Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်း ငါးနှစ်အတွင်း မြန်မာပြည်သူတွေ ဆိုးရွားမှုတွေနဲ့ရင်ဆိုင်နေရဆဲလို့ ဗြိတိန် နဲ့ ဉရောပသမဂ္ဂ ပြော

စစ်တပ်အာဏာသိမ်းထားတဲ့ ငါးနှစ်တာကာလအတွင်း မြန်မာပြည်သူတွေဟာ ပြင်းထန်ဆိုးရွားတဲ့အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်သလို မြန်မာစစ်တပ် က ကျင်းပတဲ့ ရွေးကောက်ပွဲကလည်း လွတ်လပ်တရားမျှတမှုမရှိဘူးလို့ ဗြိတိန်နဲ့ ဉရောပ သမဂ္ဂတို့က သဘောထား ထုတ်ပြန်ကြေညာပါတယ်။

ဖေဖော်ဝါရီ – ၁ ၊၂၀၂၆ /People’s Spring

စစ်တပ်အာဏာသိမ်းထားတဲ့ ငါးနှစ်တာကာလအတွင်း မြန်မာပြည်သူတွေဟာ ပြင်းထန်ဆိုးရွားတဲ့အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်သလို မြန်မာစစ်တပ် က ကျင်းပတဲ့ ရွေးကောက်ပွဲကလည်း လွတ်လပ်တရားမျှတမှုမရှိဘူးလို့ ဗြိတိန်နဲ့ ဉရောပ သမဂ္ဂတို့က သဘောထား ထုတ်ပြန်ကြေညာပါတယ်။

ဒီနေ့ မှာကျရောက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မြန်မာစစ်တပ်တကျော့ပြန်အာဏာသိမ်းတာ ငါးနှစ်ရှိပြီဖြစ်ပြီး အာဏာသိမ်းကာလအတွင်းမြန်မာနိုင်ငံရဲ့အခြေအနေ ကို ဗြတိန်နဲ့ ဉရောပ သမဂ္ဂ တို့က သဘောထားထုတ်ပြန်ချက်တွေ အသီးသီး ထုတ်ပြန်လာကြတာပါ။

မြန်မာစစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီ အရပ်သားအစိုးရကို ဖြုတ်ချလိုက်ပြီး ပြည်သူ့တွေ ရဲ့ ဆန္ဒနဲ့ နိုင်ငံရေး လွတ်လပ်ခွင့်တွေကို ဉပေက္ခာပြု ဖျက်ဆီးခဲ့တယ်လို့ ဗြိတိန်အစိုးရက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာစစ်တပ်အနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကိုရပ်တန့်ဖို့ ၊ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အတားအဆီးမရှိ ဝင်ခွင့်ပြုဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ ၊ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီအပြောင်းအလဲ တစ်ရပ် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ဖို့ဆိုရင် စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ ဗြိတိန်က တောင်းဆိုထားပါတယ်။

တဆက်တည်းမှာပဲ မကြာသေးခင်က မြန်မာစစ်တပ် က ကျင်းပတဲ့ ရွေးကောက်ပွဲကလည်း လွတ်လပ် တရားမျှတမှုမရှိဘူးလို့ ဗြိတိန်အစိုးရက သဘောထားပေးပါတယ်။ ဗြိတိန်အစိုးရဟာ မြန်မာပြည်သူတွေနဲ့အတူ အမြဲ ရပ်တည်သွားမယ်လို့လည်း ထပ်လောင်းကတိပြု ပါတယ်။

အလားတူပါပဲ ဉ​ရာပသမဂ္ဂကလည်း ကြေညာချက်ထုတ်ရာမှာ မြန်မာစစ်တပ်အာဏာသိမ်းထားတဲ့ငါးနှစ်တာကာလအတွင်း မြန်မာနိုင်ငံဟာ ပဋိပက္ခတွေကို ရင်ဆိုင်နေရဆဲဖြစ်ပြီး အကျိုးဆက်အနေနဲ့ သန်းပေါင်းများစွာသောပြည်သူတွေဟာ ဆင်းရဲဒုက္ခ ကြုံတွေ့ခံစားနေရတယ်လို့ ဆိုထားပါတယ်။

မြန်မာစစ်တပ်အနေနဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ ၊ လူ့အခွင့်အရေး ကိုလေးစားဖို့ ၊ မြန်မာနိုင်ငံရေးမှာ ပါဝင်ပတ်သက်သူတွေအားလုံးပါဝင်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ် တရပ်ပေါ်ပေါက်လာရေးအတွက် ဆောင်ရွက်ကြဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပိတ်ဆို့ တားဆီးမှုမရှိ ဝင်ရောက်ခွင့်ရရေးကို ဉရောပ သမဂ္ဂက တောင်းဆိုပါတယ်။

တဖက်မှာလည်း မြန်မာစစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို အနီးကပ်စောင့်ကြည့်ခဲ့တာကြောင့် ရွေးကောက်ပွဲမှာ မဖြစ်မနေလိုအပ်တဲ့ လွတ်လပ်မှု ၊တရားမျှတမှု ဆိုတဲ့အခြေခံအချက်တွေ မပြည့်မီခဲ့ဘူးလို့ ဉရောပသမဂ္ဂက ထောက်ပြထားပါတယ်။

ဒါကြောင့် မြန်မာစစ်တပ်ရဲ့ရွေးကောက်ပွဲဟာ ယုံကြည်စိတ်ချရပြီးပွင့်လင်းမြင်သာတဲ့ရွေးကောက်ပွဲမဟုတ်ဘူးလို့ မှတ်ချက်ပြုပါတယ်။

ဉရောပသမဂ္ဂရဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံဟာ လူဦးရေ ၁၆ သန်းကျော်က အရေးပေါ် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေလိုအပ်နေပြီး ပြည်တွင်းမှာလည်း ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာရသူဦးရေက ၃ ဒဿမ ၆ သန်းကျော်ရှိနေပြီလို့ သိရပါတယ်။

ဆက်စပ်သတင်းများ