Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မှာ လက်နက်ကြီးပစ်ခတ်သံ​တွေကြား

တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်တဲ့ ကချင်ပြည်နယ် ဖားကန့်မြို့မှာ စစ်တပ်အာဏာသိမ်းမှု ၅ နှစ်ပြည့်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ကို ဒီကနေ့ (ဖေဖော်ဝါရီ ၁) မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းမှု ၅နှစ်ပြည့်အဖြစ်ဆန္ဒပြ

ဖေဖော်ဝါရီ ၁၊၂၀၂၆။ သုည/People’s Spring

တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်တဲ့ ကချင်ပြည်နယ် ဖားကန့်မြို့မှာ စစ်တပ်အာဏာသိမ်းမှု ၅ နှစ်ပြည့်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ကို ဒီကနေ့ (ဖေဖော်ဝါရီ ၁) မှာ ပြုလုပ်ခဲ့ပါတယ်။

ဖားကန့်မြို့နယ်မှာ လက်နက်ကြီးပစ်ခတ်သံ​တွေကြားကပဲ ဖားကန့်​မှော်လှည်သပိတ် ၊ဖားကန့်ပင်မသပိတ် အဖွဲ့ဝင်​တွေနဲ့ ​ဒေသခံပြည်သူတွေက လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်း ဆန့်ကျင်ရေး နဲ့ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဖားကန့်ပြည်သူတွေဟာ “မြစ်ဆုံစီမံကိန်း အလိုမရှိ၊ မြစ်ဆုံစီမံကိန်း ချက်ချင်းရပ်”၊ “ဖားကန့်က တော်လှန်ဆဲ ပုန်ကန်ဆဲ” ၊ “ပြည်သူသာအဓိက ဘယ်အာဏာရှင်စနစ်မှအလိုမရှိ” ၊ “စစ်အာဏာသိမ်းမှု့ လုံးဝအလိုမရှိ”၊ “အကြမ်းဖက်စစ်တပ် ဖြုတ်ချဖို့ ပြည်သူအားလုံးပါဝင်စို့”၊ “နွေဦးတော်လှန်ရေး အောင်မြင်ဖို့ ပြည်သူအားလုံးပူးပေါင်းပါဝင်စို့” စတဲ့ စာတန်းတွေ ကိုင်ဆောင်ဆန္ဒပြခဲ့ပါတယ်။

ဒါ့အပြင် တရုတ်အစိုးရရဲ့ အားပေး ကူညီထောက်ခံမှုနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကျင်းပနေတဲ့ ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဒါ့အပြင် ဆန္ဒပြပွဲမှာ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်(NLD)မှ ၂၀၂၀​ရွေး​ကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ဟိန်းမင်းကသပိတ်အဖွဲ့ဝင်တွေကိုကျေးဇူးတင်ကြောင်းနဲ့အားပေးစကားပြောကြားခဲ့ပါတယ်

ဓာတ်ပုံ – ဖားကန့်​မှော်လှည့်သပိတ်

ဆက်စပ်သတင်းများ