Connect with us

Hi, what are you looking for?

သတင်း

ဆိပ်ဖြူ ကပစ(၂၂) ပါရာမော်တာသုံးစီးရောက်ပြီးနောက် ကျေးရွာတွေကို စတင်လေကြောင်းတိုက်ခိုက်

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အခြေစိုက် အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၂)ကို ပါရာမော်တာသုံးစီးရောက်ရှိပြီးနောက် နီးစပ်ရာ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ စတင်ပြုလုပ်နေတယ်လို့ ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

(ဆိပ်ဖြူမြောက်ပိုင်းက ကျေးရွာတရွာကို စစ်တပ်က ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - Seikphyu Media)

ဇန်နဝါရီ-၂၀ ၊၂၀၂၆။ဇော်ဝင်း/People’s Spring

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အခြေစိုက် အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၂)ကို ပါရာမော်တာသုံးစီးရောက်ရှိပြီးနောက် နီးစပ်ရာ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ စတင်ပြုလုပ်နေတယ်လို့ ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရောက်ရှိလာတဲ့ ပါရာမော်တာတွေဟာ ကပစ(၂၂)ကို ကာကွယ်မယ့်အခြေအနေကနေ ဒေသတွင်းကို အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုတွေ တိုးလာနိုင်တယ်လို့ သတိပေးပါတယ်။

“မနေ့က(ဇန်နဝါရီ ၁၉ရက်) ဆိပ်ဖြူမြောက်ပိုင်းက ကျေးရွာတရွာကို လေကြောင်းတိုက်ခိုက်ခဲ့တယ်။ဗုံးသီး နှစ်လုံးကြဲတယ်။စက်လက်တွေနဲ့ပစ်တယ်။ပါရာမော်တာတစ်စီးနဲ့။ကြားထားတာက ပါရာမော်တာ သုံးစီးရောက်တယ်”လို့ ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသူ ရိန်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပါရာမော်တာနဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားအမျိုးသမီးတစ်ဦး လက်ပြတ်တာနဲ့ နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ အသိပေးပါတယ်။

လက်ရှိအခြေအနေတွေကြောင့် ဆိပ်ဖြူမြောက်ပိုင်းကျေးရွာတွေအနေနဲ့ ဗုံးခိုကျင်းအပါအဝင် နီးစပ်ရာ အကာကွယ်တွေ လုပ်ထားဖို့၊လူစုလူဝေး မလုပ်ဖို့၊အသံချဲ့စက်၊Sound Box တွေ မဖွင့်ဖို့ ဒေသတွင်း ကာကွယ်ရေးအဖွဲ့တွေက ကြေညာပါတယ်။

စစ်တပ်ရဲ့ရေသောက်မြစ်ဖြစ်တဲ့ ကပစ စက်ရုံတွေထဲက ကပစ (၂၁)၊ ကပစ (၂၂)နဲ့ ကပစ (၂၄)တို့ကို သွယ်တန်းထားတဲ့ လျှပ်စစ်မဟာဓါတ်အားလိုင်းတွေကို ပြီးခဲ့တဲ့လက တပြိုင်နက်တည်း တော်လှန်ရေးတပ်ဖွဲ့တွေက ဖျက်ဆီးထားပါတယ်။

ကပစ(၂၂)ဟာ ဆိပ်ဖြူ မြို့နယ်မြောက်ဘက်မှာရှိပြီး လက်ရှိစစ်ကောင်စီတပ် စစ်ကြောင်းထိုးဖြန့်ကျက်နေတဲ့ ပေါက်မြို့နယ်တောင်ဘက်ခြမ်း ပုသိမ်-မုံရွာ ကားလမ်းပိုင်း အရှေ့ဘက်ခြမ်းမှာရှိပါတယ်။

ဆိပ်ဖြူမြို့နယ်မှာ စစ်တပ်ရဲ့ကာကွယ်ရေးပစ္စည်းရုံး ကပစ (၂၀၊ ၂၁ )နဲ့ အမှတ်(၉)လေကြောင်းရန်ကာ ကွယ်ရေးကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ်(လစခ)တို့ အခြေစိုက်ထားပါတယ်။

အမှတ်(၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၂၁)က လေတပ်သုံးဗုံးတွေထုတ်ပြီး အမှတ် (၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ−၂၂ )က လက်နက်တွေ ထုတ်နေတာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်က အချက်အခြာကျ အရေးပါတဲ့ ထီးလင်းမြို့နယ် ရွှေအောင်သာရွာကို အာဏာသိမ်းစစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုးလျက်ရှိရာ ယောဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုခံရပြီး အထိနာ တပ်ပြန်ဆုတ်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။