Connect with us

Hi, what are you looking for?

သတင်း

မယ်စဲ့အကျဥ်းထောင်က ထွက်ပြေးသူတွေကို ရှာဖွေနေဆဲလို့ IEC ပြော

ကရင်နီပြည်နယ် မယ်စဲ့အကျဥ်းထောင်ကထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို ရှာဖွေနေဆဲလို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC တွဲဖက်အတွင်းရေးမှူး ဦးဗညားက ပြောပါတယ်။

ကရင်နီပြည်အကျဉ်းထောင်အမှတ်(၁)က အကျဉ်းသားတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - အကျင့်စာရိတ္တပြုပြင်ရေးနှင့်ပြန်လည်ထူထောင်ရေး

ဇန်နဝါရီ-၁၉ ၊ ၂၀၂၆။ဇော်ဝင်း/People’s Spring

ကရင်နီပြည်နယ် မယ်စဲ့အကျဥ်းထောင်ကထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို ရှာဖွေနေဆဲလို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC တွဲဖက်အတွင်းရေးမှူး ဦးဗညားက ပြောပါတယ်။

ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို ဖမ်းမိတယ်ဆိုတဲ့ လူမှုကွန်ရက်ပေါ်က သတင်းတွေက မဟုတ်မှန်ဘူးလို့ ဆိုပါတယ်။

“လောလောဆယ်ဘဘာမှမထူးသေးဘူး။ကျွန်တော် တို့ရှာဖွေနေဆဲ”လို့ ဦးဗညားက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မနေ့က(ဇန်နဝါရီ ၁၇ ရက်)မနက်စော ၁နာရီခန့်က မယ်စဲ့မြို့နယ်မှာရှိတဲ့ IEC အကျဥ်းထောင်ကနေ စစ်သုံ့ပန်း စစ်ကောင်စီတပ်သား ၈၆ဦးဟာ ထွက်ပြေးသွားတာ ဖြစ်ပါတယ်။

ဒါ့အပြင် လက်နက်ငယ် ၉လက်ကိုလည်းပါသွားတယ်လို့IECက ထုတ်ပြန်ထားပါတယ်။

“အတွင်းစည်းထဲ ပေါက်သွားတာပါတယ်။ အဲ့တာ ခုပြင်ဆင်နေကြပါတယ်”လို့ ကရင်နီတပ်ပေါင်းစုရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြည်သူတွေရဲ့ လုံခြုံရေးအတွက် ကရင်နီပြည်ရဲဌာန၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက အချိန်နဲ့တပြေးညီ သတင်းထုတ်ပြန်ပေးသွားမှာဖြစ်သလိုလုံခြုံရေးကိုလည်း အထူးဂရုစိုက် ဆောင်ရွက်နေတယ်လို့ IECက ဆိုပါတယ်။

မော်ချီးဒေသနဲ့ မယ်စဲ့မြို့မှာနေတဲ့ ပြည်သူတွေအနေနဲ့ လုံခြုံရေးဂရုစိုက်ကြဖို့လည်း ကရင်နီအရပ်ဘက်အဖွဲ့အစည်း တာဝန်ရှိသူအချို့က တိုက်တွန်းထားပါတယ်။

ကရင်နီပြည်နယ်ကနေ ထိုင်းနိုင်ငံဘက် နယ်စပ်ထွက်ပေါက်ဖြစ်တဲ့ မယ်စဲ့မြို့ကို ၂၀၂၃ နိုဝင်ဘာမှာ ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ စစ်ကိုင်း၊ရှမ်းမြောက်နဲ့ မန္တလေးတိုင်းမှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းမိခဲ့တဲ့စစ်ကောင်စီတပ်သားတွေ အကျဥ်းထောင်ကနေ ထွက်ပြေးခဲ့တဲ့ဖြစ်စဥ်တွေ ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ အကျဥ်းထောင်၊အကျဥ်းစခန်းတွေက အကျဥ်းသား ၂၃၄ဦးကို လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ သက်သာခွင့်ပေးလိုက်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်သုံ့ပန်းတွေ ထောင်ဖောက်ထွက်ပြေးတဲ့ဖြစ်စဉ်အတွက် ကရင်နီပြည်လူထု တစ်ရပ်လုံးနဲ့ တော် လှန်ရေးအင် အားစုတစ်ရပ်လုံးကို တောင်းပန်ပြီး တာဝန်ယူတာဝန်ခံမှုနဲ့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ဒီကနေ့ ဇန်နဝါရီ၂၉ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ် မယ်စဲ့အကျဥ်းထောင်ကထွက်ပြေးတဲ့ စစ်သုံ့ပန်းတွေကို ရှာဖွေမှုရပ်ဆိုင်းလိုက်ပြီလို့ ကရင်နီပြည်ကြား ကာလအုပ်ချုပ်ရေးကောင်စီ (IEC)တွဲဖက်အတွင်းရေးမှူး ဦးဗညားက လူထုနွေဦးကို ပြောပါတယ်။