Connect with us

Hi, what are you looking for?

သတင်း

ထိုင်းက အပန်းဖြေ ကမ်းခြေမြို့မှာ လူသတ်မှု သံသယ တရားခံကို ပိတ်ဆို့ရှာဖွေနေ

ထိုင်းနိုင်ငံက ပင်လယ်ကမ်းခြေ မြို့တစ်မြို့ဖြစ်တဲ့ ဟွာဟင်းမှာ လူသတ်မှု သံသယ တရားခံ တစ်ဦးကို ရဲတွေက ပိတ်ဆို့ရှာဖွေဖို့ ကြိုးစားနေပါတယ်။

-ဇန်နဝါရီ-၂၀၊၂၀၂၆။People’s Spring

ထိုင်းနိုင်ငံက ပင်လယ်ကမ်းခြေ မြို့တစ်မြို့ဖြစ်တဲ့ ဟွာဟင်းမှာ လူသတ်မှု သံသယ တရားခံ တစ်ဦးကို ရဲတွေက ပိတ်ဆို့ရှာဖွေဖို့ ကြိုးစားနေပါတယ်။

ခရီခန်ပြည်နယ်၊ ပရာချူယပ် ခရိုင် ရဲတပ်ဖွဲ့ဟာ အင်အား ၁၀၀ လောက်ကို ဖြန့်ကျက်ပြီး လူသတ်မှု သံသယ တရားခံ တစ်ဦးကို အပူတပြင်း ရှာဖွေနေတယ်လို့ ပြည်နယ် ရဲတပ်ဖွဲ့ အကြီးအကဲ အက်သွန် ချင်သောင်က အတည်ပြုခဲ့ပါတယ်။

ရဲတွေ လိုက်ရှာနေတာဟာ ဓားပြမှု တစ်ခုအတွင်း ဟိုတယ်ဝန်ထမ်း အမျိုးသမီး တစ်ဦးကိုသတ်ဖြတ်သွားတဲ့ လူသတ်မှု သံသယ တရားခံကို ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က ဟွာဟင်းကို ပိတ်ဆို့ပြီး အကြီးစား စစ်ဆင်ရေး တစ်ခုနဲ့ ရှာဖွေရေး လုပ်နေတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သံသယရှိသူဟာ အမျိုးသမီးကို သတ္တုပိုက် တစ်ချောင်းနဲ့အကြိမ်​ပေါင်းများစွာ ရက်ရက်စက်စက် ရိုက်ခဲ့ပြီး တိုက်ရာပါပစ္စည်းတွေနဲ့ထွက်ပြေး လွတ်
မြောက်သွားကြောင်း သိရပါတယ်။ ကမ္ဘာလှည့် ခရီးသွားတွေကြားမှာ ရေပန်းစားတဲ့ အပန်းဖြေ မြို့မှာ အခုလို လူသတ်မှု ဖြစ်ပွားခြင်းက ဒေသခံတွေရော၊ ခရီးသွား ဧည့်သည်တွေကိုပါ အထိတ်တလန့် ဖြစ်စေခဲ့ပါတယ်။

ရဲတွေက နောက်ဆုံး ရရှိထားတဲ့အထောက်အထားတွေအရ သံသယရှိသူဟာ နောင်ခွန် ရပ်ကွက်တဝိုက်ကို ဝင်ရောက်သွားတယ်လို့ သိရှိထားပြီး အဲဒီနေရာမှာပုန်းအောင်းနေဆဲလို့ယုံကြည်ကြောင်း ပြောပါတယ်။

ဒါ့အပြင် သံသယ တရားခံ ထွက်ပြေး လွတ်မြောက်သွားနိုင်တဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့ဖို့လည်း ဒေသခံ ရဲတပ်ဖွဲ့တွေကြား ချိတ်ဆက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ဟာ လူသတ်မှု သံသယ တရားခံ အမျိုးသားရဲ့ ဓာတ်ပုံကိုလည်း ထုတ်ပြန်ထားပြီး ပြည်သူတွေ အနေနဲ့ သူနဲ့ပတ်သက်တဲ့ သတင်တစ်ခုခု ရတာနဲ့ သက်ဆိုင်ရာဆီ ဆက်သွယ်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

ရဲတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ သံသယ တရားခံအမျိုးသားဟာဇာတိနက်ခွန်ရတ်ချာဆီမာ ပြည်နယ်ထဲမှာလည်း အကြမ်းဖက်ရာဇဝတ်မှု မှတ်
တမ်းတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ပြီးတော့ ရန်လိုမှု၊ ပိုင်နက်ကျူးလွန်မှုနဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ပြစ်ချက်ဟောင်းတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

သံသယရှိသူကို ဖမ်းမိခဲ့ရင်လူသတ်မှု၊ရက်စက်စွာ ကြံစည်သတ်ဖြတ်မှု၊ဓားပြမှုတွေ အပါအဝင် စွဲချက်တွေ တော်တော်များများနဲ့ တရားစွဲဆို ခံရဖွယ် ရှိနေပါတယ်။

ရဲတွေက သံသယ တရားခံကို ဖြန့်ကျက် ရှာဖွေနေချိန် အတောအတွင်း ဒေသခံ လူထုအနေနဲ့လည်း လုံခြုံရေး သတိထားဖို့ တိုက်တွန်းထားပါတယ်။

ကိုးကား/ဓါတ်ပုံ-Khaosod

ဆက်စပ်သတင်းများ

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

Facebook