Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်မြောက်ပိုင်းမှာ၂ရက်ဆက်တိုက်ပွဲပြင်းထန်၊ စစ်တပ်ရှေ့တိုးလိုက်၊လန်ကျလိုက်ဖြစ်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မြောက်ပိုင်းမှာ နှစ်ရက်ဆက်တိုက်ပွဲပြင်းထန်နေပြီး စစ်တပ် စစ်​ကြောင်းမှာရှေ့တိုးလိုက်၊လန်ကျလိုက် ဖြစ်နေတယ်လို့ အဲဒီဒေသက PDFတပ်ရင်းမှူးတစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

ကော့ကရိတ်မြောက်ပိုင်းမှာ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးရဲဘော်တွေ။ ဓာတ်ပုံ - စောဝင်းဇော်/လူမှုကွန်ရက်

နိုဝင်ဘာ-၆၊ ၂၀၂၅/People’s Spring

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မြောက်ပိုင်းမှာ နှစ်ရက်ဆက်တိုက်ပွဲပြင်းထန်နေပြီး စစ်တပ် စစ်​ကြောင်းမှာရှေ့တိုးလိုက်၊လန်ကျလိုက် ဖြစ်နေတယ်လို့ အဲဒီဒေသက PDFတပ်ရင်းမှူးတစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

နိုဝင်ဘာ ၅ရက်၊ညနေပိုင်းမှာ ကော့ကရိတ်မြောက်ပိုင်းက ထီဖိုးစံ နဲ့ ကွီမောင်တိုင် ရွာက စစ်တပ်စစ်​ကြောင်းဟာ နောင်ကိုင်းကျေးရွာဘက်ကို စတင်စစ်ကြောင်းထိုးလာတယ်လို့ PDFတပ်ရင်းမှူးတစ်ဦးကပြောပါတယ်။အဲဒီ​နောက်နိုဝင်ဘာ ၅ ရက်ည ၁၀ နာရီခန့်မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ​နောက် နိုဝင်ဘာ ၆ရက် မနက် ၈နာရီကစတင်ပြီး နောင်ကိုင်း-မိဖာလဲလမ်းဆုံကို စစ်တပ်စစ်​ကြောင်းရောက်လာပြီးနောက် တိုက်ပွဲစတင်ပြင်းထန်ခဲ့တယ်လို့ PDFတပ်ရင်းမှူးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“စကမတပ်မှ လက်နက်ကြီးများပစ်ခတ်မှုရှိပြီး နှစ်ဖက်လက်နက်ငယ်၊ RPG များသုံးကာ တိုက်ခိုက်လျက်ရှိပါတယ်။တစ်နေကုန်တိုက်ပွဲဖြစ်နေပါတယ်”လို့ ၎င်းက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်စစ်​ကြောင်းဟာအထိနာပြီးရှေ့တိုးဖို့ကြိုးပမ်းလိုက်၊ ပြန်လန်ကျလိုက် ဖြစ်နေတယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကော့ကရိတ်မြို့ကိုပြန်ထိန်းချုပ်နိုင်ပြီးနောက် ကော့ကရိတ်‌မြောက်ပိုင်းက တော်လှန်ရေးတပ်တွေ စိုးမိုးရာနေရာတွေကို ပြီးခဲ့တဲ့ဧပြီကစလို့လေကြောင်းပစ်ကူယူပြီး စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။

ဒါ့အပြင်ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းကိုထိန်းချုပ်ဖို့အတွက် အင်အားသုံးပြီး စစ်ကြောင်းထိုးခဲ့တာ ဖြစ်ပါတယ်။

လက်တလောမှာတော့ကော့ကရိတ်မြို့နယ်မြောက်ပိုင်း နဲ့ မြဝတီမြို့တောင်ဘက်ခြမ်းမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲတွေ ရက်ဆက်ဖြစ်နေတာပါ။

အောက်တိုဘာ ၃၁ရက်က လေးကေ့ကော်မြို့သစ်နားမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ရဲ့ တပ်မ(၂၂)လက်​အောက်ခံ ခမရ(၂၀၉)တပ်ရင်း အထိနာပြီး ပြန်ဆုတ်ခွာရကာ အဲဒီတပ်ရင်းထံက ခဲယမ်းတွေအများအပြားသိမ်းရခဲ့တယ်လို့ မြေပြင်ရဲဘော်နဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ရသေ့ဂူအနီးမှာတပ်မ(၂၂)လက်​အောက်ခံ ခမရ(၂၀၉)တပ်ရင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဲဒီတိုက်ပွဲအတွင်းမှာ ခမရ(၂၀၉)တပ်ရင်းအထိနာလို့ ပြန်ဆုတ်သွားရပြီး အလောင်းတွေနဲ့ ခဲယမ်းတွေအများအပြား ကျန်ခဲ့တယ်လို့ တော်လှန်ရေးရဲဘော်နဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။