Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ် ဒေါနတောင်လမ်းဟောင်းပိုင်းမှာ တိုက်ပွဲဖြစ်ခဲ့

ကရင်ပြည်နယ်​၊ကော့ကရိတ်မြို့မြောက်ပိုင်းဒေါနတောင်လမ်းဟောင်းပိုင်းမှာစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KNU ဦးစီးတဲ့ ပူးပေါင်းတပ်တွေကြားပြီးခဲ့တဲ့ရက်ပိုင်းအတွင်းတိုက်ပွဲတွေဖြစ်ခဲ့ရာမှာ ခြေလျင်တပ်တွေအထိနာတာကြောင့် စစ်ကောင်စီလေတပ်က လေကြောင်းပစ်ကူပေးပြီးတိုက်ခိုက်ခဲ့ရတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

ဇန်နဝါရီ – ၂၁ ၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်​၊ကော့ကရိတ်မြို့မြောက်ပိုင်းဒေါနတောင်လမ်းဟောင်းပိုင်းမှာစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KNU ဦးစီးတဲ့ ပူးပေါင်းတပ်တွေကြားပြီးခဲ့တဲ့ရက်ပိုင်းအတွင်းတိုက်ပွဲတွေဖြစ်ခဲ့ရာမှာ ခြေလျင်တပ်တွေအထိနာတာကြောင့် စစ်ကောင်စီလေတပ်က လေကြောင်းပစ်ကူပေးပြီးတိုက်ခိုက်ခဲ့ရတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

ဒေါနတောင်လမ်းဟောင်းပိုင်းကKNUတပ်မဟာ(၇)နယ်မြေဖြစ်တဲ့အောက်ဘိုတဲနဲ့ မိဖာလဲကျေးရွာတွေဘက်ဆီစစ်ကောင်စီတပ်စစ်ကြောင်းက ဇန်န ဝါရီလ ၁၆ ရက်မနက်ပိုင်း၆ နာရီခန့်ကစစ်ကြောင်းထိုးရာမှာတိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။

စစ်ကောင်စီတပ်ဟာ ဒေါနတောင်လမ်းဟောင်းဘက်က အောက်ဘိုတဲရွာ ဘက်ဆီစစ်ကြောင်းတစ်ကြောင်း ၊ နဘူး – ကော့ကရိတ်လမ်း ပိုင်းအနီးက မိဖာလဲရွာ ဘက် စစ်ကြောင်းဦးတည်ထိုးခဲ့တာပါ။

Public Service Announcement

Public Service Announcement

အဲဒီ စစ်ကြောင်းတွေနဲ့ KNU ပူးပေါင်းတပ်တွေကြား ထိတွေ့တိုက်ပွဲဟာ ပြင်းထန်ခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

“အောက်ဗိုလ်တဲကို ရအောင်တက်မယ်ပေါ့ ၊ အောက်ဗိုလ်တဲဘက်လည်း စစ်ကြောင်းထိုးတယ် မိဖလဲဘက်လဲ စစ်ကြောင်းထိုးတယ်၊စစ်တပ်ဘက်က ထိခိုက်မှုများတယ်၊ လက်နက်တော့ဘယ်နှစ်လက်ရတယ်ဆိုတာ မသိရသေးဘူး၊ မိဖာလဲဘက်စစ်ကြောင်းထိုးတာ အထိများတယ်” လို့ အဲဒီကရင်သတင်းရင်းမြစ်က ပြောပါတယ်။

မိဖာလဲတိုက်ပွဲမှာစစ်ကောင်စီတပ်ကအထိများတာကြောင့် မိဖာလဲ၊ အောက်ဘိုတဲအပါအဝင်အနီးဝန်းကျင်ဒေသတွေထဲကို ဇန်နဝါရီ ၁၇ ရက်နေ့ မနက်၈ နာရီကျော်ကစပြီး ၁၀ နာရီကျော်အထိလေယာဉ်နဲ့ ဗုံးကြဲတိုက် ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“လေယာဉ်တစ်ခါကြဲ လေးလုံး၊ အနှံ့အပြားကို လိုက်ပတ်ကြဲနေတာ” လို့ ကရင်သတင်းရင်းမြစ်ကဆိုပါတယ်။

ကော့ကရိတ်မြို့နယ်ဟာ လာမယ့် တနဂ်နွေ (ဇန်နဝါရီလ ၂၅ရက် )မှာ ကျင်းပမယ့် ရွေးကောက်ပွဲအပိုင်း (၃) မှာ ပါဝင်ပါတယ်။

ကော့ကရိတ်မှာရွေးကောက်ပွဲကျင်းပမယ့်ရက်ပိုင်းအလိုမှာ စစ်ကောင်စီတပ်ဘက်က နယ်မြေစိုးမိုးရေးအတွက် စစ်ကြောင်းထိုးလာတာဖြစ်ပြီး တပ်အင်အားတွေလည်း ကော့ကရိတ်ဆီပို့ဆောင်ထားတယ်လို့ People’s Spring ရဲ့ဒေသတွင်းသတင်းရင်းမြစ်ကလည်းအသိပေးပါတယ်။

ဓာတ်ပုံ-စစ်ကောင်စီ

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီ-ကော့ကရိတ်အာရှလမ်းပိုင်းရဲ့ ကော့ကရိတ်မြို့အနီးမှာဒီနေ့ (ဇူလိုင် ၁၀)မနက်အစောပိုင်းကအာဏာသိမ်းစစ်တပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)တပ်မဟာ ၆ တို့ကြားနာရီပိုင်းကြာတိုက် ပွဲဖြစ်ပွားခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မြောက်ပိုင်းမှာ နှစ်ရက်ဆက်တိုက်ပွဲပြင်းထန်နေပြီး စစ်တပ် စစ်​ကြောင်းမှာရှေ့တိုးလိုက်၊လန်ကျလိုက် ဖြစ်နေတယ်လို့ အဲဒီဒေသက PDFတပ်ရင်းမှူးတစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြောက်ပိုင်းမှာ နယ်မြေစိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် စစ်ကြောင်းထိုးလာနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းတွေနဲ့ KNU တပ်မဟာ ( ၇) ပူးပေါင်းတပ်တို့အကြား အခုလ နိုဝင်ဘာ ၅ ရက်အထိ တိုက်ပွဲတွေ ဆက်ပြင်းထန်နေတယ်လို့ ကရင်သတင်းရင်းမြစ်တွေက ပြောပါတယ်။