Connect with us

Hi, what are you looking for?

သတင်း

မြိုင်မှာ စစ်တပ်က သီးနှံထွက်ကုန်တွေ မီးရှို့နေလို့ လှောင်မထားဘဲ ရောင်းချဖို့ သတိပေး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းက ဒေသခံတွေရဲ့ သီးနှံထွက်ကုန်တွေပါ မီးရှို့ဖျက်ဆီးနေလို့ လှောင်မထားဘဲ ရောင်းချထားဖို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က သတိပေးပါတယ်။

(နှောပင်ရွာက မြေပဲတွေကို စစ်တပ်က မီးရှို့သွားစဥ်။ ဓာတ်ပုံ- အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်)

ဇန်နဝါရီ-၂၇၊ ၂၀၂၆ ​ဇေအောင်/People’s Spring

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းက ဒေသခံတွေရဲ့ သီးနှံထွက်ကုန်တွေပါ မီးရှို့ဖျက်ဆီးနေလို့ လှောင်မထားဘဲ ရောင်းချထားဖို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က သတိပေးပါတယ်။

စစ်တပ် စစ်ကြောင်းဟာ နေအိမ်တွေတင်မကဘဲ လယ်ယာထွက်ကုန် သီးနှံတွေကိုပါ မီးရှို့ဖျက်ဆီးနေတာကြောင့် မြိုင်နယ်အရှေ့ပိုင်းနဲ့ အရှေ့တောင်ပိုင်းက တောင်သူတွေအနေနဲ့ မိမိတို့ပိုင် ပဲ၊နှမ်းနဲ့ လယ်ယာထွက်ကုန်သီးနှံတွေကို စုဆောင်းမထားကြဘဲ ရောင်းချထားကြဖို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က သတိပေးပါတယ်။

“စစ်ကြောင်းက အဲဒီဘက်တွေသွားမယ်လို့ကြားတာကြောင့် ကျနော်တို့က သတိပေးတာပါ”လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်ကလည်း မြိုင်မြို့နယ်၊ နှောပင်ကျေးရွာကို စစ်တပ်မီးရှို့ဝင်ချိန် တောင်သူတွေသိမ်းဆည်းထားတဲ့ နှမ်းတွေကိုပါ မီးတင်ရှို့သွားတာကြောင့် နှမ်းတင်းရာနဲ့ချီ ဆုံးရှုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းဟာ မြိုင်နယ်ထဲမှာ အရင်နှစ်တွေကထက် သီးနှံတွေကို ပိုမိုမီးရှို့ဖျက်ဆီးနေပြီး တောင်သူတွေဟာ ပဲနှမ်းတင်းပေါင်းများစွာ၊ ငွေကျပ်သိန်းထောင်ချီ ဆုံးရှုံးနေတယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။

ဒါ့အပြင် နေအိမ်တွေက အရေးကြီးစာရွက်စာတမ်းတွေကိုလည်း စနစ်တကျ သိမ်းဆည်းထားကြဖို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က တိုက်တွန်းထားပါတယ်။

မြိုင်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ တတိယပတ်အတွင်းက စစ်တပ်ကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး ထိခိုက်ပျက်စီးမှုတွေ ရှိနေပါတယ်။ မြေပြင်စစ်ကြောင်းအနေနဲ့လည်း မြိုင်မြို့နယ်တောင်ပိုင်းက ကမ္မမြို့နယ်ဘက်မှာ စစ်ကောင်စီစစ်ကြောင်းထိုးနေလို့ ဒေသခံထောင်ချီ တိမ်းရှောင်နေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို ရန်သူ့မကွဲသေးသော ပေါင် ၅၀၀ ဗုံးကို မိုင်းပြန်ဆင်ပြီး ဖောက်ခွဲတိုက်ခိုက်ရာ အများအပြား သေဆုံးထိခိုက်တယ်လို့ ပခုက္ကူခရိုင် အမှတ် - ၆ တပ်ရင်း - Myaing Villages Revolution Front က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ပေါက်နဲ့ မြိုင်မြို့နယ်အနောက်ခြမ်းက စစ်တပ်စစ်ကြောင်းဟာ တဲကြီးကျေးရွာကို မီးရှို့ပြီး ရေနံမြေအတွင်း၀င်ဖို့ ကြိုးပမ်းနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။