စစ်ကောင်စီတပ်တွေရဲ့အုပ်ချုပ်မှု၊ ကွပ်ကဲမှု၊ ထောက်ပံ့မှု ရပ်ဝန်းတွေကို အထူးစစ်ဆင်ရေးဖော်ဆောင်ပြီး အဆက်မပြတ်တိုက်ခိုက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က အသိပေးထားပါတယ်။

တအာင်းတပ်မတော်(TNLA)က မိုးကုတ်နဲ့မိုးမိတ်မြို့ကို စစ်ကောင်စီထံ ပြန်အပ်ပေးပြီးတဲ့နောက်ပိုင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)စစ်ရုံးချုပ်က မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာ ၉ရက်မှာ စတင်ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီတပ်စစ်ကြောင်းတွေကို နိုဝင်ဘာ ၃၀ရက်ကစပြီး တိုက်ခိုက်ခဲ့ပါတယ်။

နိုဝင်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာ ၂၄ရက်အတွင်း တိုက်ပွဲကြီးငယ်ပေါင်း ၂၀ကျော်ဖြစ်ခဲ့ပြီး စစ်တပ်စခန်း တချို့ သိမ်းပိုက်နိုင်ခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ဦး သေဆုံးပြီး ၃ဦး ဖမ်းမိထားတယ်လို့ MODက ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်အစပ်ဖြစ်တဲ့ ထုံးဖိုရွာ၊ ဟွေလိပ်ရွာ၊ ကုန်းမကန်းကျေးရွာက တောင်ကြောတလျှောက် တိုက်ပွဲတွေဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မိုးကုတ်မြို့မှာမိုးသည်းထန်စွာရွာပြီးမြေပြိုကျတာ​ကြောင့် လူနေအိမ်၂လုံး ထိခိုက်ပျက်စီးပြီး အမျိုးသားတဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

သတင်း

ဒုတိယ ကမ္ဘာစစ်မှာ နာမည်ဆိုးနဲ့ အထူးကျော်ကြားခဲ့တဲ့ နာဇီ ခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ မွေးဖွားခဲ့တဲ့ နေရာဟာ အခုတော့ ရဲစခန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။