Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မှာ တိုက်ပွဲဆက်ပြင်းထန်

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး အများပြည်သူသွားလာရာလမ်းတွေမှာ စစ်တပ်က မိုင်းတွေလိုက်ထောင်နေလို့ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

▪️အများပြည်သူသွားလာရာလမ်းတွေမှာ စစ်တပ်က မိုင်းထောင်နေ

ဖေဖော်ဝါရီ-၁၊၂၀၂၆။ရွှေပြည်စိုး/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး အများပြည်သူသွားလာရာလမ်းတွေမှာ စစ်တပ်က မိုင်းတွေလိုက်ထောင်နေလို့ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်ဒေသမှာ စစ်ကောင်စီ ရွေးကောက်ပွဲပြုလုပ်ခဲ့တဲ့ ဇန်နဝါရီ ၂၈ရက်ကတည်းက တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ဒီနေ့ ဖေဖော်ဝါရီ ၁ရက်အထိ တိုက်ပွဲဆက်နေပါတယ်။

Public Service Announcement

Public Service Announcement

မရှိကထောင်ရပ်ကွက်နဲ့ ယူမာကျေးရွာဘက် ဝင်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက လမ်းသွယ်တွေထဲမှာ မိုင်းတွေထောက်ပြီး စစ်ကြောင်းဆက်ထိုးလာတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

” စစ်ကြောင်းကလေ ရွာတွေထဲကို လက်နက်ကြီးတွေနဲ့အရင်ပစ်ပြီး ရှေ့ကိုဆက်တိုးလာတယ်။ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် စိုးရိမ်စရာအခြေအနေ ရောက်လာပြီ။ သူတို့က တွေ့ရင် အကြမ်းဖက်မှာ”လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိတိုက်ပွဲတွေဟာ ထုံးဘိုရွာ၊ ယူမာရွာ၊ ဆန်းကြွယ်နဲ့ ရှရော်ခကျေးရွာအနီးက ညောင်ပင်ကုန်း၊ မရှီကထောင်ရပ်ကွက်က ရတနာဆင်သီရိ ကျောက်မျက်ကုမ္ပဏီပတ်ဝန်းကျင်တွေမှာ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က ဗျူဟာကုန်းကနေ လက်နက်ကြီးတွေနဲ့ မကြာခဏပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းက ကချင် လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF ထိန်းချုပ်ထားတဲ့ ဆိပ်မူကျေးရွာဘက်ကိုဦးတည်ပြီးစစ်ကြောင်းထိုးဖို့ ကြိုးစား‌နေတာလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဖားကန့်ဒေသမှာ စစ်ကောင်စီတပ်ရဲ့လေကြောင်းအန္တရာယ်၊ လက်နက်ကြီးအန္တရာယ်နဲ့ တိုက်ပွဲတွေလည်းဆက်ဖြစ်နိုင်လို့ လုံခြုံရေးသတိပြုနေထိုင်ကြဖို့ KIA၊KPDFပူးပေါင်းတပ်က ဒေသခံတွေကို သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

Trending

Facebook