Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူတွေဖမ်းဆီး

တနင်္သာရီတိုင်းက လောင်းလုံးမြို့မရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က စစ်ကြောင်းထိုးကာ ကလေးငယ်တွေအပါအဝင် ပြည်သူတွေကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံနဲ့ တပ်ရင်းတာဝန်ရှိသူတွေက ပြောပါတယ်။

ဖေဖော်ဝါရီ-၁ ၊၂၀၂၆။မိုမို/People’s Spring

တနင်္သာရီတိုင်းက လောင်းလုံးမြို့မရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က စစ်ကြောင်းထိုးကာ ကလေးငယ်တွေအပါအဝင် ပြည်သူတွေကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံနဲ့ တပ်ရင်းတာဝန်ရှိသူတွေက ပြောပါတယ်။

စစ်တပ်က အင်အား ၁၅၀ ဝန်းကျင်နဲ့ လောင်းလုံးမြို့ရဲ့အောက်ဘက်ခြမ်းက ကျေးရွာတွေ ဖြစ်တဲ့ ညင်းမော်၊ရင်းတုတ်ကျေးရွာတွေကို စစ်ကြောင်းထိုးကာ စစ်ရှောင်နဲ့ ဒေသခံပြည်သူ ၁၀ ဦးကျော်ကို ဖမ်းဆီးပြီးလူသားဒိုင်းအဖြစ် အသုံးပြုထားတယ်လို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့ရက်(ဇန်နဝါရီ ၃၀ )က ကလေးတွေပါတဲ့ မိသားစုနဲ့စစ်ရှောင်တွေကို ဖမ်းသွားတာ။ပြန်လွှတ်မရှိသေးဘူး။ကလေးတွေက တော်တော်ငယ်တယ် ၁၀ နှစ်အောက်တွေ များတယ်”လို့ လောင်းလုံး မြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်စစ်ကြောင်းဟာ ဇန်နဝါရီ ၂၉ ရက်က လောင်းလုံးမြို့ပေါ်ကနေ ညင်းမော်ကျေးရွာကို စစ်ကြောင်းထိုးလာခဲ့ပြီး အဲဒီနေ့ နေ့လယ်ပိုင်းမှာ တိုက်ခိုက်ခံခဲ့ရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကြောင်းမထိုးခင်က လောင်းလုံးမြို့မရဲစခန်းကို ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်း ဗုံးသီးတွေ ဆယ်နဲ့ချီ တိုက်ခိုက်ခဲ့တယ် လောင်းလုံးသံမဏီလိပ်ပြာတပ်ဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။

ဇန်နဝါရီ ၂၅ ရက်က မြို့မရဲစခန်းကိုတိုက်ခိုက်မှုမှာ အဆောက်အဦးတချို့မီးလောင်ပြီး ထိခိုက်ဒဏ်ရာရသူတွေများတယ်လို့ အသိပေးပါတယ်။

“သေဆုံးမှုကိုတော့ အတည်ပြုမရသေးဘူး။စစ်တပ် စစ်ကြောင်းက တောက်လျှောက်လာနေတယ်။လက်ရှိက ဒရုန်းစစ်ဆင်ရေးရောမြေပြင်စစ်ဆင်ဆင်ရေးပါ ရှိနေတယ်”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

လက်ရှိစစ်ရေးအခြေအနေကြောင့် လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို သတိပြုကြဖို့၊ စစ်ရေးအသိနဲ့နေကြဖို့လည်း လောင်းလုံးသံမဏီလိပ်ပြာတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီက ခမရ(၄၀၆)၊ (၄၀၉)တပ်ရင်းနဲ့ ခလရ(၂၆၇) တပ်ရင်းတွေနဲ့ လှုပ်ရှားနေတာ ဖြစ်ပါတယ်။အဲဒီတပ်ရင်းတွေထဲက တပ်သားတချို့က ကာကွယ်ရေးတပ်ဖွဲ့တွေဆီကို ဘက်ပြောင်းခိုလှုံတာတွေလည်းရှိနေပါတယ်။

ရုပ်သံ – SBF

ဆက်စပ်သတင်းများ

Trending

Facebook